Saturday 1 October 2011

ဗမာလူမျိုးကြီးဝါဒီနှင့် သမိုင်းအစဉ်အလာများ-- အသျှင်ကောဝိဒ

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom




Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Saturday, November 27, 2010


ဗမာလူမျိုးကြီးဝါဒီနှင့် သမိုင်းအစဉ်အလာများ

ဗမာလူမျိုးကြီးဝါဒီနှင့် သမိုင်းအစဉ်အလာများ

Arakanese Demand Decolonization at UN Office in New York

Monday, January 3, 2011



Dhaka: Around 30 Arakanese gathered to stage a protest in front of the UN building in New York, USA, on the anniversary of the fall of Arakanese sovereignty on 31 December, 2010, demanding that their land be decolonized by Burma. 
Free-Arakan-in-New-York
Ko Hla Htay, who is an organizer of the event, said, "Arakan was a sovereign country until 1784, when the Burmese king invaded. Since then, our people have fallen in one colony after another. Even though Burma regained independence in 1948, our land is still a colony under Burmese rulers. Our people call it a hidden colony. Because of this, we came to in front of the UN building to demand decolonization of our land." Replying to Narinjara's question about why they claim Arakan is a colony, he said, "We have no right to learn our own literature or history, nor any rights to preserve our cultural heritage ourselves. We have neither human rights nor nationality under the current military government, There is no self-determination for our people despite that we have our own land and our own nationality. The facts are enough to tell that the state of Arakan is now a colony in Burma."

အောင်ဆန်းစုကြည် အိမ်ပြန်ရမှာ ခက်နေတယ်။

အောင်ဆန်းစုကြည် အိမ်ပြန်ရမှာ ခက်နေတယ်။
ဆလိုင်းမာန်

ခင်ဗျား လူအားလုံးထက် ကံကောင်းနေပါသေးတယ်။
ခင်ဗျားကို နိုဘယ်လ်ဆုပေးခဲ့တာ
မှားပြီလို့ ဘယ်သူမှတော့မပြောပါဘူး။
ပြောရင် ပြောတဲ့သူအမှားဖြစ်မယ်။

မဟာလူမျိုးကြီးဝါဒကို ချဉ်းကပ်ကြည့်ခြင်း

ခိုင်လင်း (မေဃ၀တီ)

မဟာလူမျိုးကြီးဝါဒဆိုတာ မြန်မာတွေဟာ မြင့်မြတ်တယ်လို့ ကျနော့်ရဲ့ ဆောင်းပါးမှာ လုံးဝ (လုံးဝ) မသုံးပါ ။ တချို့ကလည်း မြင့်မြတ်ခြင်းလို့  နားလည်သွား တတ်သလို ရှမ်း နဲ့  မြန်မာ တွေ့ တဲ့အခါ မြန်မာက ရှမ်းကို ငါက နံပါတ်တစ်ဖြစ်တယ် မြင့်မြတ်တယ် မဟာ လူမျိုးကြီး ဖြစ်တယ်ဆိုတဲ့ ပုံစံ မျိုးကို မဆိုလိုဘူး။ လူထုထဲမှာ ရှမ်း၊ ရခိုင်၊ မြန်မာ တခရီးထဲ သွားနိုင်ခြင်းတွေကို ထောက်ပြကြသလို အဲဒီလူတွေနဲ့  တန်းတူ ပူးပေါင်း နေထိုင်ခြင်းတွေ ကိုလည်း ထောက်ပြ ကြပါတယ် ။ အဲဒီလို နိုင်ငံရေးနယ်နဲ့  ကင်းကွာတဲ့ အမြင်တွေ ရှိခြင်းဟာ မဟာ လူမျိုးကြီးဝါဒရဲ့ အောင်မြင်မှု တရပ်လည်း ဖြစ်တယ်။ ဒီဆောင်းပါးဟာလည်း အခန်းဆက်ရေးရန် မရည်ရွယ်သော်လည်း မဟာ လူမျိုးကြီးဝါဒ အပေါ် ထိတွေ့  ဖူးသလောက် ပြောကြ ဆိုကြ ရေးကြ ဆွေးနွေးကြ တာတွေကို ကြားသိ လာရတဲ့အခါ မဟာ လူမျိုးကြီးဝါဒရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းပြရန် လိုအပ်လာတယ် ။ တချို့ကလည်း မဟာ လူမျိုးကြီးဝါဒ ဆိုတာနဲ့  ဆောင်းပါးကို မဖတ်တော့ဘူး တခါတည်း ကုန်းဆဲတာကို တွေ့ ရတယ်။ ဒါကလည်း ဖြစ်တတ်ပါတယ်။

