Wednesday 25 May 2011
ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၄)
ရခိုင်စာပေအရသာ
အပိုဒ်(က)
ရကန်သုံးပုဒ်
၁။ သိန်ကန်မိန်တွင် ဆယ့်နှစ်ခွင်ကို လွမ်းပင်စည်မြင့် ကြာရှည်တာအကူး တပေါင်း မင်းလွင် ရွက်ဟောင်းကြဉ် လေမြူးက ပြတ်ဖွယ်နူး စီးသွယ်ဖြာ မတတ်သာချေ ဤထွေထွေကို ကြည့်လေသမျှ သာတည်း၊ ပင်တိုင်းမှာ ရွက်ဟောင်းကြွေ လေပြင်းခတ်လစ် ပုရစ်ဝေေ၀နှင့် ငှက်ရွှေ မောင်နှံစုံနွဲ လည်ခြင်းချက် ပန်းနှစ်ခက်ကို ယူလျှက် နုတ်ဝယ်ငုံ၍ စာခွန့်တုံ ရွှင်နှစ်လို့ တထူးထွေလာ ဘာသာလူလို မကိုနုတ်နှင့် တို့၍ ဤသို့ချစ်ဖွယ်ဆင် ရာသီခွင် ဆယ့်နှစ်လမ်း ငြမ်းလို့အညီ မိဂသီပင် ရှေ့ဆီမြင်သော် စက်ခွင်မှာ ယောင်ယမ်းခဲ့ ထောက်လှမ်း မစာနာ ပညာအထု မြတ်သူ့ကြည့်မှန် ကြားလေဟန်မှု သူရတန်မင်း ၏သွေး ဒံရမာဇလီ ဒူရဘီနှင့် ချစ်ညီ တူကြရေးကို နောက်မေး မလျှောက်လို နေလည်းနှစ်ဆင့် နှစ်ပါးစုံညီ မဒ်္ဒီ ရှေးအဟိုတို့ တောင်ကျွှန်းညို လောကဓါတ် တိုင်းမဇ္ဇျိမာ ယင်းကဖြာသည် ရာဇာမျိုးရိုး မြတ်၏ ဆက်မပြတ် သိမ်းယူစံ ဘေးကအဆက် နွယ်မပျက်သည် ကနက်ဖြန့်ကါစံ၏ ရှစ်တန်ပလ္လင်ရိုး ဘိုးကဆက်ခံ ဘနန်းစံသည် နန်းရံတို့ အမျိုးတည်း ကတိုးအနံ့လို သင်းပြန့် မွေးကြိုင် ရှစ်ရပ်လှိုင်သည် မဏ္ဍိုင် ချက်မြုတ်သို့ ထက်ပြည်နဂိုရ် ဝေသာလီ ဓညနှစ်ခန်း နှစ်ပြည်မှန်းသည် ထီးနန်း အလီလီတည်း မျိုးသာဂီ စဉ်မပျက် နှစ်ဟောင်းရှည်ကြာ မဟာနွယ်ရိုးတက်၏ မယှက်မနှောပြီ ရှစ်သောင်းအချာ ဆက်ကါစိုးစံ နန်းရံမေ့ဌာနီသို့ ရာသီမစွန်းခင် အောင်စည်ရွှမ်း၍ စက်ဝန်း ဖြန့်စေချင်သည် နောက်ခွင်ကြာလွန်းစွ တကါးလည်း။
၂။နောက်ခွင်ကြာလွန်း ရာသီစွန်းလျှင် ရစ်သန်းလှည့်ကါ ရှစ်ဖြာ အုံးလာကြိုး အာဏာတိမ်းညွတ် ပြိုးလတ်ဘိသွင် မယ်လျှင်လက်စုံမိုး၍ ကြောက်စနိုး ညိုးမျက်နှာ လက်ရွှေဖြန့်ထား သိကြားကို လျှောက်မှာ၏ တောင်ညာ မဟေသွေး နှစ်ပါးမောင်စုံ ဘုန်းရိပ် လှုံသည် ပဒုံ ကြာနံ့မွေး၏ ချစ်ကြွေးမတင်ခင် ဆယ့်သုံးနှစ်ဝယ် ငယ်ရွယ်တုန်း ကပင်တည်း ဘနတ်ရှင် လောင်းဘုရား ခြားဝမ်းမကွာ ရင်းချာ မောင်နှစ်ပါးကို ပေးမြား စုံလျှားတင် လက်ထပ် ရေသွန်း ဆယ့်နှစ်ခန်းမူ ထူးဆန်း သဘင်ဆင်၍ ချစ်ကြိုးမျှင်ခွေရစ်ပတ် န၀ရတ်စီ သိင်္ဂီ အိမ်ရှေ့နတ်နှင့် စိန်ချယ်သတ် အလယ်တွင် မောင်းမများမြောင် တထောင်မက စံကြ တုန်းကပင်တည်း သုံးနှစ်ဝင် ရာသီမှာ ကုလားနေပြန် သူရတန်က အားအန် ပြတုံလာ၍ ခွန်ဘဏ္ဏာ ဆက်မသွင်း ဥပရာဇ်ရှင် မယ့်ထိပ်တင်ကို အလျှင်ချီစေလျှင်ဟု သောင်းတွင် ဇမ္ဗူပိုင် အာဏါ မိန့်မြတ် ဘခင်နတ်က အမတ်တထောင် များမြောင် လက်နက်ကိုင်နှင့် တောင်မဏ္ဍိုင် ပြိုခမန်း ဆင်မြင်းစစ်ခြေ ပင့်တင်ဝေသည် ဤမြေ သိမ့်သိမ့်ကျန်းမျှ အိမ်ရှေ့နန်းသခင် နန်းတော်ကမူ စတူရာပါဒ် နက္ခတ်အထွန်း ကျီကန်းတာရာ ဟင်္သာအကွက် စစ်တက် ချီသည်လျှင်တည်း နောက်ခွင်မောက်သူဇာ ခရိုင်တလွှား အပိုင်စားသည် စပ်ကြား သုံးနှစ်ကြာခဲ့ တောင်တာကို ချင့်တွက်ပြန် မယ်တို့စံမြန်း ရွှေဘုံနန်းနှင့် ဂဏန်းသင်္ချာ ယူဇနာမူ န၀ါဒသမှန်၏ လျှင်မြန် စေကြောင်း ဆုတောင်းဆုယူ သိမ့်သိမ့်ဆူသည် ချင်းလူအများ အပေါင်းတည်း နန်းလောင်း မယ့်သ္ခင် အောင်ပန်းစိုက်ထောင် ဘုန်းခေါင်ပြန်စေချင် လျှောက် တင်ခါ ပန်းစွ တကါးလည်း။
၃။ လျှောက်တင်ခါပန်း ရာသီဆန်းလျှင် နန်းမြင့်အောင်မြေ ဆယ့်နှစ်ထွေ ရစ်သန်းမြူး မောက်သူဇာသည် ဒါကါ ကမ်းထိပ်ဦးမှ ကျေးဇူး ဂုဏ်ရှစ်တန် အမတ်လိမ္မာ ထိုမြို့ရွာတွင် အာဏါ သုံးခဲ့ပြန်မှ ပြောင်ဆန္ဒန် မာတင်ရိုး ထွက်လျှင်မပြန် မလှန် တို့မင်းမျိုးတည်း ကောင်းဆိုး နှစ်ပါးတွင် ရိပ်ခြေအပြင် သခင်သီရိပင်ဟု ပညာရှင် ထိမ်းအုပ်မှ မြို့ပြကျေးရွာ သာယာစဉ်ပင် လှ၏ မင်းယောင်္ကျား ဓမ္မတာ ပညာမဲ့နက် ညံကစက်သော် ပြည်ထက် မထား ရတည်း ရှေးကျမ်းလာ ထုံးစာဟောင်း ကျိုးကြောင်းသိပြန် ဘွဲ့မှန် အမတ်ကေါင်းကို နောက် တကြောင်း ကုလားရွာ အပိုင်အပ်ပြီး စစ်သူကြီးဟု စောစီးထားခဲ့မှာ၏ ဘရာဇာမိန့်တော်မြတ် ဦးထိပ်ရွက်ပန် နန်းရံအိမ်ရှေ့နတ်ကို ရိုညွတ် လျှောက်ထားတင် ရာသီပြောင်း၍ မိုးနှောင်း ကါလ ဆောင်းစ အကူးတွင် များဖျင်စစ် ဗိုလ်ခြေ ထိုမြေတ၀က် လက်နက် ထားခဲ့စေဟု မြောက်လေ ဖြူးလာလျှင် ဘရာဇာ မိန့်တော်အင် ဦးထိပ်ပန်ရွက်ဆင်၍ ရှေ့လာလျှင် နောက်လာကေါင်း လုံးပေါင်းရှုမျှော် ညာဏ်တော်သာ အကြောင်းတည်း လောင်းဥပရာ ကြည်း ရေ တင်းကြမ်း မြစ်လမ်းနှစ်ဘက် မှာလည်း နေ့မခြားအထပ်ထပ် ရက်စပ်စေ့ကျွှမ်း ရောက်လာ ပြန်သော် အမှန် မယုံလတ်ခဲ့ နောက်ရပ်ပိုက်သခင် ဟေမန်အကူး ရဲမှုး စစ်အောင်မြင်သည် ရောက်တင်ကြာနန်း တကါး လည်း။
ရခိုင်ပြည် ဝေသာလီခေတ် သီရိစန္ဒရားမင်း လက်ထက် အေဒီ ၅၉၅-၆၆၇ ခုနှစ်တွင် သင်္ဂစန္ဒရား မင်းသားထံသို့ သုဝဏ္ဏဒေ၀ီ မင်းသ္မီး ရေးပို့ခဲ့သော ရကန်သုံးပုဒ် ဖြစ်သည်။ပြီး))))
အပိုဒ်(ခ)
သားဖွားကြံ (ပေမူအတိုင်း)
ဇယ်ယန္တု ဘဒ္ဒဂတ်မေ ဤသှည်ကမ္ဘာ ပေါ်ဥစွာက ဗြဟ္မမွေငြား လူအများတိုဝ့် မှတ်သားစေဘိုဝ် ဤသှည်ပျိုဝ်က တပေါင်းတန်းခူး နွေဥကဆုံ သှ်သုံလတွင် မွေပါသားမှာ သွှိအကိုဝ် မြှုတ်ထား အချင်းတောင်ဘက်ရပ်မှာ မြှုတ်ဗါသော်မူ သေအမ့်ဟူ၍ မြောက်သှိုဝ်မြှုတ်မု များစွာထိုမှ ချမ်းသာရ၍ အရိဘက်မှာ မြှုတ်သောခါမု ပညာဟိထ ကေါင်းချိရာ၍ အနောက်ဘက်မှာ မြှုတ်သောခါကါး ညှစ်စွာလူညစ် သူမစ်ဖြစ်အမ့် ဏံယုံဝါဆိုဝ် ၀ါခေါင်ထိုဝ်မှ ယင်လည်လတွင် မြင်သှော်သားများ သှိအာကိုဝ်မြှုတ်ထအချင်း အဏောက် ဘက်မူ မြှုတ်သည်သူကား သီစုံမချွှတ် မြောက်အရပ်သိုဝ် မချွှတ်မြှုတ်ငြား ပညာများအမ့် အရှိဘက်မုံ မြှုတ်သှ်သူကား စီးပွားချမ်းသာ ရတိုဝ်ရာ၍ တောင်ဘက်မြှုတ်မူ သစ်မစ်ဟူ၍ တော်သလင်းဝါကျွှတ် တန်ဆောင်ဗူ သှ်သုံလတွင် မွေသှ်သူအား မြှုတ်သှည်အချင်း တောင်သိုဝ်မြှုတ်မူ သီအမ်ဟူ၍ မြောက်သိုဝ်မြှုတ်ထ ချမ်းသာရအမ် အနောက်မြှုတ်မူ ပညာဟိခြင်း သု့ထက်တင်လှ အရှေိသို့မြှုတ်မူ မြှုတ်သှည်သူကား လူမုံသူညစ် မစ်သှည်ဖြစ်အမ် နတ်တော ပြာသိုဝ် ထိုသှည်မလွှ တပိုဝ်ထွေတွင် မြင်သှည်သားများ သှိအကိုဝ် တချိုဝ်ဆိုဗိမ့် မြှုတ်ထတဲလျှင် ထိုအချင်းကား ရှေိဘက်မြှုတ်မုံ သီအမ့်ဟူ၍ တော်သှိုဝ်မြှုတ်မုံ သူမစ်ဟူ၍ အနောက်သှိုဝ်မြှုတ်မုံ ချမ်းသာများထား စီးပွားရအမ် မြောက်သှိုဝ် မြှုတ်မုံ ပညာများဘိ ကေါင်းကျိုဝ်ဟိလှ မှတ်ဘိစိုင်လှာ သှည်ပျိုဝ်မှာကို မှတ်ကြလေဗါ ကုံသှတည်း။
သက္ကရာဇ် သျှစ်၀၄ ကဆုံလ တေလောက်တွင် ကျန်ထိုဝ်စာ ပြီးည္စီ၍ လ သခင်သုမြတ်မျှ တ် ဤစာရွိရသော အကျိုဝ်က ပိတကတ် သုံပုံ ပိတင်လည်ပုံ ကြားက မချွှတ် မြင်ကမလွှတ် တတ်ရလိုဝ်သှေိုဝ်။ပြီး))))
အပိုဒ်(ဂ)
ဝေသန္တရာဖွားတော်မူခန်း(ပေမူ)
ထိုသို့လက်စုံ လျှောက်လေတုံသော် ရွှေဘုံစိုးနှင်း သိန်းစည်းမင်းလည်း လျှင်ပြင်း စောစွာ မကြာရစေ များထွေမတ်ပေါင်း သောင်းသောင်းရံခါ သားဖွားရာဟု အိမ်သာဆော်လှော် ဆောက်ပြီးသော်လျှင် လူ့ဖေါ်ထင်ရှား မိဖုရားလည်း ရွယ်များရံခါ ထိုအိမ်သာသို့ သာယာလျှစ် လျူ တက်တော်မူ၍ ၀ှန်းသူတန်ခိုး ဟိုးဟိုးကျော်သောင်း ဘုရားလောင်းကို ရိပ်ကောင်းသန့်စင် ထို၌ပင်လျှင် မိခင်မယ်တော် မျှက်နှာမျှော်က ဖွါးခဏ၌ လက်လှသဒ္ဒါ ဆန့်တန်းကါလျှင် များစွာရွှေငွေ လျှူချေစရာ ရှိတုံပါက ခုသာမနှေး ငါ့ကိုပေးဟု သံထွေးသာယာ မိမာတာကို ခြင်းရာနှီးနှော စကါးပြောက ချစ်ဘမယ်တော် ကြားသော်ခဏ ၀မ်းသာလှ၍ မွေဘရင်သွေး သက်ဝေသားလှ မကြောင့်ကြနှင့် များလှဥစ္စာ ရတနာမူ တို့မှာမရှိ တိုင်းမသိတည်း မညီး စိတ်တွင် လျှူပေချင်က မောင်လျှင်ကြည်ညို ယူတော့ဆိုမှ များလှဥစ္စာ အသပြာတထောင် ယူဆောင်တွဲ့တွဲ့ လက်၌ထဲ့က ပြစ်မဲ့ကင်းစွာ ပွင့်လျှာဘုန်းဟေ့ ဖွားသည်နေ့တွင် ချမ်းမြေ့လှစွာ ဟေ၀န္တာက နာဂမည်ရ ဆင်ဖြူမြလျှင် သားလှနုနယ် ဆင်ဖြူငါယ်ကို ၀မ်းဝယ်မရွယ် ဆောင်ခဲ့ ပေမှ လူ့ပြည်ခန်းဝါ ရောက်သောခါလျှင် များစွာအသရေ ရှိပေမင်္ဂလာ တင်းဂုတ် သာတွင် မွေးဖွားကျင်မှ တောခွင်ဟေမာ ပြန်လေပါ၏ များစွာဖေါ်ပေါင်း ရံခြောက် သောင်းလည်း မပြောင်းမရွေ့ ထိုသည်နေ့တွင် ဖွားမျှော်မြင်သည် မြေပြင်အုတ်အော် ကျော်သောင်းတည်း။
အထက်ပါ ဝေသန္တရာ ဇာတ်တော်ကို ပါဠိ အနက် ပျိုဝ် သုံးမျိုးဖြင့် ရေးထားသည့် အတွက် ပညာရှင်ရော အရပ်သားများပါ အလွယ်တကူ နားလည်နိုင်ပါသည်။ ဆရာတော် မင်းဘူး ဦးသြဘာဿ၏ ဝေသန္တရာ ဇာတ်ကိုသာ သိကြပြီး ရခိုင်တို့လက်ရာ ဝေသန္တရာ ဇာတ်ကို မဖတ်ဖူး သူတို့အတွက် ရခိုင်စာပေ၏ အရသာကို မသိနိုင်ကြပေ။ပြီး))))
နိဗ္ဗာန်နပစ္စယော ဟောတုနှင့် ရခိုင်စာပေ
