Tuesday 24 May 2011

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၁)

လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက အပြစ်တင် ဝေဖန်ရေးသားခြင်း မလုပ်အပ်ပေ။ ထိုထက် အတူတကွ နေထိုင်ကြသောအခါ တဦးကိုတဦး အပြစ်အနာရှာ၍ အားနဲချက်ကို ဝေဖန်ခြင်းမှာ သာ၍မလုပ်အပ်ပေ။ ဒေါသသင့်သော ဤစာကို အဘယ်ကြေင့် ရေးရသနည်း ဟူမူ ဗမာတို့က တိုင်းရင်းသား ညီအကိုတွေပါဟု သတ်မှတ်ခံရသော လူမျိုးတို့မှာ ဗမာနှင့် ပူးပေါင်းခြင်း အားဖြင့် အမြတ်မရ သည်သာမက အရင်းပါ ပြုတ်ရမည့် အခြေသို့ ဆိုက်သည့် လူမျိုးက ဆိုက်နေကြ လေပြီ။ လက်နက်ကိုင် လမ်းစဉ် ဖြင့်လည်း နယ်မြေကို ထိမ်းမထားနိုင် နိုင်ငံရေး အရလည်း စစ်မှန်သော စေ့စပ် ဆွေးနွေးရေးကို မလုပ်နိုင် ပတ်ဝန်းကျင် နိုင်ငံများက လည်း အာဏာရ လူတန်းစားနှင့် အလိုတူ အလိုပါ ကိုယ်ကျိုးရှာ စီးပွားရေး စစ်ရေး နိုင်ငံရေး ပေါ်လစီ များကို ချမှတ် ကျင့်သုံး လာကြသော အခါ အရေခွံထူ နိုင်ငံရေး သမား များမှအပ အမျိုးသား သစ္စာဖေါက် အောက်ကျု့ခံ နိုင်ငံရေး အုပ်စုမှာ ဗမာအာဏာရှင် တို့နှင့်ပေါင်းပြီး ကိုယ့်လူမျိုးကို ကိုယ် နှိပ်စက်ကလူ ပြုကြပြန်လေသည်။ ထိုထက်မက ကိုယ့် အမျိုးသား၏ ဘာသာရေး လူမှုရေး နိုင်ငံရေး ယဉ်ကျေးမှု အနုပညာ တို့ကို နည်းပေးလမ်းပြ ပြုကာ အကြံပေး ဖျက်ဆီး၍ အာဏာရှင် တို့အလိုကျ နည်းပေးလမ်းပြ ပြုလုပ်ကြ လေသည်။ ထို့ကြောင့် အမှန်တရားတို့ ကွယ်ပျောက်၍ ဗမာ အာဏာရှင်တို့၏ လိမ်ညာမှု အောက်တွင် နစ်မွန်း ရောထွေး ယှက်တင် ဖြစ်မည်ကို စိုး၍၄င်း ဗမာတို့၏ လိမ်ညာလွန်းသော ၀ါဒသည် တနေ့အမှန် ဖြစ်သွား မည်ကို စိုးရိမ်၍၄င်း ရှမ်းသည်ရှမ်း ရခိုင်သည်ရခိုင် ဗမာသည် ဗမာသာ ဖြစ်သင့်ပြီး သူ့ ယဉ်ကျေးမှုနှင့်သူ ရန်မဖြစ် ခိုက်မဖြစ် တဦးကိုတဦး စိတ်မနာ ကြရလေရန် အတတ်နိုင်ဆုံး အဖြစ်မှန်များကို ပြည်သူအများ သိစေလို၍ ရေးသားရခြင်းဖြစ်သည်။