Thursday 16 June 2011

စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် ဖြစ်ပေါ်လာရေး

 ဗုဒ္ဓဟူး, 15 ဇွန် 2011
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ မြန်မာနိုင်ငံမှာ ethnic nationalism လို့ခေါ်တဲ့ တိုင်းရင်းသားအသီးသီးတို့ရဲ့  အမျိုးသားစိတ်ဓါတ်မှသည် တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ဘာတွေလုပ်သင့်သလဲ။ ဘယ်လောက်အလားအလာ ရှိပါသလဲဆိုတဲ့ အကြောင်းအရာများကို မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရှင်တန်ဒီစီ Georgetown University ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

Wednesday 15 June 2011

မြန်မာအစိုးရမှ KIA အား တိုက်ခိုက်ခြင်းပေါ် ပြည်ပရောက်ကချင်များ ဆန့်ကျင်


ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ကာကွယ်ရန်ထားရှိသော တပ်မတော်ကြီးသည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား လက်ရမ်းတိုက်ခိုက်နေမှုပေါ် ပြည်ပရောက် ကချင်အမျိုးသားများမှ လုံးဝ ကန့်ကွက်ဆန့်ကျင်ကြောင်း အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

Tuesday 14 June 2011

ကြည်ညိုမဆုံး ရွှေတိဂုံနှင့် ပရပထုံ

 မူရင်း link

ကြည်ညိုမဆုံး ရွှေတိဂုံနှင့် ပရပထုံ
June 30th, 2010
မင်းရဌ။  ။ရှေးဟောင်းကမ္ပည်းကျောက်စာများသည် ရာဇဝင်နှင့် ဘာသာစာပေ သမိုင်းစဉ်တို့၏ သက်သေသာဓကများ ဖြစ်သဖြင့် ကျောက်စာကို သင်ကြားခြင်းသည် ရှေးဟောင်း စာပေ ယဉ်ကျေးမှု သုသေသနပြုခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်ကြီးများတွင် လွန်ခဲ့သော နှစ်ပေါင်း (၁၅ဝ) ကျော်ခန့်မှ စပြီး ရှေးဟောင်းသုတေသနပညာဖြင့် ရှေးဟောင်း လူမျိုးစုတို့၏ စာပေယဉ်ကျေးမှု အကြောင်းများကို စူးစမ်းလေ့လာခဲ့ကြသည်။ ၄င်းပညာကို (Archaeology) ဟု ခေါ်သည်။

မမြင်ရတဲ့ ရှမ်းပြည်

ရှမ်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဗမာစစ်အစိုးရက နည်းမျိုးစုံသုံးပြီး ဖျောက်ဖျက်နေပုံကိုရှမ်းအမျိုးသမီး ကွန်ယက်က ၂၀၀၉ နိုဝင်ဘာမှာ စာမျက်နှာ (၃၀) ကျော် စာတမ်းတစ်စောင်ထုတ်ဝေလိုက်ပါတယ်။ Forbidden Glimpses of Shan State လို့မည်ပေးထားတဲ့အတွက် “မမြင်ရတဲ့ရှမ်းပြည်” လို့ပဲခေါ်ရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆို တော့ ရှမ်းယဉ်ကျေးမှုအမွေအနှစ်ကို ရှမ်းပြည်မှာမမြင်နိုင်တော့လို့ပါပဲ။ ဗမာလူမျိုးကြီးဝါဒကြီးစိုးပုံနဲ့ ရှမ်းယဉ်ကျေးမှု ဖိနှိပ်ခံရပုံကို ရှမ်းအမျိုးသမီးကွန်ယက်က မှတ်တမ်းတင်ထားပါတယ်။