၁၁၄၆ ခုနှစ် ရခိုင်ပြည်ကို ဗမာတို့ သိမ်းယူပြီးနောက် ယ္ခုဘင်္ဂါလာဒေချဲ့ ဟုဆိုသော နယ်မြေသို့ ရခိုင်ပညာရှင် များသည် ပေစာ ကြေးစာ များကို ထန်းလျက် ထွက်ပြေးရင်းဖြင့် သယ်ယူလာခဲ့ကြသည်။ ရခိုင်စာပေ မူပေါင်းများစွာသည် ပြုပြင်ထိမ်းသိမ်းသူ မရှိ၍ မပျက်စီး သင့်ဘဲ ပျက်စီး ရလေသည်။ ပေမူများကို လေ့လာ ဖတ်ရှုကြည့်သော အခါ စာရေးသူ အမည်မပါ အောက်တွင် နိဗ္ဗာန်နပစ္စယော ဟောတု ဟုသာ ရေး၍ အဆုံးသတ် ထားသည်ကို တွေ့ရလေသည်။ ဤစာရေးရသော အကျိုးသည် နိဗ္ဗာန်ကို ရောက်နိုင်သော အထောက်အပန့် ဖြစ်ပါစေသတည်းဟု စိတ်ကိုဆုံးဖြတ်၍ လျှူသောစာမူ ဖြစ်သည့်အတွက် ရေးသူအမည် မပါခြင်းပင် ဖြစ်လေသည်။ ရေးသူအမည်ပါလျှင် ရေစက်ချ၍ လျှူထားသော အလျှူတွင် ဦးမည်သူ ဒေါ်မည်သူ တို့၏ကောင်းမှု နိဗ္ဗာန်န ပစ္စယော ဟောတု ဟူသော အတ္တစွဲ မကင်းသော အလျှူမျိုးသာ ဖြစ်ပေလိမ္မည်။ ထို့ကြောင့်ပင် ရခိုင်စာပေ ပညာရှင်များသည် စာရေး၍ လျှူသောအခါ လူမျိုးမပါ ရေးသူမပါ နေရပ်လိပ်စာ မပါ တချို့ သက္ကရာဇ် ပင်လျှင်မပါ မိမိ သိစေလိုသည် ကိုသာလျှင် ရေး၍ အပြီး အဆုံး၌ နိဗ္ဗာန်န ပစ္စယော ဟောတု ဟုသာ ရေးထိုးလေ့ ရှိကြောင်း ပေမူများ၌ တွေ့ရှိရလေသည်။ပြီး))))
ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ
                           (ယ္ခင်မှအဆက်)
------------------------------------------------------------------
                           ရခိုင်၏ဗေဒယဉ်ကျေးမှု
                             အက္ခရာအသံနှင့်ဆျန်း
             အက္ခရာတို့၏အသံ(မတြာ) အတို အရှည်(ဒီဃ ရဿ)တို့ကို၎င်း အင်း အိုင် ခလုတ် မန္တံ ဂါထါ တို့ကို မည်သည့် အသံ အနေအထား (ဌာန်ကရိုင်း) နှင့်သီဆိုရမည် ဖွဲ့နွဲ့ရမည် ဆိုသည်ကို ဆျန်းပညာ မတတ်ကမသိနိုင်ပေ။ ၀ဏ္ဏဟုခေါ်သော အက္ခရာသည် သံတို သံရှည် (ဒီဃ ရဿ) ခွဲသိမှ သာလျှင် ဤအက္ခရာဖြင့်ရေးမှ ဖွဲ့နွဲ့မှ ဆျန်းဝင်သည် ဆျန်းကျင်သည် ဤအက္ခရာဖြင့် ရေးလျှင် ကန်းသည် ဘီလာသင့်သည် လောင်သည် ကျိုးသည် ပေါက်သည် ကို ဆျန်း ပညာနည်းဖြင့် သာသိနိုင်လေသည်။ ဝေသာလီခေတ် ရကန်သုံးပုဒ် မေတ္တာစာကို ရကန်ဟု သိခြင်းမှာလည်း ရှေးကပင်လျှင် ဤအစပ်အဟပ်မျိုးကို ရကန်ဟုခေါ်သည် ဟု ဆျန်းနည်းဖြင့် ခွဲခြား ထားခဲ့၍ ဖြစ်ပါသည်။ ကပျာ(ကဗျာ) လင်္ကါ အဲ အံ သာခြင်း တို့ကိုလည်း နည်းတူစွာ ဆျန်းပညာတတ်သော ရှေးရခိုင် ပညာရှင်ကြီးများက ဤစပ်နည်းသည်ကါး ကပျာ ဤစပ်နည်းသည်ကါး လင်္ကါ ဟု အသံနေ အသံထားနှင့် တကွ ခွဲခြား သတ်မှတ် ထားခဲ့ကြ လေသည်။ ဥပမာ။ ။မေသာမ လှပျိုမေ သုံးတောင်တထွာ ဆံကေသာကို ဖွဲ့ကါကြော့မင်းထုံး၍။ (ဥတေန ရတု) ဤသည်ကါး ရတုဖွဲ့နည်းပင်ဖြစ်သည်။ သုံးလုံးတပါဒ လေးလုံးတပါဒ ငါးလုံးတပါဒ ခြောက်လုံး တပါဒ ဖွဲ့မှသာ ရတု ဟုခေါ်ပါသည်။ ဤရတု စပ်နည်းသည် ရခိုင်တို့၏ ဂန္တ၀င် ရတုစပ်နည်း ပင်ဖြစ်သည်။ ထို့ပြင်ရခိုင်အရပ်သား ပညာရှင်တို့မှာ အသံကို မူတည်၍ လေးလုံးစပ်ကဗျာကို ရတုအဖြစ် သီဆိုကြလေသည်။ ထို့ကြောင့် ရခိုင်ပြည်၌ ရတုစပ်နည်း နှစ်မျိုးကို တွေ့ရလေသည်။ ရခိုင်ပညာရှင်တို့၏ ရတုစပ်နည်း ပညာကို လိုက်၍မမှီသော ဗမာတို့မှာမူ အသံကို မူတည်သော လေးလုံးစပ် ကဗျာကို ရတုလုပ်၍ သီဆိုကြ သော အဆင့်သာ ရှိလေသည်။
                                   နာမည်ပေးနည်းစနစ်နှင့် ဆျန်း
          ရှင်မှာအစ လူမှာအလယ် တိရိစ္ဆာန်မှာ အဆုံး တည်းဟူသော နာမည်ပေး နည်းစနစ် သည် ရခိုင်တို့၏ ဆျန်းနည်းဖြင့် နာမည်ပေး နည်းစနစ် ပင်ဖြစ်သည်။ ဤနည်းစနစ်သည် ဗမာ ပြည်၌ အသုံးအများဆုံး စနစ်တခုဖြစ်သည်။
        ရခိုင်မိသားစုတခုတွင် နာမည်ပေးရာ၌ ၁။အကြီး(ဦး)၊ ၂။ အလတ်၊ ၃။အကြွယ်၊၄။ အထွေး(အငယ်) ။ ၅။ အကျန်။ ဟူ၍ သားသ္မီးတို့ကို နာမည်ထားလေ့ရှိသည်။ ဥပမာ။ တနင်္ဂနွေသားဦးဆို လျှင် ၊ ဦးထွန်းအောင်ကျော် (အခေါ်။ အဦး၊ မောင်ကြီးရှင်)။ အလတ် ဆိုလျှင်၊ မောင်ထွန်းအောင်ကျော် (မောင်လတ်ရှင်)၊ အကြွယ်ဆိုလျှင် ၊ ထွန်းအောင်ကျော် (အမောင်လတ်)၊ အထွေး (အငယ်) ဆိုလျှင်၊ မောင်ထွေးအောင်၊ အထွေးနောက်မှမွေးလျှင်၊ ကျန်ထွေးအောင်၊ ဟူ၍ နာမည် ထားလေ့ရှိသည်။ မိန်းမ သ္မီးကြီးဆိုလျှင် ၁။ဒေါ်နန်းအေးခင်(မရှင်) ၂။ မနန်းအေးခင် (အမေလတ်) ၃။ မနန်းအေးခင် (အလတ်ကေ) ၄။ မနန်းအေးထွေး(အထွေး) ၅။ မကျန်ထွေးဖြူ (အကျန်) စသည်ဖြင့် နာမည် ပေးလေ့ ရှိသည်။
          ရခိုင်တို့၏ နာမည်ပေး နည်းစနစ်၌ သားကြီးသြရဿ ကိုသာလျှင် ဦးတပ်ရသည်။ သ္မီးကြီးကိုသာလျှင် ဒေါ်တပ်ရသည်။ ရဟန်းကို အသျှင် တပ်ရသည်။ ရဟန်းကို ဦး မတပ်ရ တပ်လျှင် မှားသည်။ ရဟန်းတွင် လိင်မရှိသည့်အတွက် ဦးတပ်ကမှားသည်။(ရဟန်းသည် ယောင်္ကျားလည်းမဟုတ် မိန်းမလည်းမဟုတ်ပါ) သားကြီးကို ဦး တပ်ကမှန်သည်။ (သားကြီး အဖ အရာ)။ အမိနှင့် အဖ တို့၏ဂုဏ်ကြောင့် လူ့ပြည်သို့ ပထမဦးဆုံးရောက်သည်။ သြရဿ ဖြစ်သည်။ မိသားစု သားသ္မီး ထဲတွင် အကြီးဆုံးဖြစ်၍ ဦးတပ်ရသည်။ တခြားလူကို ဦးမတပ်ရ။
         သ္မီးကြီးကိုဒေါ်တပ်ရသည်။( သ္မီးကြီးအမိအရာ၊) ဒေါ် ဟူသော စကါးလုံး ဝေါဟာရမှာ အမိရှင် ဟူသောစကါးလုံး ဝေါဟာရနှင့် အတူတူပင်ဖြစ်ပါသည်။ ရခိုင်သား ရကြည်သား   ကေါက်ကတန်းသား ဖလံသား တို့မှာ အမိကို အဒေါ် ဟုခေါ်ပါသည်။ ယ္ခင်က အုပ်ချုပ်သူ လူတန်းစား အများစုနှင့် လူကြီးသူမတို့မှာ အမိကို အဒေါ် ဟုခေါ်ကြလေသည်။ ဤအဒေါ် စကါးလုံး ဝေါဟာရသည် ဂန္တ၀င်မြောက် အသုံးပင်ဖြစ်ပါသည်။ မိန်းမနာမည်၌ ဒေါ် ဟူသော ရှေ့မှတပ် သော စကါးလုံး၏ အဓိပ္ပါယ်မှာ အမိ အမိရှင် မိခင် ဟူ၍ ဂုဏ်တင်၍ ခေါ်သော ရခိုင် ဝေါဟာရပင် ဖြစ်ပါသည်။
          ဗမာတို့သည် ရခိုင်တို့၏ နာမည်ပေး နည်းစနစ်ကို လုံးစေ့ပါတ်စေ့ မတတ်ပါ။ အခြေခံ ကို နားမလည်ပါ။ ရခိုင်တို့၏ ကြက်သွန်ဖြူဥ တလုံးစု နည်းနှင့် ရှင်မှာအစ လူမှာအလယ် တိရိစ္ဆာန်တွင် အဆုံး နည်းတို့ကို သင့်လျှော်သလို ကြည့်၍ နာမည်ထားကြသည်သာ များလေသည်။ ကွယ်လွန်သူ ပုဏ္ဏားဗေဒင်ပညာရှင် ဖြစ်သော ဆရာကြီးဦးရာမ သည် ဗမာတို့၏ နာမည်ပေး နည်း စနစ်တွင် ရဟန်းမှာအစ ထားသကဲ့သို့ လူမှာလည်းအစ ကိုသုံး၍ နာမည်ထားရမည်ဟု အသစ်ထွင် လေသည်။ တနင်္ဂနွေသား ဆိုလျှင် အစ တနင်္ဂနွေ အလယ် တနင်္လာ ကြာသပတေး သောံကြာ အဆုံး အင်္ဂါ ဗုဒ္ဓဟူး စနေ နံတို့နှင့် နာမည်ထားရမည် ဟုဆိုပါသည်။  ထို့ကြောင့် ယ္ခု အခါ ဗမာတို့၏ နာမည်ပေး နည်းစနစ်သည် အစလည်း မဟုတ် အလယ်လည်းမဟုတ် စကောစက အသစ်ထွင် နာမည်ပေး နည်းစနစ်များ ဖြစ်လာနေ လေသည်။
                         သက္ကရာဇ်သို့မဟုတ်နှစ်
                      ရခိုင်ပြည် ဒုတိယ ဓည၀တီခေတ် ကံရာဇာကြီး မင်းဆက်လွန်၍ ၂၄ ဆက်မြောက် ရယမာယုမင်းသည် သက္ကရာဇ် ၈၆၄၅ ခု အရောက်တွင် ဘုရားဘိုးတော် အဉ္စနမင်းနှင့် အပြိုင် ဏ ၀ စန္ဒေ ကိန်းဟူသော အမည်ဖြင့် ၁ တစ်ခု ကြွင်းထား၍ သက္ကရာဇ်  ဖြိုလေသည်။
              မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုသည့်သက္ကရာဇ် ၁၄၈ ခုကို အဇာတသတ်မင်းသည် ဗသျှူးစတုရူပကိန်း အမည်ဖြင့် တခုကြွင်းထား၍ ဖြိုလေသည်။ ရခိုင်ပြည်တွင်လည်း တတိယ ဓည၀တီခေတ် သူရိယပဘာမင်းသည် သက္ကရာဇ် ၆၀၉ ခုကို န၀ခဆကိန်း အမည်ဖြင့် အကြွင်း ၂ ခုထား၍ ဖြိုလေသည်။ ထိုမင်းသက္ကရာဇ်သည် သာကမင်းသက္ကရာဇ်နှင့် တူညီလေသည်။
         ထို့နောက် သီရိစန္ဒရားမင်း လက်ထက် သက္ကရာဇ် ၅၆၀ ဆပဉ္စကိန်း အမည်ဖြင့် ၂ ခု အကြွင်းထား၍ ဖြိုလေသည်။ သူရိယသိန္ဒန္တ ကျမ်းနှင့် ညီလေသည်။
         ဗမာရာဇ၀င်၌ ပြည်မြို့ သမုန္ဒရီမင်းဖြို ဒေါဒေါရသ ကိန်းတရပ် ပုပ္ပါး စောရဟန်းမင်း ဖြို ခ ဆ ပဉ္စကိန်းတရပ် ၄င်းကိန်း ၂ ရပ်ပေါင်း ဒွေး အဌ ဧက ဧကာ နှောလျှက် သာသနာ အတိတ် အနာဂတ်ကို ယူကြလေသည်။ ထိုကိန်းအရဆိုလျှင် ဂေါတမပူရာဏ်ကျမ်း သူရိယ သိန္ဒန္တ ကျမ်း စသောကျမ်းများ အဆိုနှင့် မညီဘဲ ဗမာသက္ကရာဇ်သည် ဘုရားသာသနာ သက္ကရာဇ်ထက် ၁၃ နှစ် ပိုလေသည်။ ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံ၌ အသုံးပြုနေကြသော သက္ကရာဇ်သည် ဗမာ(ပျူ)သက္ကရာဇ် မဟုတ်မူ၍ ရခိုင်သက္ကရာဇ်သာဖြစ်လေသည်။
                                        ၁၂ လအခေါ်
သင်္သကရိုက်              ပါဠိ               ရခိုင်(ဂန္တ၀င်ဘာသာပြန်)  ရခိုင်(ယ္ခု)            ( ယ္ခင်)
၁။မီးသျှ                  မေသ                မိဿ                        တန်းခူး              တာကူး
၂။အရစ်သျှားဘား      ဗြိဿ                ဗြိဿ                       ကဆုန်                 ကဆုံ
၃။မစ်သူနား              မေထုန              မေထုန်                     နံယုံ                     နံယုံ
၎။ကဋက                 ကရကဋ            ကရကဋ်                    ၀ါဆို                    နံကါ
၅။စီမှား                   သီဟ                 သိန်(သိဟ်)               ၀ါခေါင်             နွယ်တာ
၆။ကန်းညား             ကညာ                ကန်                 တော်သလင်း      တော်သလင်း
၇။သူလား                တူလာ                တူ                     ၀ါကျွှတ်          သီတင်းကျွှတ်
၈။အရစ်ချီးကါ           ၀ိစ္ဆိက                 ဗြိစ္ဆာ             တန်ဆောင်မုန်း     တန်ဆောင်ဗုန်း
၉။ဓနုစ်                    ဓနု                    ထနု(ဓနု)              နတ်တော်           နတ်တော်
၁၀။မဂါရား              မကါရ                  မဂါရ(မကါရ)         ပြာသို                   ပြာသိုဝ်
၁၁။ကွန်မ်ဘား           ကု မ္ဘ                  ကုံ                      တပို့တွဲ                  တပိုထဲ