ဗမာ၏နိုင်ငံရေးပရိယာယ်

၁၉၄၈ ခု လွပ်လပ် ရေးမရမှီက ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးမှု အောက်တွင် တိုင်းရင်းသား ခေါင်းဆောင်များ စုစည်း ညီညွတ်လျက် ဗမာ တကျပ် ရှမ်း တကျပ် မူဖြင့် အေးအတူ ပူအမျှ တစုတ၀န်းတည်း နေထိုင်ကြရန် သဘောတူညီ ခဲ့ကြသည်။ ဗိုလ်ချုပ် ကျဆုံးပြီးနောက် ဦးနု ၀န်ကြီးချုပ်ဖြစ်လာ သောအခါ ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင် များ ချုပ်ဆိုထားသော ပင်လုံ သဘောတူညီချက် စာချုပ်ကို စက္ကူစုတ်သဖွယ် သဘောထား ကါ ဗမာတယောက်နှင့် တိုင်းရင်းသားတို့၏ ချုပ်ဆို ရရှိခဲ့သော သဘောတူ ညီချက်သည် နောက်တယောက် ဗမာအာဏာ ရလာသောအခါ အလိုအလျှောက် ပျက်ပျယ် သွားခဲ့လေ သည်။ ထို့ကြောင့် ဦးနုသည် တိုင်းရင်းသား ခေါင်းဆောင်တို့ကို အစိုးရ၏ အရေးပါသော နေရာများမှ စနစ်တကျ ဖယ်ရှားပစ်ခဲ့လေသည်။ တိုင်းရင်းသား ခေါင်းဆောင်တို့က ဖက်ဒရယ် စနစ်ကို ကျင့်သုံးရန် ပြောလာသော အခါ ဦးနုသည် ပြည်ထောင်စု အာဏာကို ပါးနပ်စွာ ဦးနေ၀င်း အားအပ်၍ ပြည်ပကို ထွက်ခွာပြီး နောက်မှလည်း တိုင်းရင်းသားတို့ အပေါ် သပ်ချို သွေးခွဲ အကျပ်ကိုင် မက်လုံးပေး စသည့် နည်းမျိုးစုံနှင့် ဖျက်ဆီးခဲ့လေသည်။ အိန္ဒိယ နိုင်ငံရောက် ဦးနုသည် ဦးသုမနခေါ် သီရိ(ခေါင်းချုပ်ဘုန်းကြီး)ကို ရူပီးငွေ သုံးသိန်းပေး၍ ဘင်္ဂလားဒေသ တောင်တန်းနယ်တွင် ရခိုင်တော်လှန်ရေး သမားများ မခိုကပ် နိုင်အောင် မရမာ နှင့် ရခိုင် သည်လူမျိုး နှစ်မျိုးဖြစ်သည်။ မရမာသည် မြန်မာဖြစ်၍ ပဲခူးမှလာသည်။ မြန်မာသည် ဗမာဖြစ်သည်။ ရခိုင်သည် ရခိုင်သာဖြစ်၍ မရမာသည် မြန်မာ ဗမာဖြစ်ပြီး ဘုရင့်နောင် မျိုးနွယ်မှ ဆင်းသက်လာသည်ဟူ၍ သွေးခွဲသည့် အစီအစဉ်ကို စနစ်တကျ လုပ်ဆောင် ခဲ့လေသည်။ ထို့ကြောင့် ရခိုင်နှင့်မရမာ လူမျိုးနှစ်မျိုး ကွဲကါ ရခိုင် လူ့အဖွဲ့ အစည်း၏ စည်းလုံးမှုကို မတည်ဆောက်နိုင်ဘဲ အငြင်းပွားမှု အမျိုးမျိုး ဖြစ်နေကြ ရသည်မှာ သာဓက တခုပင် ဖြစ်ပါသည်။
ဗမာပြည်လွပ်လပ်ရေးဇာတာ

၁၉၄၈ ခု ဇန္န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့ အာရုဏ်တက် ၄ နာရီ ၂၀ မိနစ် အချိန် တွင်ယူထားသော ဗမာပြည် လွပ်လပ်ရေးဇာတာ