လိုင်းခါ့ (လဲချား) ဟော်နန်း Photo: SWAN

Tuesday 7 June 2011

ရခိုင်နိုင်ငံတော်မှ ဘုရား ရခိုင်နိုင်ငံတော်တွင် ရှိသင့်

E-mail Print
မကြာသေးခင်က တူးဖော်ရရှိခဲ့သော ရခိုင် ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော်များအား မြန်မာအစိုးရသစ်က နေပြည်တော်သို့ သယ်ယူမည့် အစီအစဉ်ကို တားဆီးလိုက်နိုင်သည့်အတွက် ရခိုင်လူထုက ဝမ်းမြောက်ပီတိ ဖြစ်နေကြောင်း သိရသည်။

Maha_Muni_Buddha
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ပြည်မှ အမရပူရသို့ သယ်ဆောင်သွားခဲ့ပြီး ယခုအခါ မန္တလေး ချမ်းမြသာစည်ရပ်တွင် စံနေတော်မူသော မဟာမုနိရုပ်ရှင်တော်
ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ရွှေဆင်းတုတော် တဆူနှင့်အတူ ဆင်းတုတော်ပေါင်း ၃၇ ဆူအား မေလ ၃၀ ရက်နေ့က တူးဖော်တွေ့ရှိခဲ့သည်။

Saturday 4 June 2011

ပြည်ထောင်စု အတုအယောင်နှင့် ပြည်တွင်းစစ်သစ်

May 9th, 2011
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာလမှ စတင်၍ မိမိတို့၏ အမျိုးသားအခွင့်အရေးအတွက် တိုင်းရင်းသားများမှာ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တိုက်ပွဲ၊ ပြည်တွင်းတိုက်ပွဲ နည်းလမ်းမျိုးစုံနှင့် တိုက်ပွဲဝင်ခဲ့သည်။

ဦးသိန်းစိန်အစိုးရ၏လမ်းစဉ်သည် မဟာဗမာလူမျိုးကြီးဝါဒ ဖော်ဆောင်ခြင်းသာဖြစ်

E-mail Print PDF
ယခုအပတ် မြန်မာအစိုးရ၏ မေရိကန်နှင့် တရုတ် အထက်တန်းအရာရှိများအား လက်ခံတွေ့ဆုံခြင်းသည် တိုင်းရင်းသား နိုင်ငံရေးရပိုင်ခွင့်အပြည့်ရှိသည့် ဒီမိုကရေအပြောင်းအလဲအတွက် မဟုတ်ဘဲ မူရင်း "မဟာဗမာလူမျိုးကြီး ၀ါဒ" အား ဖော်ဆောင်ခြင်းသာဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးသုံးသပ်သူများ ပြောသည်။

Sunday 29 May 2011

စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေး - ဗမာလူမျိုးစု ဘာတွေလုပ်သင့်

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေနဲ့ ထပ်တူထပ်မျှ အရေးကြီးတဲ့ ပြဿနာ တရပ်ဟာ တိုင်းရင်းသားလူမျိုးစုများ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာရဲ့  အခြေခံဟာ ဖဒရယ် လို့ခေါ်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေး၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့် self-determination ရရှိရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စ ဘာကြောင့် မပြေမလည် ဖြစ်နေရတာလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ Josef Silverstein နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးတင်ပြထားပါတယ်။

မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလား

(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို မောင်းနှင်မယ့် အစိုးရသစ်ကတော့ အာဏာကို လွှဲပြောင်းယူလိုက်ပြီ။ ဒီဖွဲ့စည်းပုံဟာ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူပြီး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ငြင်းဆန် ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံကို ခေတ်သစ်မြန်မာ နိုင်ငံအဖြစ် သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မတိုင်ခင်က မွန်၊ ရခိုင်၊ မြန်မာ (ဗမာ) စတဲ့ အမျိုးသားတွေရဲ့ သီးခြားနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းတွေနဲ့ ကွဲပြားချင်လို့ ဖြစ်တယ်။ ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ တည်ရှိခဲ့တဲ့ ပေါ်ပေါက်ခဲ့ဖူးတဲ့ (၁၉၄၇)၊ (၁၉၇၄)၊ (၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့ အမျိုးသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လိမ္မာပါးနပ်စွာနဲ့ ရိုက်ချိုးခဲ့သလို တဖက်မှာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံခဲ့တယ်။