၁၂။မီးနား                  မိန                    မိန်                    တပေါင်း                တပေါင်း
                         ရာသီ ၁၂ ခွင်နှင့်လ
           တနှစ်တွင် ၁၂ လ ရာသီရှိသည်။ ၁၂ နှစ်ရာသီ လ ကို သူရိယသိန္ဒန္တကျမ်းအလို မိဿ ဗြိသ မေထုန် ကရကဋ် သိန် ကန် တူ ဗြိစ္ဆာ ဓနု မဂါရ ကုံ မိန် ဟုခေါ်သည်။ ဟိန္ဒူတို့၏ အခေါ်ဖြစ်၍ ဗေဒင် နက္ခတ်ပညာကို မလေ့လာ ဖူးသူများ သိမည်မဟုတ်ပါ။
          ဝေသာလီခေတ် သင်္ဂစန္ဒရားမင်းထံသို့ သုဝဏ္ဏဒေ၀ီ ရေးပို့သော ရကန်အစတွင် သိန် ကန် မိန် တွင် ဆယ့်နှစ်ခွင်ကို ဟူ၍ အစချီထားလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မိသ ဗြိသ မေထုန် တည်းဟူသော ၁၂ ရာသီခွင်နှင့် သူရိယသိန္ဒန္တကျမ်းကို မူးမတ် ပညာရှိ များပင်မက နန်းတွင်းအမျိုးသ္မီးများပင်လျှင် တတ်သိ လိမ္မာနေကြောင်း သိသာလေသည်။
         ထို့ပြင် ကြာရှည်တာအကူး တပေါင်းမင်းလွှင် ဟူ၍ စပ်ဆိုထားပြန်ရာ တာကူး ကဆုန် နံယုံ စသော လတို့၏ အခေါ်အဝေါ် များနှင့် စတူရာပါဒ်နက္ခတ် ကျီးကန်းတာရာ များကိုလည်း တွက်တတ် ကြည့်တတ် သိတတ်နေပြီ ဖြစ်ကြောင်း သိအပ်လေသည်။
           မြတ်စွာဘုရား ပွင့်တော်မူပြီးမှ ၀ါ ဟူသော ဘုရား၏ အသက်တန်း(သိက္ခါ)ကို သတ်မှတ်ခြင်းဖြစ်သည်။ ထိုဝါဖြင့်ပင်လျှင် ဘုရားမှစ၍ ရဟန်း သာမဏေ အဆုံး အသက်(သိက္ခါ ၀ါ)အကြီးအငယ်ကို သိနိုင်လေသည်။ ၀ါကြီးသော ပုဂ္ဂိုလ်ကို ရိုသေရခြင်းသည် အသက်ကြီးသည်နှင့် မသက်ဆိုင်ပေ။ ဓည၀တီရခိုင်ပြည်သို့ မြတ်စွာဘုရား ရောက်ပြီးမှ သာလျှင် ၀ါဆို ၀ါခေါင် ၀ါကျွှတ် ဟူ၍ ၀ါလသတ်မှတ် ခေါ်ဝေါ်ခဲ့ကြသည်။ ဤလများကို ရှေးရခိုင် ကြံကျမ်း၌ နံကါလ နွယ်တာလ သီတင်းကျွှတ်လ ဟူ၍ ရေးသား သုံးစွဲခဲ့ကြသည်။
                                     ရက်နှင့်ဆျန်း ((ပြီး))
              တနင်္ဂနွေမှ စနေ ရာဟုထိ အက္ခရာ ရက်နှင့်သက်ဆိုင်ရာ လူမျိုးကို ဆျန်း ခွဲရာ၌ ကခဂဃင တနင်္လာ ရှမ်း စသည်ဖြင့် ခွဲခြားထားနိုင်သည် အထိ ဝေသာလီခေတ်သည် ဗေဒင် ပညာတွင် တိုးတက် ထွန်းကါးခဲ့သည်။ ထိုမတိုင်မှီ တတိယ ဓည၀တီခေတ် စန္ဒာသူရိယ မင်းကြီးလက်ထက် မဟာမြတ်မုနိ ဘုရားကို သွန်းရာ၌။သက္ကရာဇ် ၁၂၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စန်းနှင့်ဝိသါခါ နက္ခတ်သျှဉ်ခိုက်တွင် စ၍သွန်းကြောင်း ဆိုထားသဖြင့် စန်းတီထီ နက္ခတ်တို့ကိုပါ တတိယ ဓည၀တီခေတ် ကပင်လျှင် စနစ်တကျ တွက်တတ်နေပြီ ဖြစ်ကြောင်း သိအပ်လေသည်။ ဓည၀တီခေတ်မှ မြောက်ဦးခေတ်ထိ ခေတ်အဆက်ဆက်သုံး ရိုးရာကြံကျမ်း ဆျန်းကျမ်း အစရှိသည့် လူ့လောက လူ့ဘ၀တွင် မည်သို့မည်ပုံ နေထိုင်လုပ်ကိုင် စားသောက် ရမည်ကို ဆျန်းနည်းဖြင့် သုတေသနပြု၍ မှတ်တမ်း တင်ခဲ့ကြသည်မှာ အံ့ချီးဖွယ်ရာပင် ဖြစ် ပါသည်။
                ဗမာနှင့်ရခိုင်သုံး အင်္ဂ၀ိဇ္ဇာဗေဒင်ပညာ
           အင်္ဂ၀ိဇ္ဇာ ဆိုသည်မှာ ရုပ်နှင့်နံကို သုံးသပ်၍ ဟောရသော အတတ်ဟော ဗေဒင် ပညာရပ် တခု ဖြစ်သည်။ ဆရာတော်ခင်ကြီးဖျော်သည် အင်္ဂ၀ိဇ္ဇာ ပညာရပ်ကို စုစည်းလျှက် ဗမာမူပိုင် ပြုလုပ်နိုင်ခဲ့သည်။ ဗမာ ပညာရှင်များကမူ မြန်မာ့ရိုးရာ အင်္ဂ၀ိဇ္ဇာ ဗေဒင်ပညာဟု အတွန့်တက် ခေါ်ဝေါ် သုံးစွဲကြသည်။ အင်္ဂ၀ိဇ္ဇာ ဟုခေါ်ကတဲကိုက ဗမာ့နည်းမဟုတ်ပေ။ ဟိန္ဒူနည်း သာဖြစ်လေသည်။ ယ္ခုအခါ အင်္ဂ၀ိဇ္ဇာ ပညာကို အိန္ဒိယတွင် တွင်ကျယ်စွာ အသုံးပြု သည်ကို မတွေ့ရတော့ပေ။ အိန္ဒိယနိုင်ငံမှ ရသေ့ရှစ်သောင်း ဆရာကောင်းတို့ ထီထွင်မှုကို ရခိုင် ပညာရှင်များက မိမိလူမျိုး၏ ဘာသာဓလေ့နှင့် ကိုက်ညီအောင် ပြုပြင်ဖန်တီး ယူထား သော အတတ်ဟော ဗေဒင်ပညာပင် ဖြစ်လေသည်။
သူရဇ္ဇနှင့်၊ သောံကြာ ထက်အောက်၊ ခယားစောက်၊ ကေါက်ဘိ ဆပွတ်ကြံ၊ မှတ်ရန် နည်းတ၀။ (ဆရာတော်ခင်ကြီးဖျော်)
ရှင်းလင်းချက်။     ။သူရဇ္ဇနှင့် သောံကြာထက်အောက် ။ သူရဇ္ဇနှင့် သောံကြာကို ထက်အောက် ထား။ ခယားစောက်။ ခယား=ဝေါဟာရပျက်။  စောက်=မတ်စောက်သော။ ဝေါဟာရနှစ်လုံးကို ပေါင်းလျှင် ဝေါဟာရပျက်နှင့် မတ်စောက်သော ဟုဖြစ်လာပါသည်။ ကေါက်ဘိ ဝေါဟာရမှာ ကေါက်ယူပါ ဟူ၍ ပင်ဖြစ်ပါသည်။ ဆပွတ်ကြံ။ ဆ=ခြောက်ခု၊တွေးဆ၊ကြံဆ။ ပွတ်=ပွတ်ခြင်း၊ ပန်းပွတ်၊ ပွတ်သပ်ခြင်း။ ကြံ=ကြံစည်ခြင်း၊ အကြံ။မှတ်ရန်=မှတ်ထားပါ။ နည်း=နည်းများကို။ တ၀=ဤဝေါဟာရကို ဗမာတို့က တ၀ဂူ အဖြစ်သာ သုံးသည်ကို တွေ့ရသည်။ ထို့ကြောင့် စာ အရေးအသား၏ မူလ ဆိုလိုရင်းကို ပုံဖေါ်လာသောအခါ အင်္ဂ၀ိဇ္ဇာပညာ နည်းနာမှာ ပျောက် သွားလေသည်။ ဆရာတော်ခင်ကြီးဖျော်၏ မူရင်းရေးဟန်ကို မသိသော်လည်း ရခိုင်အခေါ် ခရားကို ခယားဟု ဗမာတို့ ရေးဟန်ရှိသည်။
သူရဇ္ဇနှင့် သောံကြာ ထက်အောက် ခရားဇောက် ကေါက်ဖိ ဆပွတ်ကြံ မှတ်ရန် နည်းတ၀(ရခိုင်မူ)
ရှင်လင်းချက်။ ။သူရဇ္ဇနှင့် သောံကြာ ထက်အောက်။ သူရဇ္ဇနှင့် သောံကြာကို ထက်အောက် ထား။ ခရားဇောက်=ခရား (ရေထည့်သောခရား-ဗမာအခေါ်-ကရား)။ ဇောက်=အတိမ် အနက်ကို တိုင်းသော ဝေါဟာရ။ သူရဇ္ဇနှင့် သောံကြာကို ဇောက်နက်သော ရေခရားကဲ့သို့ တည့်မတ်စွာ ထက်အောက်ထား၍ ဟုရပါသည်။ ကေါက်ဖိ=အပေါ်မှတင်ပါ။ ဆ=ဆကိုခို အောက်မှထါး။ ပွတ်=ကကြီးရော ကရရေ၊ ရေးချ=ကာရရေ၊ သဝေထိုး=ကေရရေ။ တင်လို့ပွတ်=ကံရရေ။ ရခိုင်ရိုးရာ စာဆိုနည်း အရ ပွတ် ဝေါဟာရမှာ အပေါ်မှမတိုက် မခိုက်ရအောင် တင်ထား ဟူ၍ဖြစ်ပါသည်။ ကြံ=ကြံစည်ခြင်း၊ အကြံအစည်၊ မှတ်ရန်=မှတ် ထားရန်။ နည်း=နည်းများကို။ တ၀=တ၀စား၊ တ၀အိပ်၊ တ၀လုပ်၊ စသည်ဖြင့် တ၀ ဟူသော ရခိုင် ဝေါဟာရမှာ များစွာ ဟုအဓိပ္ပါယ် ရပါသည်။ထို့ကြောင့် ဆိုလိုရင်း ဝေါဟာရ အပြည့် အစုံကို ပုံဖေါ်လျှင် သူရဇ္ဇနှင့် သောံကြာကို ထက်အောက် ထားပြီး ဇောက်နက်သော ရေခရား ကဲ့သို့ ထောင်၍ တခုကိုအောက် တခုကို အပေါ် မှ ထားကါ မတိုက်မခိုက် အောင် စီထားပြီး အသုံးပြုရန် များစွာ မှတ်ထားပါ ဟုဆိုလိုရင်းဖြစ်သည်။
              ဗမာသုံးရက်ရာဇာနှင့်ပြသဒါး
                           တန်ခူး               ကဆုန်                 နံယုန်                         ၀ါဆို
ရက်ရာဇာ ။   ။        သာ၊လှ              ထွန်း၊ပ                  ညွန့်၊စ                 အောင်၊လှ
ပြသဒါး။       ။        တ၊မာ                သက်၊ရင်း              အင်၊ကြင်း                ဆူး၊ရစ်
ပြသဒါး။     ။         တ၊မာ                သက်၊ရင်း             အင်၊ကြင်း                  ဆူး၊ရစ်
                         နတ်တော်         ပြာသို            တပို့တွဲ                တပေါင်း ရက်ရာဇာ။   ။       ချမ်း၊တုံး               မိ၊နော်               မိ၊ညို                           ထဲ၊၀င်
ပြသဒါး။    ။         တ၊မာ                  သက်၊ရင်း           အင်၊ကြင်း                    ဆူး၊ရစ်            လေးတလှစ် စစ်စစ်မှတ်သား ပြသဒါး။
          တန်ခူး သာလှ၊ထွန်းပ ကဆုန်၊နံယုန် ညွန့်စ၊ အောင်လှ ၀ါဆို၊ သာလို ၀ါခေါင်၊မြတောင် တော်သလင်း၊ သီတင်းကျွှတ် ဆီ၊ သောရီ တန်ဆောင်မုန်း၊ ချမ်းတုံး နတ်တော်၊ မိနော် ပြာသို၊ မိညို တပို့တွဲ၊ ထဲဝင် တပေါင်း ဆောင်တိုင်း ကေါင်းသည် ရက်ကောင်းရာဇ ရာဇာတည်း။ တနည်း။ ။ဗမာမူဟောင်း၌ ကျော် မြတ် စံ အောင် သိ မှတ် ဆောင် လေ သာ ထွန်း ပေ ၏။ မှတ်လေ ရက် ရာဇာ ဟုဖေါ်ပြပါရှိသည်။ ။ပြဿဒါး။။တမာ၊သက်ရင်း၊ အင်ကြင်း၊ဆူးရစ်၊ လေးတလှစ် စစ်စစ်မှတ်သား ပြဿဒါး။ ဗမာတို့ အသုံးပြု သော ရက်ရာဇာနှင့် ပြဿဒါးမှာ ရက်ထပ် များနေကြောင်းတွေ့ရ မည်ဖြစ်သည်။
                  ရခိုင်သုံး(ရက်ရာဇာနှင့်ပြဿဒါး)
                  တန်ခူး                     ကဆုန်                       နံယုန်                      ၀ါဆို
ရက်ရာဇာ။   ။ သာ၊ကျော်               ထွန်း၊ပေါ်                     ညွန့်၊ဘ             အောင်၊လှ
ပြသဒါး   ။    ။ တ၊မာ                    သက်၊ရင်း                    အင်၊ကြင်း              ဆူး၊ရစ်
ရက်ရာဇာ။  ။  သာ၊လို                 မြ၊တောင်                      ဆီ၊မီး                    သော၊ရီ ပြသဒါး။    ။   တ၊မာ                   သက်၊ရင်း                    အင်၊ကြင်း                ဆူး၊ရစ်
                   နတ်တော်               ပြာသို                    တပို့တွဲ                     တပေါင်း
 ရက်ရာဇာ။    ။ ချမ်း၊လုံး               မိ၊နော်                        မ၊ညို                      အဲ၊၀င်
ပြသဒါး။        ။တ၊မာ                    သက်၊ရင်း                    အင်၊ကြင်း              ဆူး၊ရစ်
       တန်ခူး သာကျော်၊ ထွန်းပေါ် ကဆုန် ၊နံယုန် ညွန့်ဘ၊ အောင်လှ ၀ါဆို၊ သာလို ၀ါခေါင်၊ မြတောင် တော်သလင်း၊ သီတင်းကျွှတ် ဆီ မီး ၊ သောရီ တန်ဆောင်မုန်း၊ ချမ်းလုံး နတ်တော်၊ မိနော် ပြာသို၊မညို တပို့တွဲ၊အဲဝင် တပေါင်း ဆောင်တိုင်း ကေါင်းသည် ရက်ကောင်းရာဇ ရာဇာတည်း။ ပြသဒါး။တမာ သက်ရင်း အင်ကြင်း ဆူးရစ် လေးလလှစ် စစ်စစ် မှတ်သား ပြသဒါး။ ဤဗမာ နှင့်ရခိုင် ရက်ရာဇာ ပြသဒါးကို ကြည့်ရှုပါက ဗမာတွင် ရက်ထပ် များ၍ ရခိုင်တွင် ရက်ထပ်နဲနေသည်ကို တွေ့ရသည်။(((ပြီး)))