၁။ တနင်္ဂနွေဂြိုလ် ဓနုရာသီ ၁၉ အံသာ ၂၆ လိတ္တာ
၂။ တနင်္လာဂြိုလ် (စန်း) ကန်ရာသီ ၂၄ အံသာ ၅၀ လိတ္တာ
၃။ အင်္ဂါဂြိုလ် သိန်ရာသီ ၁၄ အံသာ ၂၇ လိတ္တာ
၎။ ဗုဒ္ဓဟူးဂြိုလ် ဓနုရာသီ ၁၉ အံသာ ၃၈ လိတ္တာ
၅။ ကြာသပတေးဂြိုလ် ဗြိစ္ဆာရာသီ ၂၂ အံသာ ၄၅ လိတ္တာ
၆။ သောံကြာဂြိုလ် မဂါရရာသီ ၁၉ အံသာ ၃၀ လိတ္တာ
၇။ စနေဂြိုလ် ကြဌ်ရာသီ ၂၈ အံသာ ၄၇ လိတ္တာ
၈။ ရာဟုဂြိုလ် မိသရာသီ ၂၇ အံသာ ၃၇ လိတ္တာ
၉။ ကိတ်ဂြိုလ် တူရာသီ ၂၇ အံသာ ၃၇ လိတ္တာ
၁၀။ လင်္ဂ ဗြိစ္ဆာရာသီ ၁၇ အံသာ ၄၁ လိတ္တာ
ဤဇာတာအရ ဦးနုသည် ဗမာတို့ အမြဲတမ်း အာဏာရရှိရန် ဖန်တီးထားခဲ့သော ဗြိစ္ဆာလင်္ဂ ကန်စန်း ရာဟုထီးဆောင်း မင်းလောင်းဇာတာဖြင့် တိုင်းရင်းသားတို့ အပေါ် လှည့်စား၍ ဗမာနိုင် လွပ်လပ်ရေးကို ယူပေးခဲ့သည်။ ထို့ပြင် ဤဇာတာသည် တိုင်းရင်းသား အားလုံး တိုးတက်မှုကို ရှေးမရှုဘဲ ဗမာသည် ဘုရင်လုပ်၍ တိုင်းရင်းသား တို့ကို မယားလုပ်ကာ ဗမာ အောက်မှ တခြားလူမျိုးများ နေရရန် ကြံရွယ်ချက်ဖြင့် ဦးနုနှင့် အပေါင်းပါတစုတို့ ယူထားသော လွပ်လပ်ရေး ဇာတာဖြစ်သည်။ (ဗိုလ်ချုပ်အောင်ဆန်း၏ လွပ်လပ်ရေး ဇာတာ၊ လွတ်တော် မှ ကြေငြာမည့် လွပ်လပ်ရေးဇာတာ၊ ဦးနု၏ လွပ်လပ်ရေး ဇာတာ ဟူ၍ ဗမာပြည် လွပ်လပ်ရေး ဇာတာ သုံးခုရှိသည်။)