တိုင်းရင်းသားသတင်းများသုံးသပ်ချက်အကျဉ်းချုပ်

(က)ဗမာပြည်မှာအစိုးရသစ်အမည်ခံအာဏာရှင်ဟောင်းများ၏လက်လဲပခုံးပြောင်းစစ်ဗိုလ်လူထွက်နဲ.လူမထွက်လွှမ်းမိုးထားသည့်ပါလီမာန်ပေါ်လာသော်လည်းတိုင်းရင်းသားလူမျိုးများသုတ်သင်ရှင်းလင်းရေးပေါ်လစီကလုံးဝပြောင်းလဲမှုမရှိဟုလေ့လာရသည်၊

ကျနော် ခွဲထွက်ရေးသမား




မျက်မှောက် မြန်မာ့နိုင်ငံရေး ပြဿနာတွင် ခွဲထွက်ရေးပြဿနာသည် အဓိကအချက်အနေဖြင့် ပါဝင် နေသည်။ တချို့က ခွဲထွက်ခြင်း၏ အကျိုးအပြစ်များကို စနစ်တကျ ခွဲခြမ်းစိပ်ဖြာပြီးမှ ခွဲ မထွက်သင့်ဟု ယူဆသူများလည်း ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲမထွက်သင့်ဟု အမြင်ရှိကြသည်။

Thursday 26 May 2011

တရုတ်နိုင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်လာမယ့် မြန်မာနိုင်ငံ


သမ္မတ အသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတ ဖြစ်ပြီး ပထမဦးဆုံး နိုင်ငံတော် အလည်အပတ် ခရီးအနေဖြင့် တရုတ် နိုင်ငံသို့ မကြာခင် သွားရောက် လည်ပတ်လိမ့်မည်ဟု သိရှိရ၍ အတိတ် ပစ္စုပ္ပန် ရရှိထားသော သတင်းများအပေါ် အခြေခံ၍ အနာဂတ် ဖြစ်လာနိုင်သော အခြေအနေများကို မိမိ၏ ထောက်လှမ်းရေး အတွေ့အကြုံများအရ ထောက်လှမ်းရေး မှန်းခြေ အစီရင်ခံစာ တစောင် ရေးသားတင်ပြအပ်ပါသည်။

Wednesday 25 May 2011

ဗမာ (မြန်မာ)တွေ ရဲ့ကိုယ်တွင်းမှ မကောင်းဆိုးဝါးများ

 မူရင်း link.....
Tuesday, 10 November 2009 16:15 ဒေါက်တာ ဇာနည်
အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘ၀မှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၄)

ရခိုင်စာပေအရသာ

အပိုဒ်(က)

ရကန်သုံးပုဒ်

၁။ သိန်ကန်မိန်တွင် ဆယ့်နှစ်ခွင်ကို လွမ်းပင်စည်မြင့် ကြာရှည်တာအကူး တပေါင်း မင်းလွင်

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၃)

အခန်း(၄)

ရခိုင်ယဉ်ကျေးမှု

ပထမ ဓည၀တီမြို့တည် မာရယုမင်းမှ အစပြု၍ ရခိုင်ယဉ်ကျေးမှု ထွန်းကား လာသည် ဟုဆိုကြသည်။ နတ်ကိုးကွယ်မှုကို အခြေခံသော ဟိန္ဒု ယဉ်ကျေးမှုသည် ရခိုင် ပြည်၌ ထွန်းကားခဲ့သည်။ ဟိန္ဒုယဉ်ကျေးမှုနှင့် အတူ မြောက်ပိုင်း ဗြာဟ္မီအက္ခရာ စာပေ အရေး အသား လည်း ထွန်းကားလာသည်။ ထို့ပြင် ဗြာဟ္မီအက္ခရာမှ မရမာစာ (မရမာဘာသာ) သို့မဟုတ် ရခိုင်စာ အရေးအသားကို ထီထွင် နိုင်ခဲ့ကြသည်။