               လထပ်ရက်ငင်နှင့်ဝါ
         ဗုဒ္ဓမပွင့်မှီ တနင်္ဂနွေ အစ စနေ ရာဟု အဆုံး ဂြိုလ်ကြီး ဂလုံးသာ ရှိခဲ့၏။ ထိုဂြိုလ် ၈ လုံးတွင် တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ ရာဟု၊ ပါပ ဂြိုလ် ၄ လုံး။ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောံကြာ၊ သောမ ဂြိုလ် ၄ လုံး အဖြစ် ရှေးက လက်ခံ ယူဆ သုံးစွဲခဲ့ကြသည်။ ထို့နောက် ကိတ်၊ ယူရေးနပ်၊ ပလူတို ၊ နက်ပကျွှန်း၊ စသော ပါပ ဂြိုလ် ၄ လုံးကို တွေ့ရှိလာကြပြန်သည်။ ခေတ်နှင့် လှော်ညီစွာ ပညာရှင်များက ကြာသပတေး ဂြိုလ် တလုံးကိုသာလျှင် အားထား ရသည့် သောမဂြိုလ် အဖြစ်သတ်မှတ် လာကြသည်။ ကျန်ဂြိုလ် ၁၁ လုံးကို ပါပဂြိုလ်နှင့် စိတ်မ ချရသည့် သောမဂြိုလ်များ အဖြစ် သတ်မှတ် လာကြသည်။ ထို့ကြောင့် ကေါဇာ တနင်္ဂနွေ ဂြိုလ်မှ အစပြု၍ ဂြိုလ်တို့ ဖေါက်ပြန်လာသည့် ဆွဲအား မညီမျှမှုကြောင့် လထပ်ရက်ငင် အတိုးအလျော့ ဖြစ်ပေါ် လာသည်။ လထပ်ရက်ငင် ဖြစ်ပေါ် လာသည်နှင့် အမျှ နွေ မိုး ဆောင်း ဥတု သုံးပါး ရတု ၆ ပါး ၁၂ ရာသီ သင်္ကြံ နှင့်တကွ ရက် လ နှစ် အတိုး အလျှော့ ၀ါဆို ၀ါကပ် တို့ကိုပါ နေသွားလမ်း ကြောင်းနှင့် အညီ တွက်ချက်ရန် လိုလာ လေသည်။(((ပြီး)))
                           ရခိုင်ဝါဆို
            ရခိုင် ပညာရှင်များသည် လထပ်ရက်ငင် ဖြစ်ပေါ်လာသည်ကိုသိ၍ ရှင်ဘုရင် ကိုယ်တိုင် ပညာရှိ များနှင့် ညှိနှိုင်းကါ စနစ်ကျသော ဖြေရှင်းမှု တရပ်ကို ပြုလုပ်နိုင်ခဲ့သည်။ ထိုနည်းသည် သူရိယသိန္ဒန္တကျမ်းနှင့်၎င်း ဂြိုလ်သွား ဂြိုလ်လာ ဂြိုလ်မြင်နှင့်၎င်း၊ ကိုက်ညီမှု ရှိလေသည်။ ထို့ပြင် ရဟန်းတော်များကို လူပုဂ္ဂိုလ်ဖြစ်စေ မင်းဖြစ်စေ ဤလတွင် ၀ါဆိုရမည် ဤလတွင် ၀ါကပ်ရမည်ဟု အမိန့်ပေးနိုင်ရိုး မရှိပါ။ အမိန့်ပေးပိုင်ခွင့် မရှိပါ။ ရခိုင်ပညာရှိများက ပထမတန်းခူးလ ဒုတိယတန်းခူးလ ဟု သတ်မှတ်ခဲ့သဖြင့် ရဟန်းတော်များ ၀ါဆို ၀ါကပ်မည့် အရေးကို နည်းမှန် လမ်းမှန် ဖြေရှင်းပေးနိုင်ခဲ့သည်။
                           ဗမာဝါဆို
            ဗမာပညာရှင်များက ပထမ၀ါ ဒုတိယ၀ါ ဟုသတ်မှတ် ခဲ့ကြသည်။ ထို့ပြင် ၀ါငယ်ထပ် ၀ါကြီးထပ် ဟူ၍ အငြင်းပွားကြပြန်သည်။ ဦနုခေတ် ဗမာနိုင်ငံတော် အစိုးရသည် သင်္ကြံ ၀ါလ အတိုးအလျှော့ကို တွက်ချက်ရန် အတွက် ဗမာဗေဒင်ပညာရှင်တို့ကို ခေါ်ယူလေသည်။ အင်္ဂပူ မြို့တွင် ရခိုင်ဗေဒင် ပညာရှင် ၂ ဦး ဗမာဗေဒင် ပညာရှင် ၁၃ ဦး တို့သည် လထပ် ရက်ငင် အတိုးအလျှော့ကို တွက်ကြလေရာ ရခိုင်တို့မှာ ရှေးမူမပျက် သူရိယသိန္ဒန္တကျမ်း နှင့်အညီ ဂြိုလ်သွား ဂြိုလ်လာ လထပ်ရက်ငင် အတိုးအလျှော့ကို တွက်ယူနိုင်လေသည်။ ဗမာပညာရှင် များမှာ ၀ါငယ်ထပ်မှ သင့်မည် ၀ါကြီးထပ်မှသင့်မည် နှင့် အငြင်းပွားကါ ရဟန်းနှင့်လူ ငြင်းခုန် ရန်ဖြစ် ထိုးကြိတ်ကြ လေသည်။ ထိုရန်ပွဲ သတင်းမှာ သတင်းစာတွင်ပါ၍ ဗမာပြည်အနှံ့ တိုင်းသိပြည်သိ ဖြစ်သွား လေသည်။ ထိုအခါ ၀ါငယ်ထပ်ဘက်နှင့် ၀ါကြီးထပ်ဘက်တို့ သူ့ဆရာ မှန်သည် ငါ့ဆရာမှန်သည် ဟူ၍ အငြင်းပွားကါ လူ အချင်းချင်း ရပ်ရွာမှ မြို့အထိ အခြင်းများ ရန်ဖြစ်ကြပြန်လေသည်။ ထိုအရေးအခင်းတွင် အစိုးရ ကိုယ်တိုင် ပါဝင်၍ တိုးတိုးတိတ်တိတ် ဖြေရှင်းမှု လုပ်ပေးခဲ့ ရလေသည်။ အချုပ်ဆိုရသော် ဗေဒင်ဆရာပညာရှင်ကို ဗေဒင်မတတ် သူက ဖြေရှင်းမှ လထပ် ရက်ငင် နှင့် ရဟန်းတော်များ ၀ါဆို ၀ါကပ်ရမည့် အရေး ပြေငြိမ်း ရလေတော့သည်။(((ပြီး)))
                          တာကူးလော တန်းခူးလော
           ရခိုင်သားတို့သည် ဘီစီ ခေတ်ကပင် လအခေါ် အဝေါ် တို့ကို မိမိတို့ဖါသာ ထီထွင် ဖန်တီး သုံးစွဲလာခဲ့ ကြသည်။ ၁၂ လ၏ အစ ပထမ လကို တာကူးလ ဟုခေါ်သည်။ အဓိပ္ပါယ်မှာ တာ ဟူသော ဤဘက် အပိုင်းအခြားမှ ကူး ဟိုဘက် အပိုင်းအခြားသို့ ကူးပြောင်းခြင်း ဟု ရပါသည်။ ထို့ကြောင့် ၁၂ လ၏ ပထမ အစလကို တာကူးလ ဟုခေါ်ခြင်း ရေးသားခြင်း ဖြစ်ပါသည်။ ရခိုင်ပညာရှိနှင့် ပညာရှင် အများစုက တာကူးလဟု ရေးသား ခေါ်ဝေါ် ခဲ့ကြ၍ အရပ်သားနှင့် အရပ်သား ပညာရှင် တချို့မှာမူ တန်းခူးလဟု လွယ်လင့်တကူ ခေါ်ဝေါ် ရေးသား ခဲ့ကြသည်။
          ဗမာလူမျိုးအများစု ရေးသားသုံးစွဲနေကြသည်မှာ တန်းခူးလ ဟူ၍ ဖြစ်ပါသည်။ တန်းခူး ဟူသော ဝေါဟာရ အဓိပ္ပါယ်ကို လေ့လာပါက ဂုဏ်ပြုမှည့်ခေါ်ထားခြင်း အထွဌ်တမြတ် သိစေလိုခြင်း အမှတ်အသားပြု၍ မှည့်ခေါ်ခြင်း စသော မှည့်ခေါ်ရခြင်း၏ ဂုဏ်အင်္ဂါ ရပ်နှင့် မပြည့်စုံကြောင်းကို တွေ့ရမည်ဖြစ်သည်။
           သင်္ကြန်တာကူး နှစ်ဦးညောင်ရေ စာပုလွှေခင်း ပုဇဉ္စင်းတော်ခံ စာရေးတံနှင့် မြစ်ယံပွဲကြီး ဆီမီးထွန်းချိန် ကထိန်နတ်ကျင်း မြင်းခင်းထွက်ဝင် ဂူလုံးသဲပုံ စေ့စီစုံသား နှစ်စဉ်အမြဲ ဆယ့်နှစ်ပွဲ။ငယ်စဉ်က ဆရာသင်ပေးခဲ့သော ၁၂ ရာသီ ပွဲတော် ကဗျာတပုဒ် ပင်ဖြစ်ပါသည်။ ဤကဗျာသည် ဗမာဆရာတို့ ရေးခဲ့သော ကဗျာ တပုဒ်ပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗမာပညာရှင် တချို့က တာကူးလဟု ရေးသားသုံးစွဲ၍ တချို့ကတန်းခူးလဟု ရေးသားသုံးစွဲ ကြသည်မှာ ရခိုင်တို့၏ အရပ်သား ဝေါဟာရနှင့် ဂန္တ၀င် ဝေါဟာရများသည် ဗမာလူမျိုးတို့အပေါ်၌ မည်မျှ လွမ်းမိုးမှု ရှိကြောင်းကို ပြသနေ၍ ဖြစ်ပေသည်။
                        ပက္ခဒိန် ပြက္ခဒိန်
              ရခိုင်သား အဆက်ဆက် ပက္ခဒိန်ဟူ၍ ရေးသားသုံးစွဲ ခဲ့ကြသည်။ ပက္ခ=လ ဆန်းခြင်း လဆုပ်ခြင်း ကို ပက္ခ ဟုခေါ်သည်။ ဒိန် =ရက် ဟူ၍ အဓိပ္ပါယ်ရပါသည်။ ပက္ခဒိန်၏ အဓိပ္ပါယ်မှာ လဆန်းနှင့် လဆုပ် ကိုပြသော ရက်မှတ်ဇယား ဟုအဓိပ္ပါယ် ရပါသည်။ ပြက္ခဒိန် ဟူသော ဗမာ အရေးအသားမှာ အဓိပ္ပါယ် ဖွင့်ဆိုရန် အတော်ခက်ပါလိမ္မည်။ ပြက္ခဒိန် ဆိုသည်မှာ အပြားဟု အဓိပ္ပါယ်ဖွင့် ရမလို ဖြစ်ပါလိမ္မည်။ ဗမာဇာတ်မင်းသားများ ဖြစ်သော ဦးစိန်အောင်မင်း ရွှေမန်းဦးတင်မောင် တို့၏ ဆိုခန်း ငိုခန်းတို့၌ လဆန်းပက္ခ လဆုပ်ပက္ခ ဟု ပါရှိလေရာ ငယ်စဉ်က အဖိုးက ကုလားကို ပြောသောစကားနှင့် တူနေပါသည်။ ထိုစကားမှာ မလိုတော့ င၀က် လိုတော့ ဒက်သနာ ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ကုလား မစားလိုလျှင် င၀က် စားလိုလျှင် ဒက်သနာငါး ဟု ဆိုလိုရင်း ဖြစ်ပါသည်။ ဗမာတို့၏ ပြက္ခဒိန် အသုံး သည်လည်း ထိုကုလားကဲ့သို့ ဖြစ်နေပါတော့သည်။
                         ပူရာဏ်သို့မဟုတ်ဘုရား
          မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် သိဒ္ဓတ္ထမင်းသားသည် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်လေသည်။ ဘုရားဟူသော ဝေါဟာရမှာ ရခိုင်အရပ်သားတို့၏ အခေါ် ဖြစ်လေသည်။ ရခိုင်ပညာရှိများ ရေးသော ရှေးစာပေများ၌မူ ပူရာဏ် ဟူ၍သာ တွေ့ရ လေသည်။ ဂေါတမ က ငါသည် ဘုရားဖြစ်သည် ဟူ၍ မကြွေးကြော်ပါ။ ငါသည် ပူရာဏ်ဖြစ်ပြီ ဟူ၍ သာကြွေးကြော် လေသည်။ ပူရာဏ်၏ဝေါဟာရမှာ အပြည့် ဟု အဓိပ္ပါယ် ရပါသည်။ ပူရာဏ်၏ အဓိပ္ပါယ် လေးနက်မှုမှာ ငါသည် ရှေးက ဖြည့်ဆည်းခဲ့သော ပါရမီကြောင့် လောကသုံးပါး၏ အထွဌ် အထိတ် ဖြစ်၍ ငါမသိသော အရာမရှိ။ သင်တို့ ဗြာဟ္မာ ဖြစ်ချင် သလော နတ် ဖြစ်ချင်သလော မင်းဖြစ်ချင်သလော သူဌေးဖြစ်ချင်သလော သင်တို့၏ ဆင်းရဲခြင်း ချမ်းသာခြင်း အိုခြင်း နာခြင်း သေခြင်း တို့အပြင် မသေသောနေရာ အအေး ချမ်းဆုံး နေရာတို့ကို ငါသင်တို့ကို ပြတတ်၏ ဟု ဆိုလိုရင်း ဖြစ်သည်။ မာဂဓဘာသာ ပါဠိစကား ပူရာဏ်ကို ရခိုင်သားတို့က ဘုရားဟု မိမိဘာသာ စကားဖြင့် အထွဌ်တမြတ် ဖန်တီး ယူနိုင်ခဲ့ကြသည်။
          ရခိုငိသားတို့က လောကသုံးပါးတွင် အမြတ်ဆုံး နတ် ဗြဟ္မာ စင်္ကြာဝတေးမင်း ဧကရာဇ်မင်း တို့၏မင်း ဖြစ်တော်မူသော ဗုဒ္ဓကို အထွဋ် အမြတ်ဆုံးဟူသော ဂုဏ်ပုဒ်ကြောင့် မကိုဋ် ဦးသျှောင်တော်ကို ဆောင်းပေးလိုက်ကြသည်။ ဗမာတို့မှာမူ ဗုဒ္ဓသည် ၀ါတော်ကြီး၍ မျက်စိ မုန်လေပြီ ဟုထင်မှတ်ကါ မျှက်မှန် တပ်ပေးလိုက်ကြလေသည်။ ထိုဘုရားမှာ ရွှေမျက်မှန် ကိုတော်ကြီး ဘုရားပင်ဖြစ်လေသည်။ ဤသည်မှာ ပူရာဏ်၏ အကြောင်းကို မသိ ၍ဖြစ်လေသည်။
                      ရခိုင်ပြည်ကို ဘုရားရောက်ခဲ့ပါသလော
          ရခိုင်ပြည်ကို ဘုရားရောက် မရောက် ကိစ္စနှင့် ပါတ်သက်၍ လူမျိုးခြား ပညာရှင် များကို မဆိုထားနှင့် ရခိုင်ပညာရှင် များပင်လျှင် ညီညွတ်မှု မရှိပါ။ ရှေးဟောင်း အယူအဆ ရှိသူတို့က ရခိုင်ပြည်ကို ဘုရားရှင် အမှန်တကယ် ရောက်ရှိကြောင်း သက်သေပြကြသည်။ တချို့ ရခိုင် ပညာရှင် များမှာ အကြောင်း အမျိုးမျိုး ကြောင့်၎င်း အယူအဆ မညီညွတ်၍၄င်း ရခိုင်ပြည်ကို ဘုရား မရောက်ခဲ့ကြောင်း စာတမ်းတင်၍ ဘွဲ့အမျိုးမျိုး ရယူခဲ့ကြသည်။ စာအုပ် အမျိုးမျိုး ရေးသား ခဲ့ကြသည်။ မည်သည့် ပညာရှင် များပင်မဆို ရခိုင်အမည်ခံ မရမာ အနွယ် လူမျိုးတမျိုးသည် မဟိံသကတိုင်း ဟုခေါ်သော အာရက္ခဒေချ ရခိုင်ပြည်တွင် ထီးနှင့်နန်းနှင့် နေထိုင်လာခဲ့ကြသည် ကိုမူ အယူအဆ ကွဲပြားကြလိမ္မည် မထင်ပေ။ ဘီစီ ၃၃၂၅ ခုမှ အေဒီ ၁၇၈၄ ခုထိ သက်တန်းရှည်စွာ ကို့ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့ကြသော မရမာဘာသာ မြမ္မာဇာတ်အနွယ် ရခိုင် လူမျိုးနှင့်စပ်သော ဘုရားရှင် ရောက်ခဲ့ မရောက်ခဲ့ စသည့် အကြောင်း ကို လူမျိုးရေး အမြင် ရှုဒေါင့်မှနေ၍ သုံးသပ်ကြည့် သင့်လေသည်။