ရေးရအုံးမည်

ဤစာအုပ်တွင်ပါသော တချို့အကြောင်းအရာ တို့မှာ ကိုးကားထားသော ကျမ်းစာတို့ မှ ထုတ်နုတ်ထားခြင်း ဖြစ်ပါသည် ထို့ပြင် မိဘ ရိုးရာ အစဉ်အဆက် ပြောခဲ့ကြသော အကြောင်းအရာ တို့ကိုလည်း တွေ့ ကြရပါမည်။ ဥပမာ ရှင်မဟာဗုဒ္ဓဃောသ အကြောင်းမျိုးပင် ဖြစ်ပါသည် ဗမာစာရေးဆရာတို့က ရှင်မဟာဗုဒ္ဓဃေါသ ကို အိန္ဒိယနိုင်ငံသား ပုဏ္ဏားမျိုး ဟု ရေးသားကြသည်။ အိန္ဒိယ နိုင်ငံသား တယောက်သည် ဗုဒ္ဓစာပေများကို မရမာဘာသာသို့ ပြန်ရေးခဲ့သည်မှာ စဉ်းစားစရာ ပင်ဖြစ်သည်။ ဤသို့ဗမာတို့၏ ရှေ့နောက်မညီသော အရေး အသားတို့ကို ဖေါ်ပြရသည်မှာ လူအများသိစေလို၍ ဖြစ်ပါသည်။
ဗန္ဓုလအကြောင်းကို ရေးရာ၌လည်း ခုနှစ် သက္ကရာဇ် နှင့် နောက်ကြောင်းရာဇ၀င် တို့မှာ သမိုင်းစာအုပ်တွင် အလွယ်တကူရှိနေရာ အပြည့်အစုံ ဖေါ်မပြဘဲ စာရေးသူ၏ သိစေချင်သည့် အချက်တို့ကိုသာ ဖေါ်ပြရေးသား ပါသည်။ နုတ်ခမ်းမွေး ကျင်စွယ်နှင့် ဘုရားကိုလည်း ထို့အ တူပင် ဖြစ်ပါသည်။ ယခု မန္တလေး သားတို့ သိမည် မဟုတ်သော်လည်း သက်ကြီးသူအိုတို့ သိကြ မည်ဖြစ်သည်။ တိုင်းရင်း အတူနေ လူမျိုးတို့အပေါ် အာဏာရ ဗမာတို့၏ နိုင်ငံရေး ကလိမ် ကျမှုမှာ ဘုရင်ခေတ် အင်္ဂလိပ်ခေတ် ဂျပန်ခေတ် ဦးနု နေ၀င်း ခေတ်မှ စောမောင် ခင်ညွန့် သန်းရွေ ခေတ်ဖြစ်သော ယနေ့တိုင်ပင်ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးတို့မှာ အာဏာရှင် ဗမာတို့၏ လိမ်ညာမှု အောက်တွင် မလူးသာ မလွန့်သာ ရှိနေရကါး ခံစားရမှု နစ်နာရမှု ဆုံးရှုံးရမှု တို့ကို ရေးသား တင်ပြသည်မှာ လွန်အံ့မထင်။ မိမိလူမျိုး အကြောင်းကို ရေးရာ၌ အတူနေ လူမျိုးတို့ အကြောင်းကိုလည်း အနဲနှင့်အများ ကိုးကား ရလေသည်။ အထူးသဖြင့် ဗမာတို့ အကြောင်းကို ရေးသည်ကို အပြစ် မမြင်စေချင်ပါ အဘယ်ကြောင့် ဆိုသော် တိုင်းရင်း လူမျိုးတို့မှာ ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်မှာ ဝေးစွ မိမိနေရင်း ဒေသတွင်ပင် မနေနိုင်သည့် အဖြစ်သို့ ရောက်နေ ကြရသော ကြောင့် ဖြစ်သည်။