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၂)

ဝေသာလီခေတ် ဗမာ ရှမ်း နှင့် မွန်တလိုင်း

ရခိုင်ပြည်ကို ဝေသာလီခေတ်တွင် ၀င်ရောက် တိုက်ခိုက်သူများမှာ မြိုမင်းကြီး အမြတူ လက်ထက် ပုပ္ပါးပုဂံပြည်ရှင် ရွှေမောက်တော် အမည်ရှိ ပျူမင်း ဖြစ်သည်။

Tuesday 24 May 2011

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၁)

လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက အပြစ်တင် ဝေဖန်ရေးသားခြင်း မလုပ်အပ်ပေ။ ထိုထက် အတူတကွ နေထိုင်ကြသောအခါ တဦးကိုတဦး အပြစ်အနာရှာ၍ အားနဲချက်ကို ဝေဖန်ခြင်းမှာ သာ၍မလုပ်အပ်ပေ။ ဒေါသသင့်သော ဤစာကို အဘယ်ကြေင့် ရေးရသနည်း ဟူမူ ဗမာတို့က တိုင်းရင်းသား ညီအကိုတွေပါဟု သတ်မှတ်ခံရသော လူမျိုးတို့မှာ ဗမာနှင့် ပူးပေါင်းခြင်း အားဖြင့် အမြတ်မရ သည်သာမက အရင်းပါ ပြုတ်ရမည့် အခြေသို့ ဆိုက်သည့် လူမျိုးက ဆိုက်နေကြ လေပြီ။ လက်နက်ကိုင် လမ်းစဉ် ဖြင့်လည်း နယ်မြေကို ထိမ်းမထားနိုင် နိုင်ငံရေး အရလည်း စစ်မှန်သော စေ့စပ် ဆွေးနွေးရေးကို မလုပ်နိုင် ပတ်ဝန်းကျင် နိုင်ငံများက လည်း အာဏာရ လူတန်းစားနှင့် အလိုတူ အလိုပါ ကိုယ်ကျိုးရှာ စီးပွားရေး စစ်ရေး နိုင်ငံရေး ပေါ်လစီ များကို ချမှတ် ကျင့်သုံး လာကြသော အခါ အရေခွံထူ နိုင်ငံရေး သမား များမှအပ အမျိုးသား သစ္စာဖေါက် အောက်ကျု့ခံ နိုင်ငံရေး အုပ်စုမှာ ဗမာအာဏာရှင် တို့နှင့်ပေါင်းပြီး ကိုယ့်လူမျိုးကို ကိုယ် နှိပ်စက်ကလူ ပြုကြပြန်လေသည်။ ထိုထက်မက ကိုယ့် အမျိုးသား၏ ဘာသာရေး လူမှုရေး နိုင်ငံရေး ယဉ်ကျေးမှု အနုပညာ တို့ကို နည်းပေးလမ်းပြ ပြုကာ အကြံပေး ဖျက်ဆီး၍ အာဏာရှင် တို့အလိုကျ နည်းပေးလမ်းပြ ပြုလုပ်ကြ လေသည်။ ထို့ကြောင့် အမှန်တရားတို့ ကွယ်ပျောက်၍ ဗမာ အာဏာရှင်တို့၏ လိမ်ညာမှု အောက်တွင် နစ်မွန်း ရောထွေး ယှက်တင် ဖြစ်မည်ကို စိုး၍၄င်း ဗမာတို့၏ လိမ်ညာလွန်းသော ၀ါဒသည် တနေ့အမှန် ဖြစ်သွား မည်ကို စိုးရိမ်၍၄င်း ရှမ်းသည်ရှမ်း ရခိုင်သည်ရခိုင် ဗမာသည် ဗမာသာ ဖြစ်သင့်ပြီး သူ့ ယဉ်ကျေးမှုနှင့်သူ ရန်မဖြစ် ခိုက်မဖြစ် တဦးကိုတဦး စိတ်မနာ ကြရလေရန် အတတ်နိုင်ဆုံး အဖြစ်မှန်များကို ပြည်သူအများ သိစေလို၍ ရေးသားရခြင်းဖြစ်သည်။