          တတိယဓည၀တီခေတ်တွင် စန္ဒာသူရိယ မင်း၏ ပင့်ဖိတ်ချက်အရ ဘုရားရှင် ကြွလာ ကြောင်းကို အိပ်ရာဝင် ပုံပြင် အဖြစ် အဖိုး အဖွား တို့ထံမှ ကြားခဲ့ရပါသည်။ ဤအကြောင်း အရာသည် ရခိုင်ပြည်ရှိ ခလေးသူငယ်တိုင်းကို အဖိုးအဖွား မိဘတို့က ပုံပြင်သဖွယ် ပြောခဲ့ သောစကါးများ ဖြစ်သည်။
             ရခိုင်ပြည်နှင့် ဘုရားအကြောင်းကို စာသင်ချိန်၌ မစည်းစား မတွေးခေါ်မိသော်လည်း ယ္ခုအခါ စည်းစား သုံးသပ်ရန်လိုသော အခြေအနေသို့ ရောက်လာပါသည်။ ရခိုင်ပြည်ကို ဘုရားရှင် အမှန်ပင်လျှင် ကြွရောက်ခဲ့ပါသလော။ ကျောက်စာ ခေါင်းလောင်းစာ မော်ကွန်းစာ ဘုရား၌ရေးထားသောစာ စသည်တို့ကို ချန်လှပ်၍ အမိအဖ အဖိုးအဖွားတို့က ရခိုင်ပြည်ကို ဘုရားရှင် ရောက်ခဲ့သည်ဟု အခိုင်အမာ ဆိုကြသည်။ မည်မျှလောက် မှန်ကန်မှု ရှိပါသနည်း။ လိုမျိုးရေး အကျင့် စာရိတ္တအရ စည်းစားရန် လိုလာပါသည်။
မရမာဘာသာ မြမ္မာဇာတ်အနွယ် ရခိုင်လူမျိုးတို့သည် ရခိုင်လူမျိုးဟု သမုဒ်ခံသော အချိန်မှစ၍ ၁။နိုင်ငံတခုခုကို မိမိလောဘဇောကြောင့် ၀င်ရောက်တိုက်ခိုက် လူ့ယူဖျက်ဆီး သိမ်းပိုက်ခြင်း သိမ်းယူခြင်း မရှိ။၂။ဘာသာ တူသူ မတူသူ တို့၏ ယဉ်ကျေးမှု အနုပညာ လက်ရာ ၊ကိုးကွယ်ရာ ဓလေ့ထုံးစံ ပိသုကါ မြို့ရွာတို့ကို ဖျက်ဆီးဖူးခြင်းမရှိ။ ၃။ဖမ်းဆီးရမိသော စစ်သူ့ပန်း ဘုရင် မင်းသား မင်သ္မီးတို့ကို မုဒိန်းမှု လူသတ်မှု ကျူးလွန်ခြင်း မရှိ။ ၄။လူမျိုးစာရိတ္တတွင် ရခိုင် လူမျိုးသည် လိမ်ညာခြင်း လှည့်ဖျားခြင်း ကြွားဝါခြင်း မနာလို ၀န်တိုစိတ်ရှိခြင်း မတော်လော ဘရှိခြင်း ဂုံးချောခြင်း ဘာသာရေး ဖေါက်ပြန်ခြင်း လိင်ဖေါက်ပြန်ခြင်း ခိုးခြင်း ၀ှက်ခြင်း စသည့် အပြင် မကေါင်းမှု မှန်သမျှတို့ မရှိသော မလုပ်သော လူမျိုးဖြစ်သည်။ ရခိုင်သမိုင်း တလျှောက် လုံး၌ အထက်ပါ အချက် ၄ ချက်ကိုမတွေ့ရပေ။ ထိုသို့ဆိုလျှင် အမိအဖ အဖိုးအဖွား သက်ကြီး သူအို တို့သည် တဆင့်စကါးကို တဆင့် သယ်ဆောင်ရင်း ဘုရားရှင်သည် စန္ဒာသူရိယမင်း လက်ထက် ဓည၀တီ ရခိုင်ပြည်ကို ရောက်ရှိကြာင်းကို စကါးနှင့်တဖုံ အိပ်ရာဝင် ပုံပြင် အဖြစ်တမျိုး သားစဉ်မြေးဆက် လက်ဆင့်ကမ်း၍ ပြောခဲ့ကြသည်မှာ ကြွားဝါ လို၍ မဟုတ်ဘဲ အမှန်အတိုင်း ပြောခဲ့ကြခြင်းသာ ဖြစ်လေသည်။ ရခိုင်လူမျိုးတို့မှာ လူမျိုးအရ၄င်း ဘာသာရေး အရ၄င်း နိုင်ငံရေး အရ၄င်း စီပွားရေးအရ၄င်း အပြစ်တင်၍ ပြောစရာစကါး မရှိပေ။ အလိမ် အညာ မုသ၀ါဒ လောဘ ဒေါသ မောဟ တရား တို့ကို ထိမ်းချုပ်တတ်သော လူမျိုးတမျိုး၏ လက်ဆင့်ကမ်း ပြောခဲ့ကြသော ရခိုင်ပြည်ကို ဘုရားရှင် ရောက်ခဲ့ ကြောင်းမှာ မှန်ကန်သော သစ္စာစကါးပင် ဖြစ်ပါသည်။
                          ဗုဒ္ဓဘာသာသက်တန်းအရှည်ဆုံးနိုင်ငံ
            မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် သိဒ္ဒတ္ထမင်းသားသည် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်လာသည်။ ထိုနေ့မှစ၍ ဂေါတမဘုရား သာသနာစလေသည်။ ဘုရား သာသနာသည် အနှောင့်အယှက်မျိုးစုံ ဘာသာအယူဝါဒ မျိုးစုံကြားမှ မဇ္ဈိမ ဒေသတွင် နေလိုလလို ထွန်းကါးခဲ့သည်။ ယ္ခု အိန္ဒိယနိုင်ငံ အပြင် အနောက်ဘက်တွင် ရောမ ခေါမတိုင်း မြောက်ဘက်တွင် ရပ်ရှား တရုပ် ကိုရီးယား ဂျပန် အရှေ့ဘက်တွင် ရခိုင် ဗမာ မွန် ရှမ်း ယိုးဒယား လာအို ဗီယက်နမ် ကမ္ဘောဒီးယား အင်ဒိုနီးရှား မလေးရှား တို့အပြင် တောင်ဘက် တွင် သီဟိုကျွှန်း တိုင်အောင် ပြန့်နှံ့ခဲ့သည်။
         အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓ ပရိနိဗ္ဗာန် စံပြီးနောက် ဗုဒ္ဓအယူဝါဒကို ဆျန့်ကျင်သော ဟိန္ဒူ အယူဝါဒ ထွန်ကါးလာသည်။ အဇာတသတ်မင်း (ပထမသင်္ဂါယနာတင်ခြင်း) ကါလာသောက မင်း (ဒုတိယ သင်္ဂါယနာတင်ခြင်း)တို့ နတ်ရွာစံပြီးနောက် ဘုရားသာသနာ နှစ်တရာကျော် အတွင်း တွင် အိန္ဒိယ မြို့ပြနိုင်ငံတို့၌ ဗုဒ္ဓအယူဝါ ကွယ်ပျောက်၍ ဗြာဟ္မဏ အယူဝါဒနှင့် ပရပိုဒ် ရဟန်း သာသနာ ထွန်းကါးလာသည်။ ရဟန္တာ အရှင်မြတ် များမှာမူ ဟိမ၀န္တာတောကို မှီ၍ နေထိုင် ကြရလေသည်။ သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ်တွင် နန်းရ၍ ၂၂၂ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်လာသော ပါတလိပုဒ် ပြည်ရှင် အာသောကမင်းကြီး၏ ချီးမြှောက်ထောက် ပန့်မှုကြောင့် ဗုဒ္ဓ သာသနာနှင့် ဗုဒ္ဓအယူဝါဒမှာ အိန္ဒိယ နိုင်ငံတွင် ပြန်လည်၍ ထွန်းကါး လာသည်။
           အာသောကမင်း လက်ထက်  သက္ကရာဇ် ၂၃၅ ခုနှစ်တွင် တတိယ သဂါင်္ယနာတင်၍ ဗုဒ္ဓအယူဝါဒ ဓမ္မတရား များကို ရဟန္တာ အသျှင်မြတ်တို့၏ အကူအညီဖြင့် စုစည်း ထားနိုင်ခဲ့သည်။ အာသောကမင်း နတ်ရွာစံသည်နှင့် အိန္ဒိယနိုင်ငံတွင် ဟိန္ဒူ အယူဝါဒမှာ ပြန်လည်၍ ထွန်ကါးလာသည်။ ဗုဒ္ဓဘာသာသည် အိန္ဒယနိုင်ငံတွင် အာသောကမင်း နတ်ရွာ လားပြီးနောက် ထွန်းထွန်း တောက်တောက် မစည်ကါးတော့ပေ။ ဗုဒ္ဓဘာသာ ရှိသည် ဆိုရုံ လောက်သာ ရှိသည်။ ဗုဒ္ဓ ဘာသာဝင်တို့ကို အမျိုးမျိုးသော အယူဝါဒနှင့် စည်းရုံးခံရခြင်း မင်းတို့၏ ချီမျြောက်မှုကိုမရခြင်း ပုထုစဉ် ရဟန်းတို့မှာ အဓမ္မ ၀ထ္ထု ဆယ်ပါးကို အလိုရှိခြင်း တို့ကြောင့် နာမည်ခံ ဗုဒ္ဓသာသနာ သက်သက်သာ ဖြစ်နေ လေသည်။ ထို့ပြင် တခြား တခြား သော နိုင်ငံတို့၌လည်း ဗုဒ္ဓအယူဝါဒ ပျက်စီး၍ တပါးနိုင်ငံတို့မှ ယူဆောင်၍ သာသနာ ပြုကြရ လေသည်။ ထိုအထဲတွင် သို့မဟုတ် ဤကမ္ဘာတွင် ဗုဒ္ဓသာသနာ မပျက်မစီး မူရင်းအတိုင်း ရှိနေသော နိုင်ငံမှာ ယ္ခင်ရခိုင်နိုင်ငံ တခုသာရှိလေသည်။ မဟာ သက္ကရာဇ် ၁၂၃ ခုမှ ရခိုင် သက္ကရာဇ် ၁၁၄၆ ခုထိ နှစ်ပေါင်း ၂၃၀၀ ကျော် ဗုဒ္ဓ၏ အစစ်အမှန် ဗုဒ္ဓ၀ါဒ ဘုရား သာသနာ တည်ရှိခဲ့ပေသည်။ ၁၁၄၆ ခုမှ ယနေ့အထိ ဗမာတို့ ဖျက်ဆီးမှုကြောင့် ထေရာဝါဒ အမည်ခံ အာစရိယ ဂိုဏ်းဝါဒ ဗုဒ္ဓ သာသနာသည်သာလျှင် ရှိနေပေတော့သည်။(ပြီး))
မှတ်ချက်။ ။ ဆက်လက်ဖေါ်ပြပါမည်------------
____________________________________________________________________________
ယ္ခင်မှအဆက်------------
-----------------------------------------------
ရှေးကျမ်းလာမြန်မာ ၉ မျိုး
မြိ ယော နှင့် ဖုန် ဆလုံ ထါးဝယ် မျိုးနွယ် ကဒူး တဦး ကနန်း တခန်း မြမ္မာ ရဘိန်း ပါကိုး မော်ကွန်းထိုးသည် ကိုးမျိုး မြန်မာ့ နွယ်ဝင်တည်း။ ဤမြန်မာ နွယ်ဝင် ကိုးမျိုးတွင် ပျူလည်းမပါ ဗမာလည်း မပါသည်ကို တွေ့ရပါသည်။
ဗမာသုံးမြန်မာ ၇ မျိုး
မြန်မာသတ္တ မွန်လေးဝ ရှမ်းကသုံးဆယ် ခြောက်ဆယ်ကုလား လူမျိုးတရာ့တပါး။ ဤမြန်မာ သတ္တထဲတွင် ဗမာသည် ရခိုင်ကိုပါ ထည့်ထားလေသည်။ မြန်မာသတ္တအသုံးကို ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် စ၍ အသုံးပြုသည်ကို တွေ့ရသည်။ သက် ရခိုင် တောင်သူ ပျူ ကမ်းယံ ယော ထားဝယ် ဤလူမျိုး ၇ မျိုးကို မြန်မာ သတ္တဟု ဗမာတို့ကဆိုသည်။ ဤမြန်မာ သတ္တ ဇာတ်စနစ်ထဲတွင်လည်း ဗမာလူမျိုးများ မပါ မရှိ သည်ကိုတွေ့ရ လေသည်။ ထို့ပြင် ဆရာဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း ၌မူ မြန်မာသတ္တကို မြန်မာ ပြူ တောင်သူ ကမ်းယံ ယော ရခိုင် ထားဝယ် ဟူ၍ လူမျိုး ၇ မျိုးကို ဖေါ်ပြပါရှိသည်။ ဗမာပညာရှင် အချင်းချင်း တို့သည် မြန်မာ သတ္တ တခုကို ပင်လျှင် ညီညီညွတ်ညွတ် ဖေါ်ပြရေးသားမှု မရှိကြသည်ကို တွေ့ရပေသည်။
ဗမာကိုလူမျိုးခြားတို့အခေါ်
တရုပ် က မျဲန့်
ရှမ်း က မန့်
အိန္ဒိယ က ဘာရ်မား
ပြင်သစ် က ဘာရ်မင်နီ
ဂျာမဏီ က ဘူးမား
ဂျပန် က ဘိရုမာ
ယိုးဒယား က ဖမ
အင်္ဂလိပ် က ဘားမား
ရခိုင် က အောက်သား
ချင်း က ဂေါလ်
ကချင် က မင်န်
ကရင် က ပယော်
မွန် က ဟမယ်
ဘင်္ဂလာ က ဘရမာ့
ဟူ၍ ဗမာကို တခြားလူမျိုးတို့က ခေါ်ကြသည်။
ဗမာသည်ပျူ
ဗမာလူမျိုး၏ မျိုးရိုး အခြေခံ ဗီဇကို ဗမာပညာရှင် အချင်းချင်း ပင်လျှင် ညီညွတ်ခြင်း မရှိပါ။ ဗမာအစ တကေါင်းက ဗမာအစ ပုဂံက ဗမာအစကျောက်ဆည်က စသည်ဖြင့် ဗမာ၏ အစကို ယနေ့ထက်တိုင် ပညာရှင်တို့ ရှာ၍ မတွေ့ရှိကြသေးပေ။ အတည်မပြုနိုင်ကြ သေးပေ။
တကေါင်းမြို့ပြနိုင်ငံ ထူထောင်သော အဘိရာဇာမင်းသည် အိန္ဒိယ အနွယ်သာဂီဝင် မင်းမျိုးဖြစ်သည်။ တကေါင်းမြို့ပြနိုင်ငံ ပျက်သုံးသည်နှင့် သာဂီဝင် မင်းဆက်လည်း ပြတ်သွား လေသည်။
တကေါင်းပျက်ပြီး နောက်မှ သရေခေတ္တရာပျက်ပြီး နောက်မှ ပုပ္ပါး ပုဂံသည် မြို့ပြနိုင်ငံ ဖြစ်လာသည်။ ပုပ္ပါး ပုဂံကို တည်ထောင် သောမင်းများမှာ ပျူမင်းများသာ ဖြစ်လေသည်။ သမုဒရာဇ် ရွှေမောက်တော် စောရဟန်း စောခင်နှစ် မင်းတို့မှာ ပျူ လူမျိုးများ ဖြစ်လေသည်။ စုက္ကတေးမင်းနောက် ဆက်ခံသော အနော်ရထာ နှင့် ကျန်စစ်သားမင်း လက်ထက် ရောက်ပြီးမှ သာလျှင် ဗမာဟူ၍ လူမျိုးသစ် တမျိုး ပေါ်လာခြင်းဖြစ်သည်။ ထိုအကြောင်းကို မြန်မာ့ ယဉ်ကျေးမှု နှင့် ပြဇာတ် သမိုင်းစာအုပ်၌ ပုဂံခေတ်တွင် ပျူလူမျိုးတို့ တိမ်ကော ပပျေက်၍ ပျူမှမြန်မာ လူမျိုး အမည်ဖြင့် လူမျိုးဆက်ကါ ပေါက်ပွား ထွန်းကါးလာကြပြန်သည်။ ဗုဒ္ဓသာသနာသည် ပုဂံ ပြည်သို့ ရောက်သည်မှ အစပြု၍ မြန်မာ့ ယဉ်ကျေးမှု သုခုမ အနုပညာ တို့သည်လည်း တိုးတက် ထွန်းကါး လာကြလေတော့သည် ဟု အစိုးရ ကျောင်းသုံးစာအုပ်တွင် ရေးသားပြဌာန်း ထားခဲ့ လေသည်။ ထို့ပြင် လက်တွေ့ ပယောဂ အင်းကျမ်းကြီး နိဒါန်း၌ သရေခေတ္တရာ၊ ပေါက္ကာရာမံ၊ ပြည်ပေါက္ကံနှင့်၊ တဖန်ပန်းယ၊ ထိုမှစဉ်လာ၊ ဇေယျာစစ်ကိုင်း၊ ပျံ့လှိုင်းကြေငြာ၊ ရတနာပူရ၊ အင်းဝတို့နောင်၊ ကုန်းဘောင်သိင်္ခ၊ လောင်းဘုရာ့ဝံသ၊ မန္တလာ နဂရ၊ ပထမမြို့တည်၊ ဘ၀ရှင်မင်း တြားကြီးလက်ထက် တော်တိုင် ဟူ၍ အရှင်ရေ၀တ သည် ဗမာတို့၏ အစ ပျူဟူ၍ ရေးထားပါသည်။ ထိုကြာင့် အရင်းကိုစစ်လျှင် မြန်မာ အမည်ခံသော ဗမာ သည် ပျူလူမျိုးသာ ဖြစ်လေသည်။