အသိပညာ

ဤစာကို ရေးနေစဉ် တနေ့ မဆလခေတ် ကျောင်းဆရာတဦးက ဖတ်ကြည့်ရာ ခင်ဗျားက ဗမာလူမျိုးကို အတင်းရေးထားဒါဘဲ ဟုဝေဖန်ပါသည်။ စာရေးသူက ထားပါတော့ ခင်ဗျားကို ကျနော်တခုမေးပါရစေ။ စည်သူ မင်းခေါင် လှရွေ ကလျာဝင်း မာလာ အစ ရှိတဲ့ နာမည် တွေဟာ ဗမာနာမည်လား ရခိုင်နာမည်လား ဟုမေးရာ ထိုဆရာက ဗမာနာမည် တွေပါဟု ပြန်ဖြေပါသည်။ ထိုအခါစာရေးသူက ထွန်းရွှေခိုင်ရေး ရခိုင်ထီးဆက် နန်းဆက် သမိုင်း စာအုပ်မှ ဘီစီခေတ် ဘုရင်နှင့် မိဖုရားနာမည်တို့ကို ဖတ်ပြပါသည်။ ထို့နောက် စာရေး သူက ဗမာလူမျိုးမပေါ်မှီ ပျူလူမျိုးမပေါ်မှီ ဘီစီ ၃၃၂၅ ခုမှဘီစီ ၁၅၁၅ ထိ ပထမ ဓည၀တီ ခေတ် ကတဲက စည်သူ မင်းခေါင် လှရွှေ မင်းသီဟ စောမာလာ ကလျာဝင်း အစရှိတဲ့နာမည် တွေဟာ ရခိုင်သား စစ်စစ် နာမည်တွေပါ ဗမာဆီကယူပြီး မှည့်ထားတာ မဟုတ်ဘူး ရခိုင်ဆီက ဗမာတွေ ယူပြီး နာမည်မှည့်တာသာ ဖြစ်ကြောင်း ခင်ဗျားမယုံလျှင် အခု ဒီစာအုပ်ပါ အချက်အလက် တွေကို မယုံကြည်ဘူး ဆိုရင် ရှစ်သောင်း ဘုရားရှေ့က အာနန္ဒစန္ဒြား ကျောက်စာမှာ သွာကြည့်ပါဟု ပြောပြမှ ထိုဆရာမှာ ဟင်းဟူ၍ သက်ပြင်း ချပါသည်။
အသိပညာ ဆိုသည်မှာ စာတတ်ရုံနှင့်မပြီး ဖတ်ဖို့ မှတ်ဖို့ ရှာဖွေ သိမ်းဆည်းဖို့ ထို့နောက် ဖလှယ်ဖို့ စသည့် အချက်အလက် များကို ရနိုင်ရန်မှာ ဗမာပြည် အာဏာရှင် စနစ် အောက်၌ မဖြစ်နိုင်ပေ။ အသိပညာ အတတ်ပညာ သည်လည်း ထိုအာဏာရှင် စနစ်မှ သင်ပေး လိုက်သော အတတ်ပညာ အသိပညာ ညာဏ်သည်သာလျှင် ရှိနေရာ အမှန်တရားကို မြင်နိုင်စွမ်း မရှိကြသည်မှာ အဆန်းမဟုတ်ပေ။ ငွေနှင့်အချိန်ရှိက ဗဟုသုတကို လိုသလောက် ရှာ၍ ရသောဤခေတ်တွင် ဗမာတို့တော်သည် တတ်သည်ကို အထင်ကြီးစရာ မရှိပေ။ အဘယ်ကြောင့်ဟူမူ ဗမာသည် တကေါင်တည်း ပြိုင်မြင်းလုပ်၍ မြန်မာနိုင်ငံ၏ ဘာသာရေး လူမှုရေး နိုင်ငံရေး စီးပွားရေး စသည့် အစစ အရာရာ မှန်သမျှကို တဦးတည်း မောင်ပိုင် စီးထား သောကြောင့် ဖြစ်သည်။ ထိုထက်ဆိုးသည်မှာ ရှမ်းလူမျိုး အကြောင်း ကိုလည်း ဗမာရေး ရခိုင် အကြောင်းကိုလည်း ဗမာရေး မွန်အကြောင်းကိုလည်း ဗမာရေး စသည့် သူ့လူမျိုးဆိုင်ရာ ဘာသာဗေဒ အကြောင်းကို မလိမ့်တပါတ်ဖြင့် ဗမာတို့ လက်ဝါးကြီး အုပ်ထားခြင်း ပင်ဖြစ် သည်။

ကျေးဇူးတင်ပါသည်

ဤစာမူရေးရာ၌ အကြံပေး ညာဏ်ပေး ပြောခဲ့ကြသော မောင်ရှင်ကြီး ၀ိမလဗုဒ္ဓိ ဦးရွှေကျော်အောင် ဦးမောင်စိန်လှ ဦးမြ၀ါ ကိုရန်နောင်စိုး ရေသာဆရာတော် နှင့် ဆရာတော် အသျင်သီလ၀ံသ ဆရာတော်အသျင်ပဏ္ဍိ ဆရာတော်အသျင်ပဏ္ဍ၀ံသ ဆရာတ်ေအသျင် ဇေယျဝံသ တို့အား ကျေးဇူးတင်ပါသည်။

အဘို့ပါက

ဤစာအုပ် ရေးရသော အကျိုး အဖို့ပါက ကို ကျွှေးဖခင် အဖိုးဦးမောင်ဘနှင့် အဘောင်မ ဒေါ်ဖြူခိုင်မ တို့နှင့် ဖခင်ဦးကျော်သာ မိခင်ဒေါ်ဖြူယိုင်ဦး နှင့်တကွ ခပ်သိမ်းသော တော်လှန်ရေး ဒုက္ခခံ အနှိမ်ခံ ပုဂ္ဂိုလ် အပေါင်းတို့အားလည်း အမျှ မေတ္တာပေးဝေပါ၏။

စေတနာ

ချင်း ကချင် ကရင် ကယား မွန် ဗမာ ရခိုင် ရှမ်း ဟူသော ဤလူမျိုးကြီး အုပ်စုတို့မှာ ကျီးကိုဘုတ်ရိုသေ ဘုတ်ကိုကျီးရိုသေ ဆိုလျှင် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ယခင်က အေးအတူ ပူအမျ ဗမာတကျပ် ရှမ်းတကျပ်သာ ရပါမူ စုစုစည်းစည်းနှင့် သာယာ ၀ပျောသော အမျိုးသားပေါင်းစု နိုင်ငံတခု ဖြစ်ခဲ့မည်မှာ မုချအမှန် ဖြစ်ပေသည်။ ယခု အခါမူ စိတ်ပျက်စရာ ကြေကွဲစရာ ၀မ်းနဲစရာ အားငယ်စရာ တို့နှင့် ကြုံတွေ့နေကြရသော တိုင်းရင်း သားလူမျိုးတို့မှာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ကြ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း ဘာသာရေး၏ ချမ်းသာခြင်း စသော ပီတိ သောမနသ ရကြပြီးလျှင် လောကနိဗ္ဗာန်သို့ အလွယ် တကူ ရောက်နိုင်ကြပါစေ သတည်း။

သဗ္ဗေသတ္တာအဝေရာဟောန္တု
ဆရာကျားကြီးကျော်ခိုင်အောင်
ရခိုင်ဆျန်းနှင့်နက္ခတ္တဗေဒင်ပညာရှင်
ကန်းညင်ပင်ဇောက် လမား ၃.၁၀.၂၀၀၀ ခုနှစ် နံက် ၁၀ နာရီ ၃ မိနစ်

ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ

အခန်း(၁)

နမောတဿ ဘဂ၀တော အာရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဒါန သီလ ဘာဝနာ