ဗမာ၏မူလအကျင့်
ကြက်တွင် အခြေ လူတွင်မူလ ဟူ၍ ဆိုရိုးစကါးရှိပါသည်။ ပျက်အစဉ် ပြင်ခဏ ဆိုသည်မှာ ပြောလျှင်လွယ်သလောက် ကျင့်ရခက်ပါသည်။ နဂိုမရှိဘဲနှင့် နဂိုင်းထွက်မလာပါ။ အသားမဲသူ တယောက်ကို အမေရိကန်မှ အကေါင်းစား ဆပ်ပြာနှင့် မည်မျှပင် တိုက်ပါစေ၊ ဖြူ၍မလာပါ။ နဂိုရှိမှ နဂိုင်းထွက်လာမည်ဖြစ်သည်။
မဆလခေတ် အသက် ၅၀ ခန့်ရှိ ပါတီ အရာရှိကြီးတယောက်သည် ဗုဒ္ဓဂါယါသို့ ဘုရားဖူး ခရီးသွားရန် ပြင်ဆင်လေ၏။ ယောက္ခမအထီးဖြစ်သူက ဤသို့ဆို၏။ ငါ့သား မင်းရဲ့ မကေါင်းတဲ့ အကျင့်တွေ အလုပ်တွေကို ဘုရားမှာ လျှူပစ်ခဲ့စမ်းပါ ဟုဆို၏။ ကေါင်းပါပြီအဖေ ဟု ၀န်ခံကါ ဘုရားဖူးသွားလေသည်။ ဗုဒ္ဓဂါယါမှ ပြန်ရောက်၍ တလခန့်အကြာတွင် ယ္ခင်က အတိုင်း မကေါင်းမှုကို လုပ်ပြန်လေသည်။ ထိုအခါ ယောက္ခမဖြစ်သူက မကေါင်းတဲ့အကျင့် ကို ဘာဖြစ်လို့ ဘုရားဆီမှာ မလျှူခဲ့သလဲ ဟုမေးလေရာ၊ သမက်က အဖေ ဗုဒ္ဓဂါယါဆိုတာ အလွန်ဖြူစင် သန့်ရှင်းတဲ့မြေ ဘုရားပွင့်တဲ့မြေ ဒီလိုမြေကေါင်း မြေသန့်မှာ ကျနော့ရဲ့ မကေါင်းတဲ့ အကျင့်တွေ အရာတွေကို သွားထါးခဲ့ရင် ကျနော်ငရဲကျမှာပေါ့ ဒါကြောင့် ပြန်ယူ လာခဲ့တယ်။ စိတ်ချပါအဖေ ကျနော်စွန့်မှာ ပါ ဟုပြောဆိုလေ၏။
ဤသို့ပင် ဗမာနှင့် ဆက်ဆံရာတွင် အလွန်ခက်၏။ ဗမာကို ဆရာတင်၍ လည်းမရ။ တန်းတူထား၍လည်းမရ။ တပည့်ထား၍လည်းမရ သော လူ့ဂွစာ လူမျိုး ဖြစ်လေသည်။
ဗမာ၏အတွင်းစိတ်
ဗမာလူမျိုးတို့၏ အတွင်းစိတ်သည် ဖြူစင်ရိုးသားမှု မရှိကြောင်းကို တွေ့ရသည်။ အထူး သဖြင့် အုပ်ချုပ်သူ လူတန်းစားမှာ အလဇ္ဇီ ဒုသီလ များသာ ဖြစ်လေသည်။ ထို့ကြောင့်ပင် ဗမာ့ သမိုင်း တလျှောက်လုံး၌ အပြစ် အနာ အဆာ မျိုးစုံ ရောပွန်းနေသည်ကို တွေ့ရလေသည်။
ပုဂံခေတ်တွင် ခလေးသူငယ်များကို သင်ပေးသော တဘောင်မှာ ထောင်းလျှင်မြန်မြန် ထောင်း ရောင်းလျှင် မြန်မြန်ရောင်း အရေးမသာ ဒက္ခိဏါသို့ပြောင်း ဟူ၍ဖြစ်ပါသည်။ ဤသည် မှာတခြားနိုင်ငံ တခုခုကို တိုက်ခိုက်ရန် လူငယ်များကို လှုံ့ဆော်ပေးသော တဘောင် ဖြစ်လေ သည်။ ထို့ကြောင့်ပင် နိုင်မည် ရှုံးမည် တရားသည် မတရားသည် တို့ကို ခွဲခြား မသိနိုင်ဘဲ အိမ်နီး နားချင်း နိုင်ငံတို့ကို ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်လေသည်။
ဗမာတို့၏စစ်သွေးစစ်မာန်
ဗမာတို့သည် စစ်တိုက်ရန် အထူးလိုလားသော စစ်ဝါဒီ လူမျိုးတမျိုး ပင်ဖြစ်သည်။ ဗမာမဖြစ်မှီ ပျူလူမျိုးအဖြစ် ရှိခဲ့စဉ်က သုပညာနဂရဆိန္ဒမင်း အေဒီ သက္ကရာဇ် ၉၄၃ ခုတွင် ရခိုင်ပြည် ဒွါရာဝတီ သံတွဲမြို့ ကို တိုက်ခိုက်၍ အရိမေတ္တယျ အလောင်းတော် ရွှေဘုရားကို အရည်ဖျော်၍ လုယူ သွားခဲ့ဖူးသည်။ ပုဂံခေတ်သည်လည်း ထို့အတူပင် သူတပါးနိုင်ငံကို ကျူးကျော်ရန်စသော ခေတ်သာ ဖြစ်ခဲ့သည်။ ထို့အတူပင် ပျူမှဗမာဖြစ်လာသော ရှမ်းသွေးပါ မြင်းစိုင်းဘုရင် ငါးစီးရှင် ကျော်စွာမင်း လက်ထက်၌
ဟုတ်တည်း ရှင်ခြင်း ရှင်ခြင်း
ဟုတ်တည်း ဆွေရင်း ဆွေရင်း
ဟုတ်တည်း သည်းရင်း သည်းရင်း
တရုပ်လာသည် ရိုင်ရိုင်လော ရိုင်ရိုင်
မြှားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်
လင်းပြင်ပြည့်မှ ငှက်လင်းတ လတိုင်းလော လတိုင်း လတိုင်း။
စသည့် ကဗျာ သီခြင်းတို့နှင့် အတူ စစ်သွေးစစ်မာန်သည် ပုဂံခေတ်ကထက် မြင့်မား လာသည်။ ထို့ကြောင့်ပင်လျှင် ဗမာတို့သည် မွန်နှင့် အနှစ် ၄၀ ကြာ စစ်ပွဲ ဖြစ်ခဲ့ရ လေသည်။
ဗမာတို့၏စစ်ဝါဒကို လက်တွေ့ကျင့်သုံးမှု
ကျူပင်ခုတ်ကျူငုတ်မကျန်စေနှင့် ဟူသော စကါးတခွန်းကို ရှေ့ဗမာကြီးများသည် နောက်ပေါက် ဗမာလူငယ်များအပေါ် အဖန်ဖန် ပြောဆို သွန်သင်ထားခဲ့ကြသည်။ ဤစကါး၏ အဓိပ္ပါယ်မှာ ရန်သူဟူသမျှကို အစဖျောက် သတ်ပစ် တယောက်မှ မလွှတ်စေနှင့် တယောက်မှ မကျန်စေနှင့် ဟု ဆိုလိုရင်း ဖြစ်ပါသည်။ ထို့အပြင် မိမိလူမျိုးမှအပ တခြားလူမျိုး မှန်သမျှ သတ်ပစ် ဟု အဓိပ္ပါယ် ရပါသည်။ စေ့စေ့ တွက်ကြည့်လေ ကြောက်စရာ ကေါင်းလေ ဆိုသည့် စကါးမျိုး ဖြစ်ပါသည်။ ဗမာလူကြီးများသည် ဗမာလူငယ်တို့အပေါ် မကေါင်းသော အတွေး အခေါ် အယူ အဆ များကို သွင်းပေးခြင်းဖြင့် တခြားလူမျိုးတို့၏ ယုံကြည်မှုကို မရနိုင်ပေ။
ဗမာတို့သည် တိုင်းရင်းသား လူမျိုးတို့ အပေါ် ပါးစပ်တွင်ပျား ၀မ်းတွင်မျှား ဆိုသည့် စကါးပုံအတိုင်း အမြဲမပြတ် ကျင့်သုံးခဲ့ကြသည်။ ကျူပင်ခုတ် ကျူငုတ် မကျန်စေနှင့် ဟူသော စကါးပုံအတိုင်း ဗမာတို့သည် အိမ်နီးနားချင်း နိုင်ငံတို့အပေါ် လူသတ်ဝါဒကို ကျင့်သုံးကြလေ သည်။ ဤဗမာ့ စစ်ဝါဒကြောင့်ပင်လျှင် ပျူခေတ် ပုဂံခေတ်မှ ယနေ့တိုင် စစ်မီးတောက်နေခြင်း ဖြစ်သည်။
သရေခေတ္တရာ ပုဂံ အင်းဝ တောင်ငူ ဟံသာဝတီ အမရပူရ မန္တလေး စသည့် ဗမာတို့၏ မြို့ပြ လက်နက်နိုင်ငံ ခေတ်အဆက်ဆက်တွင် ရခိုင် မွန် ယိုးဒယား လင်းဇင်း တရုပ် အိန္ဒိယ စသည့် တိုင်းပြည်တို့ကို ကျူးကျော် ရန်စ တိုက်ခိုက်ခဲ့ကြောင်း ဗမာ့သမိုင်း၌ သက်သေ ထင်ရှား ရှိလေသည်။ ဗမာသည် တရားသောစစ် ဟုဆိုသော ခုခံစစ်ကို မည်သည့် အခါကမျှ တိုက်ခဲ့သော လူမျိုးမဟုတ်ပေ။ ဗမာသည် မိမိလောဘ ဇောကြောင့် အိမ်နီးနားချင်း နိုင်ငံတို့ကို ကျူးကျော် သဖြင့်သာလျှင် တန်ပြန် တိုက်ခိုက်ခြင်းကို ခံရခြင်းဖြစ်သည်။
ပုဂံခေတ်တွင် တရုပ်ပြည်မှ စွယ်တော်ကို ရန်စ ကျူးကျော် ခိုးယူသဖြင့် တရုပ်တို့ တိုက်ခိုက်သဖြင့် ပုဂံပြည်ပျက်ရသည်။
ပုဂံခေတ်မှစ၍ ရှမ်းတို့ကို မတရားအနိုင်ကျင့်ခဲ့သဖြင့် ရှမ်းတို့သည် တန်ပြန်တိုက်ခိုက်၍ ၁၅ နှစ်တိုင် ဗမာကို အုပ်ချုပ်ခဲ့သည်။ ပုဂံခေတ်တွင် အနော်ရထာသည် မွန်တို့ကို ရန်စ ကျူးကျော် တိုက်ခိုက်သိမ်းယူခဲ့သည်။ ထို့ပြင် အင်းဝခေတ်တွင် ဗမာတို့ကြောင့် မွန်နှင့်အနှစ် ၄၀ ကြာစစ်ပွဲ ဖြစ်ခဲ့ရလေသည်။
ဗမာသည် ယိုးဒယားကို အကြိမ်ကြိမ် အဖန်ဖန် တိုက်ခိုက် သဖြင့် ယိုးဒယားတို့၏ ပြန်လည် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အိန္ဒိယနိုင်ငံ မဏိပူရနှင့် အာသံနယ်ကို ဗမာတို့ စစ်ရေးအရ ကျူးကျော် ရန်စ တိုက်ခိုက် သိမ်းယူခဲ့သည်။
ဗမာဘုရင် ဘိုးတော်ဦးဝိုင်းသည် ရခိုင်ပြည်ကို မတရား ကျူးကျော် သိမ်းပိုက်ခြင်း ကြောင့် ရခိုင်သည် အင်္ဂလိပ်နှင့် ပေါင်းကါ ဗမာကို တိုက်ခိုက်သဖြင့် ဗမာပြည်သည် အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထိုအကြောင်းကို ဗမာကြီးများက ဗမာ့ဦးစွန်း အနောက် သို့ ယွန်းရသည်မှာ ရခိုင်ကြောင့် ဟု နောက်ပေါက်ဗမာတို့အား အသိပေးသလိုလိုနှင့် ရခိုင်ကို အပြစ် ပုံချခဲ့ကြသည်။
ဤသည်တို့မှာ အကျည်းနည်းဖြင့် တင်ပြသော ဗမာတို့၏ စစ်ရေးကျူးကျော်မှုပင် ဖြစ်သည်။ သမိုင်းကို လိမ်ညာ၍ မရပေ။ ဗမာအာဏါရှင်တို့၏ အစာတပ် ငါးမျှားချိတ်နှင့် တူသော ပေါ်လစီ မူဝါဒကြောင့် မည်သည့်ခေတ်တွင်မှ အေးချမ်းသာယာသော နိုင်ငံတခု မဖြစ်ခဲ့ပေ။ ဗမာ့စစ်ဝါဒသည် လူမျိုးခြားကို မဆိုထားဘိ မိမိလူမျိုးကိုပင်လျှင် ကေါင်းကျိုး ချမ်းသာမှုကို မပေးနိုင်ပေ။ ထို့ကြောင့်ပင်လျှင် ပုဂံခေတ်မှ စ၍ န၀တ နအဖ ခေတ်ထိ ထောင်နံ့ သွေးနံ့ နံသော ဗမာပြည်သာလျှင် ဖြစ်လျှက် ရှိနေပေသည်။
အခန်း(၈)
ရခိုင် သို့မဟုတ် မရမာ သို့မဟုတ် မြမ္မာ
မရမာ သို့မဟုတ် မြမ္မာဟူသော အသုံးအနှုံးကို ရှေးရခိုင် စာပေတို့၌ တွေ့ရသည်။ မရမာ သို့မဟုတ် မြမ္မာ ဆိုသည်မှာ ရှေးရခိုင်ပညာရှင်များက မိမိကိုကိုယ် သုံးနှုံးသော ဝေါဟာရ တခုပင် ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ရခိုင်ကို မြမ္မာ ဟုခေါ်လေသည်။ ဒေသကို အာရက္ခဒေသ ဟု၎င်း တိုင်းကို မဟိံသကတိုင်းဟု၎င်း ဓည၀တီမြို့ကို အစွဲပြု၍ ဓည၀တီ ရခိုင် ပြည်ဟု၎င်း ခေါ်ကြလေသည်။ အချင်းချင်း အလည်လည် ပြောဆို ဆက်ဆံသောအခါ ရခိုင်ဟု ခေါ်ဝေါ် သုံးသွဲကြပြီးလျှင် စာပေ ယဉ်ကျေးမှု မင်းခမ်းမင်းနား ဖြတ်ထုံးစသော ဂန္တ၀င် အသုံး တို့၌ မရမာနှင့် မြမ္မာ ဟူ၍ ရေးသား သုံးစွဲကြလေသည်။
ဝေသာလီကျောက်လှေကါးခေတ် မြိုမင်းကြီး အမြတူ အေဒီ ၇၆၉-၇၇၆ သည် ညီဖြစ်သူ အမြကူကို ခေါ်၍ ဆုံးမသည်မှာ ငါတို့ကါး ရှေးကေါင်းမှုကံကြောင့်သာလျှင် မရမာ မင်းအဖြစ်ကို ရ၏ ငါတို့ အမျိုး ၇ ဆက်ကါး တောင်ထက် တောထဲကြီးသား ဖြစ်၏။ ဤသည် ကိုထောက်လျှင် ရခိုင်ကို ဝေသာလီခေတ်ကပင် မရမာ ခေါ်ကြောင်း ထင်ရှား လေသည်။
ငနှလုံးမင်း အေဒီ ၁၂၄၆-၁၂၅၀ လက်ထက်တွင် ကုလားနှင့် သက်တို့ ပုန်ကန်သဖြင့် ပြည်စိုးကြီး ဓမ္မဇေယျကို စစ်သူကြီးခန့်၍ နှိမ်နှင်းစေသည်။ တပ်ဦးတွင် ကျီးကန်းနှင့်ဗျိုင်း ခွပ်ကြရာ ကျီးကန်းကို အတောင်ကျိုး၍ ဖမ်းရသဖြင့် မင်းထံဆက်သရာ ပညာရှိ အမတ် ၀ိမလ လျှောက်ထုံးကါး ကျီးနံကုလား ဗျိုင်းကါးမြမ္မာ နံအလိုမှာ နဂိုယာယီ ကိန်းနှစ်လီတွင် ယာယီကျီးကန်း ပင်ပန်းကုလား ထွားထွားကြေညက် ပျက်မည်အကြောင်း လုံးပေါင်းပြီးစီး ခရီးမကြာ အောင်မြင်ပါမည် ဟုလျှောက်လေသည်။ ဤလျှောက်ထုံးအရ ဗျိုင်းကါးရခိုင်ဟု မသုံး ဗျိုင်းကါး မြမ္မာ ဟုသုံးသည်ကို တွေ့ရသည်။ ထို့ကြောင့် မြမ္မာ(မြန်မာ)ဆိုသည်မှာ ရခိုင် သားတို့ ကို ခေါ်ခြင်းသာ ဖြစ်လေသည်။