ဒါနတော ဘောဂ၀ါ သီလတော သုခိတာ ဘာဝနာတော နိဗ္ဗုတာ။

ဒါန အလျူပေးခြင်းကြောင့် ဘောဂ ဥစ္စာပစ္စည်း ပြည့်စုံ၍ သူဌေး သူကြွယ်ဖြစ်၏။ သီလ ဆောက်တည်ခြင်းကြောင့် သုခ ချမ်းသာခြင်းကို ရ၏။ ဘာဝနာ တရားကျင့်ကြံ အားထုတ် ခြင်း ကြောင့် နိဗ္ဗာန်ကို ရောက်ရာ၏။ ဤသည်ကား မြတ်စွာဘုရား၏ ဒေသနာတခုပင် ဖြစ်ပါသည်။ ဗမာနိုင်ငံတွင် ဘုရားတည် ကျောင်းဆောက် သံင်္ဂါယနာတင် စသော ကုသိုလ် ကောင်းမှု ကြီးများနှင့် ရဟန်းခံ ရှင်ပြု မှအစ ဒါနကုသိုလ်များကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေ ကြသည်မှာ မရေမတွက် နိုင်အောင်ပင် များပြားလှပေသည်။ ဤသို့ကုသိုလ် ကောင်းမှု ပြုလျက် သားနှင့် ဗမာတို့ အဘယ်ကြောင့် ဆင်းရဲရသနည်း။ ကမ္ဘာ့အလယ်တွင် အဘယ်ကြောင့် မျက်နှာ ငယ်နေရ သနည်း အောက်ကျ နောက်ကျ ဖြစ်နေရသနည်း။ ဒါနကုသိုလ် လုပ်လျက် ဒါနရှိလျှက် သားနှင့် ဗမာတို့ အဘယ်ကြောင့် ဆင်းရဲရသနည်း။ ဤသို့ဆင်းရဲရသည့် အကြောင်းရင်း ကို လေ့လာရမည်။ သတ္တုချရမည်။ သံဝေဂယူရမည်။ ပြုပြင်ရမည်ဖြစ်သည်။
ဗမာအစတကောင်းက ဆိုသည့်အတိုင်း တကောင်းပြည်ကို အဘိရာဇာမင်းကြီး ထီးနန်းအုပ်ချုပ် မင်းလုပ်လေသည်။ ထိုမင်းတွင် ကံရာဇာကြီးနှင့် ကံရာဇာငယ် ဟူ၍ သားနှစ် ယောက် ထွန်းကားလေည်။ အဘိရာဇာမင်း နတ်ရွာစံလေသဖြင့် မင်းမျိုးတို့ အစဉ်အလာ အရ သားကြီးသြရသ ကံရာဇာကြီးသည် မင်းဖြစ်ရမည်ဖြစ်သည်။ သို့သော် ကံရာဇာငယ်သည် ငါလည်း မင်းပြုထိုက်သည်ဟု ထီနန်းကို လုလေသည်။ ထို့ကြောင့် ညီနောင် နှစ်ပါးတို့ နန်းလု စစ်ပွဲ ဆင်နွဲရမည့် အခြေသို့ ဆိုက်ရောက် လာလေသည်။ ညီနှင့် အကို မင်းနှစ်ပါး စစ်ထိုး ကြလျင် တိုင်းပြည်ပျက်စီးမည်ကို မြင်၍ ပညာရှိ အမတ်တို့က ကုသိုလ် စစ်ထိုးကြရန် တင်ပြ သည်ကို နှစ်ဦးနှစ်ဘက် လက်ခံကြလေသည်။ ရှေးမင်းကောင်း မင်းမြတ် တို့ အစဉ်အလာ အတိုင်း ဒါနပါရမီ ရင့်သန်သောသူ မင်းဖြစ်စေခြင်းငှါ ထိုက်သည်ဖြစ်၍ တညည့်တည်းနှင့် စေတီ မဏ္ဍပ် ဇရပ် တို့ကို အပြီး တည်ဆောက် နိုင်သောသူ မင်းပြုစေ ဟု အမတ်တို့ အကြံပြု ကြလေသည်။
ကံရာဇာကြီးနှင့် နောက်လိုက်တို့က အုတ် ကျောက် အင်္ဂတေ တို့ဖြင့် ခိုင်ခန့်စွာ ဆောက် လုပ်ကြလေသည်။ ကံရာဇာငယ်နှင့် နောက်လိုက်တို့မှာမူ အပေါ့စား ၀ါး သစ် ဖျင် တို့ဖြင့် ဆောက်လုပ်ကြလေသည်။ နောက်တနေ့ မင်းနှစ်ပါး ဆောက်လုပ်ထားသော အဆောက် အဦးတို့ကို ကြည့်၍ မူးမတ် ပညာရှိတို့ ဆုံးဖြတ်ကြလေသည်။ ကံရာဇာကြီးနှင့် နောက်လိုက်တို့ ဆောက်လုပ်သော အဆောက် အဦးမှာ အလေးအပင်နှင့် ဆောက်လုပ်သဖြင့် မပြီးစီးဘဲ အပေါ့စား ၀ါး သစ် ဖျင် တို့ဖြင့် ကံရာဇာငယ် နှင့် နောက်လိုက်တို့ ဆောက်လုပ်သော အဆောက်အဦးသည် သာလျင် ပြီးစီးသဖြင့် ကံရာဇာငယ်သည် တကောင်းပြည်၏ ထီးနန်းကို ရရှိသွားလေသည်။ ကံရာဇာကြီးနှင့် နောက်လိုက်တို့မှာ တောင်ဘက်သို့ စုန်ဆင်း၍ ရခိုင်ပြည် ဒုတိယ ဓည၀တီ ခေတ်ကို တည်ထောင်ကြလေသည်။
ဗမာတို့၏ မျိုးစေ့အစ ကံရာဇာငယ်သည် ကုသိုလ်စစ်ထိုးရာ၌ နန်းရလျင်ပြီး၏ဟု သဘောထားကာ ဒါနထက် အာဏါရရှိရေးသည်သာ အရေးကြီးကြောင်း ကို လုပ်ဆောင်ပြ ခဲ့သည်။ မင်းကေါင်း မင်းမြတ်တို့၏ လက္ခဏာနှင့် မညီပေ။ အာဏရလျှင် ပြီး၏ ဟူ၍ ဒါနကို တလွဲအသုံးချ သောကြောင့် သဘာဝဘေး အန္တရာယ် နှင့် အမြဲမပြတ် ကြုံတွေ့နေကြရသည်။ ဒါနတောဘောဂ၀ါ ဆိုသော်လည်း ဒါနမျိုးစေ့ မကောင်းခဲ့ကြသဖြင့် လူမျိုး၏ စာရိတ္တ မျိုးစေ့ အကျင့် သီလ မကောင်း ခြင်းဖြစ်လေသည်။ အချုပ်ဆိုရသော် ဗမာအစ တကောင်းက ဆိုသည့် အတိုင်း အစမကောင်း ခဲ့ကြသဖြင့် ချမ်းသာခြင်းကို ရှာမတွေ့ဘဲ နောက်ဆုံးတွင် တကောင်းပြည် ပျက်စီး၍ သာဂီဝင် မင်းဆက်လည်း ပြတ်သွားခြင်းဖြင့် အဆုံး သတ်ခဲ့ ရလေသည်။

အခန်း(၂)

ဓည၀တီ

ဓည၀တီ ရခိုင်ပြည်ကို ဘီစီ ၃၃၂၅ ခုနှစ်တွင် မာရယုမင်းကြီး တည်ထောင်အုပ်စိုး လေသည်။ ဆန်ရေစပါး ပေါကြွယ်ဝခြင်း ဟူသောဂုဏ်ပုဒ်တို့နှင့် ပြည့်စုံသောကြောင့် ဓည၀တီ ရခိုင်ပြည်ဟု ခေါ်သမုတ်၏။ ပထမဓည၀တီတည် မာရယုမင်းမှ မင်းငယ်ပျော်လှစည်သူထိ မင်း ဆက် ၅၄ဆက် နန်းသက် ၁၈၁၈ နှစ်တိုင် သာဂီဝင် မင်းမျိုးတို့ ထီးနန်းစိုးစံ ခဲ့ကြသည်။ တကောင်းပြည်မှ ကံရာဇာကြီးမင်းသည် ကုသိုစစ်ထိုး၍ ရှုံးရာ နောက်လိုက် တို့ကို ဆောင်ယူ လျှက် ဘီစီ ၁၅၀၇ မှ ၁၄၇၀ ခုထိ ဒုတိယ ဓည၀တီ ရခိုင်ပြည်ကို တည်ထောင် အုပ်ချုပ် လေသည်။ ဒုတိယဓည၀တီခေတ်ကို ကံရာဇာကြီးမင်းမှ သီရိရာဇာမင်း တိုင်အောင် မင်းဆက် ၂၈ ဆက် နန်းစံ ၉၂၇ နှစ် စိုးစံခဲ့ကြသည်။
တတိယ ဓည၀တီခေတ်ကို စန္ဒာသူရိယမင်းမှ သူရိယကေတု မင်းတိုင်အောင် ဘီစီ ၅၈၀ မှ အေဒီ ၂၇၂ ထိ မင်းဆက် ၂၅ ဆက် နန်းစံ ၉၀၇ နှစ် ထိအုပ်စိုးခဲ့ကြသည်။
ဝေသာလီခေတ်ကို သူရိယကေတု ၏သား မဟာစန္ဒြား အေဒီ ၃၂၇ မှ ၃၈၄ ထိ ငတုံမင်း အေဒီ ၇၄၉ မှ ၈၁၈ တိုင်အောင် မင်းဆက်၁၂ ဆက် နန်းစံ ၄၁၉ နှစ် အုပ်စိုးခဲ့ ကြသည်။