ရခိုင်ဟူသည်မှာ အာရက္ခ ဟူသော ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်။ အာရက္ခ ဆိုသည်မှာ အမျိုးအနွယ်ကို အထူးသဖြင့် စောင့်ခြင်း ဟု အဓိပ္ပါယ်ရပါသည်။(အ အက္ခရာသည် ဗုဒ္ဓ၀ံသဖြစ်သည်) ဇာတ် လူမျိုးမဟုတ်ပါ။ လူမျိုးနာမည်ခံခြင်းသာ ဖြစ်ပါသည်။ အမျိုးအနွယ်ဝံသကို စောင့်သော သူတို့နေထိုင်ရာ အရပ်ဒေသကို အစွဲပြု၍ အာရက္ခပူရ ရခိုင်ပြည်ဟု၎င်း လူတို့ကို ရခိုင်သားဟု၎င်း ခေါ်ခြင်းဖြစ်သည်။ ပညာရှိ သူတော်ကေါင်း တို့ကို ရိုသေ လေးစား တန်ဖိုးထားသော ခေတ်၌ ရခိုင်သားတို့သည် တောင်ဘက်တွင် မော်တင်စွန်း၊ အနောက်ဘက်တွင် ကါလကတ္တား ရေရိုးတကျ မြောက်ဘက်တွင် မြုံပြည် မဏိပူရ အာသံ အရှေ့ဘက်တွင် သရက် မင်းလှ စကု နယ်အထိ ရခိုင် နယ်နိမိတ် အာဏါစက် ပြန့်ခဲ့ လေသည်။
ရခိုင်ပြည်သည် ၃ ပိုင်း ပိုင်းခံရပြီးနောက် တပိုင်းသည် ၀တီလေးရပ်အဖြစ် ဗမာတို့၏ အုပ်ချုပ်မှု အောက်တွင် ရှိနေသည်။ ဘုညာကြီးတိုင်းမှာ ဘင်္ဂလာဒက်ချဲ့နိုင်ငံ ဖြစ်လာပြီးလျှင် မောက်သူဇာ(မူချီတာဘတ်) မဏိပူရ အာသံနယ် တို့မှာ အိန္ဒိယ နိုင်ငံပိုင် ဒေသ ဖြစ်သွားလေ သည်။ ဓည၀တီ ရမ္မာဝတီ ဒွါရာဝတီ မေဃ၀တီ ဟုခေါ်သော စစ်တွေ ကျောက်ဖြူ သံတွဲ မာန်အောင် ဒေသနေ လူတို့မှာ မရမာနှင့် မြမ္မာ အခေါ်ကို နားမလည်ကြတော့ပေ။ ရခိုင်ဟုသာ ပြောဆို ဆက်ဆံကြသည်ကို တွေ့ရတော့သည်။ ရခိုင်ပြည်၏ နောက်ဆုံးနန်းစိုက်ရာ မြောက်ဦး နှင့် ကျောက်တော် ပလက်ဝ ဘူးသီးတောင် မောင်တော ဒေသမှ အသက်ကြီး ပုဂ္ဂိုလ်တို့ သည်သာ မရမာနှင့် ရခိုင်မှာ အတူတူ ဖြစ်ကြောင်း ပြောကြဆဲဖြစ်သည်။ ဦးနု၏ ပြည်ထောင် စုခေတ် ဘူးသီးတောင် မောင်တော ရသေ့တောင် ဒေသတို့တွင် နေထိုင်ကြသော ကုလား တို့က ရခိုင်သားကို မရမာဟု ခေါ်ကြလေသည်။
ဘင်္ဂလာဒက်ချဲ့ မြေပြန့်နေ ရခိုင်သားတို့က မိမိကိုကိုယ် ရခိုင်ဟု ပြောဆို၍ ဗိုလ်မင်းထောင်နှင့် သက်ထောင်နေ ရခိုင်သားတို့မှာ အင်္ဂလိပ်နှင့် ပါကစ္စတန် အုပ်ချုပ်ခဲ့စဉ်က မောဂ်မှ ဘင်္ဂလာဒက်ချဲ့ ဖြစ်လာသောအခါ မရမာ အမည်ကို ခံလာခဲ့ကြသည်။ ရမ်းဗြဲအနွယ် ဖြစ်သော ဘင်္ဂလာဒက်ချဲ့နိုင်ငံ ဘောရိချ (အ၀ကျွှန်း) နေ ရခိုင်သား လူကြီးပိုင်းမှာ ယနေ့ထိ မရမာ ဟုပြောဆိုကြသည်။ သက်ထောင်နှင့် ဖလံထောင်ဒေသနေ ရခိုင်သားတို့မှာတချို့က မရမာ ဟုပြောဆိုကြပြီး တချို့မှာ လူဟုသာ ပြောဆို သုံးစွဲကြလေသည်။ အိန္ဒိယနိုင်ငံ တီပူရာ (မြုံ) မီဇိုရမ် နေရင်း ဒေသနေ ရခိုင်သားတို့မှာ ရခိုင်ကို လူ ဟုသာ ပြောဆို သုံးစွဲကြလေသည်။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် ဗမာပိုင်နက်နယ်မြေတွင် နေထိုင်သော ရခိုင်သားတို့မှာ မရမာနှင့် မြမ္မာဟူသည် ရခိုင်ကို ခေါ်ကြောင်း မသိရှိကြတော့ပေ။ ဗိုလ်မင်းထောင် သက်ထောင် ဖလံထောင် တစိတ်တဒေသရှိ ရခိုင်သားတို့မှာ မရမာဟု သုံးစွဲ ပြောဆိုကြသည်။ ဖလံထောင်နှင့်သက်ထောင် အိန္ဒိယရှိ ရှေးအနွယ် ရခိုင်တို့မှာမူ မရမာကိုလည်းမသိ ရခိုင်ပြည် နှင့် ရခိုင်လူမျိုးကိုလည်းမသိ ရခိုင်စကါးပြောကါ မိမိကိုကိုယ် လူ ဟုသာ ပြောဆို ဆက်ဆံ သုံးစွဲကြလေသည်။
ရခိုင် သို့မဟုတ် မရမာ သို့မဟုတ် မြမ္မာ
ဝေသာလီ ကျောက်လှေကါးခေတ်တွင် ရခိုင်သားကို မရမာ ဟုခေါ်ကြောင်း တွေ့ရှိ ရသည်။ မြန်မာ ဟူသော စကါးလုံးကို မြမ္မာ ဟူ၍ ရခိုင်ပညာရှင်များ ရေးသားခဲ့ကြသည်။ ပဖဗဘမ ကြာသပတေး သောမဂြိုလ် စိုးသော မြမ္မာဟု ဆျန်းနိမိတ်ဖြင့် အဓိပ္ပါယ် ယူခဲ့ကြသည်။ တိုင်းပြည်ကို ထူထောင်သောရက်မှာ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၅၂ ခု အေဒီ ၁၁၉၀ ခုတွင် မြမ္မာဟူသော ဝေါဟါရ အသုံးကို တွေ့ရသည်။ထို့ပြင် ကျောက်စာ၏ မူရင်း အပြည့်အစုံကို မသိရသော်လည်း ကျန်စစ်သားမင်း လက်ထက် ၁၁၀၂ ခုတွင် ရေးထိုးသော ရှေးမွန် ကျောက်စာ၌ မိရမာ ဟုရေး ထိုးထားလေသည်။
မရမာ အကြောင်းကို အေဒီသက္ကရာဇ် ၁၂၈၃ ခုနှစ်တွင် လောင်းကြတ်မြို့ကို အစိုးရသော ဘုရင်မင်းထီးသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ကုသိုလ် ကောင်းမှုပြုစဉ် ကျောက်စာရေးထိုး၍ မှတ်တမ်းတင်ခဲ့ပါသည်။ ထိုကျောက်စာ၌ မရမာမင်း လာလတ်၍ ဟု ပါရှိလေရာ ရခိုင်ကိုပင် မရမာ ဟုခေါ်ကြောင်း ထင်ရှားလေသည်။ ထို့ပြင် သက္ကတ ဘာသာဖြင့် ရေးထားသော သရောဒယ (သရဒွေး) ကျမ်းကို မရမာ ဘာသာ ဖြင့် ဖွင့်ပေလတ္တံ့ ဟု စာရေးသူ က ချီးထားလေရာ မရမာဆိုသည်မှာ ရခိုင်ကို ဆိုကြောင်း သိသာလေသည်။
ရုံပြည်မှ မင်းသား ရှာအလင်နှင့် လူပေါင်း တထောင်သည် မရမာ စာကို သင်ကြားရန် မြောက်ဦးနန်းတော်သို့ ရောက်ရှိကြောင်း မှတ်တမ်း တင်ရှိလေသည်။ ဂန္တ၀င် ရခိုင်စာပေ၌ ရခိုင်ကို မြမ္မာဟူ၍၄င်း မရမာ ဟူ၍၄င်း ရေးသားသုံးစွဲကြသည်ကို တွေ့ရသည်။ ရခိုင်သမိုင်း တိမ်မြုတ်နေ၍သာ ကျယ်ပြန့်စွာမသိရှိ နိုင်ခြင်း ဖြစ်သည်။
ငနှလုံးမင်းသည် ကုလားအမတ် နှစ်ရာ တို့ထံမှ တန်ဆာကို သိမ်းစေ၍ အတွင်း မိန်းမ အသုံးဖြစ်သော မောလိပ်အစို့မှာ ဖွဲ့တော်မူလေသည်။ ကုလားမင်းသား၏ ကျေးကျွှန် ပါရင်း လူငါးရာကိုလည်း ပါရင်းအတိုင်း ပေးသနားတော်မူလေသည်။ ဘေးတော်ဒသရာဇာမင်း ဖွဲ့စည်းတော်မူခဲ့သည့် အစုသား တလိုင်း ပျူ ကမ်းယံ တို့မှာ ဆင်အစို့ ပန်းထိမ်အစို့ သဘင်အစို့ မြောက်စည်အစို့ သား တို့ကို ရှိမြဲရှိစေ၊ ထိုမှကြွင်းသော သူတို့မှာ မြမ္မာဖြစ်စေ၊ အစုနုတ်၍ မြမ္မာ တို့ကဲ့သို့ အသည်ကါလ အမှုကိုထမ်းစေ၊ အမိန့်တော်ပညတ်၍ အသည်ကါလဖြစ်စေသည်။ အသည်သားတို့က အမှုထမ်း လူပေါင်း တသိန်းကို လင်္ကျာ သင်းငါးသောင်း လက်ဝဲ သင်းငါး သောင်း ၄င်းလူတို့ကို လင်္ကျာ လက်ဝဲ နံဘေးတို့မှာ ခြင်္သေ့ရုပ် ထိုးစေ၍ ကိုရံတော်တပ် ဖွဲ့စည်းတော်မူသည်။
ဤသည်မှာ ရခိုင်သားကို မြမ္မာ ဟုခေါ်ကြောင်း ဝေသာလီခေတ် ဘုရင့် ပြန်တမ်း တခု ပင်ဖြစ်သည်။
မဇ္ဇျိမအရေးတော်ပုံကျမ်းလာမရမာ
ကမ္ဘာဦးကဖြစ်သော ခတ္တိယ မင်းမျိုးစဉ်ဆက် ကျမ်းဂန်အထွက် အလာတွင် အမျိုး လေးပါး ဗြာဟ္မဏ ခတ္တိယ ဘိသျှ သုဒ္ဓိယ လေးပါးရှိသည်။ ထိုလေးပါးတို့တွင် သုဒ္ဓိယ အမျိုးက ပွားများ၍ အသီးသီး ပြည်ထောင်မင်း ပြုကြလေသည် များ၏။ ကျမ်းဂန်အလာတွင်လည်း မဂရ်ဇ် တိုင်း၌ ရာဇဂြိုဟ်ပြည်ကို သုဒ္ဓိယတို့က မဂဓတိုင်းဟု ခေါ်ဆိုကြသည်။ ရာဇဂြိုဟ်ပြည် ရှင် ခတ္တိယမင်းမျိုး ၀ရသင်္ခ လက်ထက် သားတော်ရတနာကို ဘာဂီရနဒီ မြစ် အရှေ့ဘက် ခရိုင်ခြားလျှက် ပေးတော်မူလေ၍ အယုဇ္ဈပူရတိုင်း၌ အာလ၀ီမြို့ကို တည်သည်။ ထီးနန်း မင်းဆက် များစွာရှိသောကြောင်း ထိုပြည်သူတို့ကို မရမာ ဖြစ်ကြောင်း ဂေါဓမ္မဒန္ဒြကျမ်းက မရမာ အမျိုး အနွယ်ဆက် မှန်၍ ဟိန္ဒုစလွယ်တင် ခတ္တိယအမျိုး မရမာ တို့ကို မသလမံ ကုလား တို့က မောက်ဟူ၍ ခေါ်သည်။(သံတွဲမြို့စား ဇေယျကျော်ထင်)
ဓည၀တီအရေးတော်ပုံကျမ်းလာမရမာ
ရာဇ၀င်ကြီးသော်ကါး မရမာ အမတ်မျိုး စာဖတ် တိုဝေ(ဒိုးဝေ)သှ် လောကီ လောကုတ္တရာ ထိုနှစ်ပါးကို နားလည်၍ စီကုံးခဲ့သော စာစောင် လေးဆယ်ရှစ်အင်္ဂါ ရှိသော စာကို မူလ ပြုလျှက် ပျို့ လင်္ကါ သမိုင်းထွက် ညီသော ရာဇ၀င်ကြီးက ကေါက်နုတ်၍ ရက္ခပူရတိုင်း ဓည၀တီမည်သော မြောက်ဦးမြို့ ပြည်ကြီးမင်းဆက်တို့၏ အရေးတော်ပုံကို နောင်လာ သားမြေး စဉ်ဆက် မှတ်သားရစ်စေဟု ရေးသား ထားတော်မူခဲ့သောကျမ်း ဤတွင် ပြီး၏။
ပါမောဇ္ဇဒီပနီကျမ်းလာမြန်မာ
၎င်းကမ္ဘာဦးသူတို့သည် ဗြာဟ္မာတို့နှင့်မခြား လောဘစသော အကုသိုလ် စိတ်မပွားမှီ ကိုယ်ရောင် တောက်ပလျှက် ကေါင်းကင်၌ မြေအပြင်ကဲ့သို့ သွားခြင်း စသည်ကို ပြုကြသော ကြောင့် ဗြာဟ္မာ ဟူသောအမည်ကို ရကြကုန်၏။
ကါလရှည်ကြာ နေ့ ရက် လ နှစ် များလှမှ ဗအက္ခရာကိုမ အ အက္ခရာကို န ပြန်၍၄င်း န ၌တန်ခွန်လွှား၍ မြန်မာ တနည်း မ ပြန်၍ မြမ္မာ ဟု ယခုကါလ ဝေါဟာရ ပြုကြလေသည်။ သို့ဖြစ်၍ ကမ္ဘာဦးကါလ၌၄င်း မြန်မာ တမျိုးသာတည်း။ ဝေါဟာရ ဘာသာလည်း မဂဓ ဘာသာ တည်း ဟူသော ပါဠိဘာသာ တခုကိုသာ ပြောကြကုန်၏။
၎င်းမြန်မာမျိုး တဦးတွင် အဆင်းကြန်အင်နှင့် ယဉ်ကျေးနှုတ်မူ သဘောဖြူသော ငါတို့ ဘုရားလောင်းကို မဟာသမတမင်းဟု သမုတ်ကြသောကြောင့် ၄င်းမင်းမျိုးမှ ဘုရားဖြစ်၍ မြန်မာ မျိုးမှ ဘုရားဖြစ်သည် ဟုမှတ်လေ။
မြန်မာမျိုးတဦးက မင်း ပုဏ္ဏား ကုန်သည် သူဆင်းရဲ ဟုလေးမျိုးသာရှိကြောင်း ကွဲပြား ကြောင်း ကို သုပ္ပါထေယျအဂ္ဂညသုတ် ပါဠိတော် ၄င်းအဌကထာ စသည်တို့၌ ဟောတော်မူ အပ်၏။ ကြွင်းသော ကိုးဆယ်ခုနှစ်ပါးသော လူမျိုးတို့ကို မဟောအပ်ကုန်။
(ကျိုက်လပ်ဆရာတော်)
ရခိုင်ကိုလူမျိုးခြားအခေါ်များ
မြို တို့က မရမာ ဟုခေါ်သည်။
ခမွီး တို့က မဟာဘတ် ဟုခေါ်သည်။
သက် တို့က မရန်း ဟုခေါ်သည်။
ဒိုင်းနက် တို့က အမရန်း ဟုခေါ်သည်။
ဗမာ တို့က ရခီး ရခိုင်ကြီး ဟုခေါ်သည်။
စစ်တကေါင်းသား ကုလားတို့က မော်ဂဲ မော်ကျား မရမာ ဟုခေါ်သည်။
ဒါကါနှင့်အနောက်ဘင်္ဂလားနယ်သားတို့က မောဂ် ဟုခေါ်သည်။
အိန္ဒိယပြည်မသားတို့က မာ(ချဲ့)ဟုခေါ်သည်။
ပေါ်တူဂီ တို့က အာရီကင် ဟုခေါ်သည်။
အင်္ဂလိပ်တို့က အာရကန် ဟုခေါ်သည်။
မြုံတို့က မခေါက် ဟုခေါ်သည်။
ဖလံထောင် သက်ထောင် မြုံပြည်နေ ရခိုင်စကါးပြောသူတို့က လူ ဟုခေါ်သည်။
တပင်ရွှေထီး၏ရခိုင်ပြည်ကို ကျူးကျော်စစ်ပွဲ
ရခိုင်သက္ကရာဇ် ၉၀၆ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးသည် ရခိုင်ပြည်ကို ၀င်ရောက် တိုက်ခိုက်လေသည်။ ရခိုင်တို့က ၀န်းရံပိတ်ဆို့ တိုက်ခိုက်သဖြင့် ဆင်မြင်း လက်နက် တို့ကို ပေးအပ်ခါ အညံ့ခံလေသည်။
ရခိုင်သက္ကရာဇ် ၉၀၇ ခု တန်းဆောင်မုန်း လဆန်း ၈ ရက် တလင်းလာနေ့ တွင်တဖန် ဗမာ ရှမ်း မွန်တလိုင်း တို့ကို စုစည်း၍ တပင်ရွှေထီးသည် စစ်သည်အင်အား အလုံးအရင်းနှင့် ဒုတိယ အကြိမ် ၀င်ရောက် တိုက်ခိုက်ပြန်လေသည်။ ရခိုင်တို့က လေးဘက်လေးတန်မှ နေ၍ ညှပ်၍ တိုက်လေရာ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့၏ တပ်ပျက်လျှက် ဆင်မြင်း လက်နက် ပေးအပ်ခါ အညံ့ခံပြန်လေသည်။
ရခိုင်သက္ကရာဇ် ၉၀၈ ခု တန်ဆောင်မုန်းလဆန်း ၄ ရက် တလင်းလာ နေ့တွင် စစ်သည်အင်အား များစွာဖြင့် တတိယအကြိမ် ၀င်ရောက်တိုက်ခိုက် ပြန်လေသည်။ ဤစစ်ပွဲ တွင် တပင်ရွှေထီးကိုတိုင် အဖမ်းခံရလေသည်။ ထို့ကြောင့် တပင်ရွှေထီးသည် မိမိရှုံးကြောင်း ကိုသိ၍ ပြည်ဘုရင် နရပတိ၏ နှမကို မင်းအဆောင် အယောင် နှင့်တကွ ရွှေငွှေ ဆင်မြင်း လက်နက် ကိရိယာ တို့ကိုပေးအပ်ခါ ထိုနှစ် တပေါင်းလ္ဆန်း ၉ ရက်နေ့ တောင်ငူမြို့သို့ပြန်တော် မူလေသည်။
မင်းဗါဘုရင် တပင်ရွှေထီး ဘုရင့်နောင် တို့၏စစ်ပွဲ
သီရိသူရိယစန္ဒမဟာဓမ္မရာဇာ ဘွဲ့ကို ခံယူသော မင်းဗါဘုရင်သည် တိုင်းပြည်နိုင်ငံ ကေါင်းစားရေးအတွက် မင်းနှင့် အမတ် ပညာရှိတို့ ညီမျှစွာသော အုပ်ချုပ်ရေး တရပ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ဓမ္မသတ်ရွှေမျှဉ်းကို အတည်ပြုခြင်း အမျိုးသား အမျိုးသမီးတို့၏ ယဉ်ကျေးမှုတရား အမျိုးလေးပါးကျင့်ဝတ် ဘာသာ သာသနာအရေး အုပ်ချုပ်ရေး ဘဏ္ဍာရေး စီးပွားရေး လူမှုရေး တရားရေး ကဏ္ဍ အသီးသီး တို့နှင့်တကွ နိုင်ငံခြား ဆက်ဆံရေး ပါမကျန် အကေါင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့သည်။
မင်းဗါဘုရင်လက်ထက် တောင်ငူဘုရင် တပင်ရွှေထီးသည် စစ်သည်အင်အား အလုံးအရင်းနှင့် ချီတက်လာသည်။ ရခိုင်တို့က လေးဘက်လေးတန် ညှပ်၍ တိုက်လေသဖြင့် ဆင် မြင်း လက်နက်တို့ကို ပေးအပ်ခါ အညံ့ခံလာလေသည်။ တပင်ရွှေထီးနှင့် ဘုရင့်နောင် တို့သည် ရခိုင်ပြည်ကို ၄ ကြိမ်တိုင်တိုင် ရန်စကျူးကျော် တိုက်ခိုက်လေသည်။ ၄ ကြိမ် တိုင်စစ်ရှုံးလေသည်။ ထိုစစ်ပွဲတွင် မင်းဗါ ဘုရင်၏ သမီးတော်တပါးသည် တပင်ရွှေထီးကို ကြက်ငှက်ဖမ်းသလို ဖမ်းယူနိုင်ခဲ့သည်။ ၄ ကြိမ်တိုင်တိုင် နိုင်ငံတခုကို မတရား ကျူးကျော် ခြင်းသည် အုပ်ချုပ်သူ ဗမာတို့၏ သဘောထား အစစ်အမှန် မည်သို့ ရှိသည်ကို သိနိုင် လေသည်။
တပင်ရွှေထီး၏ အမိန့်ဖြင့် ငြိမ်းချမ်းရေး စကါးဆိုရန် ဘုရင့်နောင် ကျော်ထင်နော်ရထာ သည် မြောက်ဦးနန်းတော်သို့ ရောက်လာလေသည်။ အမတ်ပညာရှိ ဓမ္မဇေယျက ကျော်ထင် နော်ရထာအား အမတ်ကြီးတို့ပြည်တွင် ရတနာသုံးပါး ဘုရားတရားတော်ကို ကြည်ညိုသူ ရှိပါ၏ လော၊ ပြည်ရှင်မင်းလည်း မင်းကျင့်တရား ဆယ်ပါး ရာဇဂုဏ်ရှစ်ပါး မြဲပါ၏လော၊ မူးမတ် တို့သည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံပါ၏လော၊ ဟုမေးလေသည်။
ဘုရင့်နောင် ကျော်ထင်နော်ရထာက ကျွှန်ုပ်တို့ တိုင်းပြည်တွင် သာသနာလည်းထွန်း မင်းလည်း ဘုန်းအာဏါကြီးကျယ် မူးမတ်တို့လည်း အင်္ဂါစုံ ပညာဗလ ကြွယ်ဝကြသည်ပင် ဟု ပြန်ဖြေလေသည်။
နောက်တနေ့တွင် မင်းဗါဘုရင်သည် ကျော်ထင်နော်ရထာအား ဆုံးမသည်မှာ ရေမရှိ သောကန် ဆန်မရှိသောစပါး တရားမရှိသောမင်းမျိုး ဆိုးကေါင်းမသိသောမီး ခရီးရောက် ရာသွား၍ ကြွက်ကိုစားသည့်မြွေ ဤသတ္တ၀ါ ၅ ဦးတို့သည် ပဉ္စဘုတ် ၊ သူတော်ကေါင်းကို မှီခို ရာမအပ်၊ အကျိုးအပြစ်ကိုလဲမသိ၊ ထိုသတ္တ၀ါတို့ ရှိရာအရပ် ဒေသ၌ အရှည်မထွန်းလင်းနိုင်ရာ၊ ရန်သူမျိုး ငါးပါးနှင့် ဆက်ဆံရာ များလေသည်ပင်၊ အစ်ကိုတို့ တောင်ငူမင်းလည်း လက်ရုံးမာန အားလွန်သည် ပညာရှိနှင့် နီးကပ်ပေါင်းစေဦး ဟုဆို၍ တပင်ရွှေထီးနှင့် တွေ့ရန် မဟာပညာ ကျော် အမတ်ကို ထည့်လိုက်လေသည်။
တပင်ရွှေထီးအား မဟာပညာကျော် လျှောက်သည်မှာ မင်းလည်းမင်းကြမ်း အမတ် သွမ်းနှင့် အကျွှမ်းမိတ်ဝင် သို့တည်းလျှင်မူ ပြည်သူရိပွတ် မင်းတည့်တမ်က အမတ်ထို့တူ ပြည်သူမညိုး စစ်ထိုးမရှိ မရိသတ္တ၀ါ ရေစာမရှား ခိုးသားမပေါ် ပြင်မျှော်သသူ ကြည်ဖြူမြတ်နိုး ရေခမိုးသို့ ဟူ၍လျှောက်လေသည်။
ရခိုင်တို့၏အားနဲချက်
လူမျိုးတမျိုး၏ အမြင့်မြတ်ဆုံးသော အဆင်းတန်ဆာမှာ နိုင်ငံတော်၏ အချုပ်အချာ အာဏါ ရှိခြင်းပင် ဖြစ်သည်။ ရခိုင်လူမျိုးတို့၏ အားနဲချက်မှာ နိုင်ငံတော် အာဏါ ဆုံးရှုံးရခြင်း ပင်ဖြစ်သည်။ ဤသို့ အချုပ်အချာ အာဏါ ဆုံးရှုံးရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြသနာ များမှာ ။
၁။ နိုင်ငံရေးဆုံးရှုံးခြင်း
၂။ဘာသာရေးဆုံရှုံးခြင်း
၃။ လူနေမှုစနစ်ဆုံးရှုံးခြင်း
၎။ စီးပွားရေးပျက်စီးခြင်း
၅။ ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးခံရခြင်း
၆။ စာပေအနုပညာပျောက်ပျက်ခြင်း
၇။ ဓလေ့ထုံးစံပျက်စီးခြင်း
၈။ အုပ်ချုပ်ရေးစနစ်ပျက်စီးခြင်း
၉။ဝတ်စားဆင်ယင်မှု မှစ၍ လူမျိုးနှင့်ဆိုင်သော အမွေအနှစ်မှန်သမျှ ပျက်စီး ရလေတော့သည်။ အထက်ပါအချက်များ ပျက်စီးမှုကြောင့် ကမ္ဘာ့အလယ်တွင် ရခိုင်ဟူသော လူမျိုး တမျိုးကို သိနိုင်ရန်မှာ မလွယ်ကူတော့ပေ။
နိုင်ငံရေးဆုံးရှုံးခြင်း
ရခိုင်လူမျိုးသည် နှစ်ပရိစ္ဆေဓ ကြာမြင့်စွာ ကိုယ့်ထီးကို့နန်းနှင့် နေလာခဲ့သော လူမျိုးဖြစ် လျှက် အဘယ်ကြောင့် လူမသိ သူမသိ ဖြစ်သွားရသနည်း။ အဖြေမှာ နိုင်ငံရေးဖျောက်ဖျက် ခံရသောကြောင့် ဖြစ်သည်။ ရခိုင်နှင့် ဆက်ဆံသော အဓိက နိုင်ငံနှစ်ခုမှာ ဗမာနှင့် အိန္ဒိယ တို့ဖြစ်သည်။ ဗမာနိုင်ငံထက် အိန္ဒိယနှင့် ဆက်ဆံမှု ပိုများခဲ့သည်။ ဟိန္ဒု အယူဝါဒ ယစ်နတ် ပူဇော်ခြင်း ဓလေ့မှ ဗုဒ္ဓအယူဝါဒသို့ ကူးပြောင်းပြီးနောက် ရခိုင်နှင့် အိန္ဒယသည် တသီးတခြား ယဉ်ကျေးမှု ဖြစ်ပေါ်လာသည်။ ဟိန္ဒုအနွယ် သာဂီမျိုးမှ ဆင်းသက်လာသော ရခိုင်သားတို့ သည် ဇာတ်ခွဲခြားရေးစနစ်ကို ဖယ်ထုတ်၍ ဗုဒ္ဓအယူဝါဒအတိုင်း ဇာတ်မခွဲခြားဘဲ အေးအတူ ပူအမျ နိုင်ငံ၏ အာဏါ အကျိုးကျေးဇူးကို ခံစားခဲ့ကြသည်။ ဟိန္ဒူတို့၏ ဇာတ်ခွဲခြားရေး စနစ်နှင့် မသက်ဆိုင်သော ဗုဒ္ဓအယူဝါဒ ရှိသည့် ရခိုင်လူမျိုးတို့ကို ဟိန္ဒုတို့က ရှိသည်ဟူ၍လည်းမထင် မရှိဟူ၍လည်း မထင် ဖါသိဖာသာ နေလာခဲ့သည်။ ရခိုင်ဘုရင်တို့ ဗုဒ္ဓဂါယာကို ဘုရားဖူး သွားလျှင်လည်း ရန်မမူဘဲ ဖါသိဖါသာ နေခဲ့ကြသည်။ နိုင်ငံတခုနှင့် နိုင်ငံတခုသည် အကျိုးစီး ပွားမတူညီဘဲနှင့် အကျိုးတူ စီးပွားတူ ဘာသာတူ မှတ်တမ်းတင်ရန်မှာ မဖြစ်နိုင်ပေ။
ဗမာသည် အိန္ဒိယနိုင်ငံထက် ရခိုင်တို့၏ အကျိုးစီးပွားကို မနာလို မရှုစိမ့်သော နိုင်ငံ ဖြစ်သည် အိမ်နီးနားချင်း ဖြစ်ပါလျှက် ခေတ်အဆက်ဆက် ၀င်ရောက်တိုက်ခိုက် ကျူးကျော် ခဲ့သည်။ စကါးနိုင်လု၍ မုသ၀ါဒ ဆိုခဲ့သော လူမျိုးဖြစ်သည်။ (စည်းတပစ်အမတ်ကိုရှုပါ)
အရင်းရှင်ခေတ်ဦး ရီနေဆန်ခေတ်တွင် မြောက်ဦးမြို့သည် အရှေ့တောင် အာရှတွင် ကျွှန်ကုန်ကူးရာ အဓိကမြို့ဖြစ်ခဲ့သည်။ ပေါ်တူဂီ ဒပ်ချဲ့(နယ်သာလင်) အီတလီ အင်္ဂလန် စပိန် အာရပ် ပြင်သစ် စသော နိုင်ငံနှင့် လူမျိုးတို့၏ ကျွှန်ကုန်ကူးရာ မြို့ဖြစ်ခဲ့သည်။ ရခိုင်ဘုရင်သည် မိမိကိုယ် တိုင်မလုပ်ဘဲ ဥရောပ သားတို့ကို ကျွှန်ကုန်ကူးရန် ခွင့်ပြုခဲ့သည်။ ဥရောပ သားတို့ သည် မြောက်ဦးမြို့မှနေ၍ စူမတြာ ဂျာဗား စသော အရှေ့ဖျားတခွင်သို့ ကျွှန်ကုန်ကူး ခဲ့ကြ သည်။ ယခုအခါ ထိုနိုင်ငံတို့သည် မိမိအကျိုးစီးပွား မရှိသော နိုင်ငံပျက်တခုအတွက် မည်သို့မျှ အလေးထားသည်ကို မတွေ့ရတော့ပေ။
အော်တိုမန် အင်ပါယာ၏ မူဆလင်ဝါဒ ချဲ့ထွင်ရေး စစ်ပွဲတွင် အာဖရိကတိုက် နှင့် အာရှမိုင်းနားဒေသ အပြင် အီတလီနိုင်ငံ ကွန်စတန်တီနိုပယ်မြို့ထိ မူဆလင် အင်ပါယာ လက်အောက်သို့ ကျရောက်သွားလေသည်။ ထိုအခါမှ ဥရောပ ခရိယန်တို့ နိုးထလာကြပြီး ပြင်သစ် ဂျာမဏီ အီတလီ တို့စုပေါင်းပြီး မူဆလင် အင်ပါယာ ချဲ့ထွင်လာမှုကို တားဆီးနိုင်ခဲ့ ကြသည်။ ဂရူးဆိတ် စစ်ပွဲကိုဆင်နွဲ၍ အောင်ပွဲခံ မှတ်တမ်းတင်ခဲ့ကြသည်။ ဂုဏ်ယူဝင့်ကြွား၍ အောင်ပွဲခံခဲ့ကြသည်။ ကမ္ဘာတခုလုံးသိအောင် ပြုလုပ်နိုင်ခဲ့ကြသည်။
အာရှအရှေ့ဘက်သို့ နယ်ချဲ့လာသော မဂိုတို့၏ မူဆလင် ဘာသာ ချဲ့ထွင်ရေးစစ်ပွဲတွင် အာဖဂန်နစ္စတန်မှ စ၍ ပါကစ္စတန် ကျပြီးနောက် အန္ဒိယနိုင်ငံ တခုလုံးကို သိမ်းယူ သွား လေသည်။ အိန္ဒိယနိုင်ငံကို မူဆလင်ဘာသာဝင် မဂိုဘုရင်တို့ အုပ်ချုပ်သည့် အချိန်မှစ၍ မောက်သူဇာမှ မော်တင်စွန်းထိ ရှိသော ရခိုင်အင်ပါယာကို မကြာခဏ ၀င်ရောက်တိုက်ခိုက်၍ အားစမ်းနေခဲ့ သည် ။ရခိုင်တို့၏ အားအနဲဆုံးအချိန် တတိယ မြောက်ဦးခေတ် အေဒီ ၁၆၆၆ ခုနှစ်တွင် ဒါကါ နှင့် စစ်တကေါင်း မြို့ကို မဂိုတို့ သိမ်းယူသွားလေသည်။ မူဆလင်တို့၏ စစ်ဦးသည်လည်း စစ်တကေါင်းမြို့ အရှေ့ကမ်းကို မကျော်နိုင်ဘဲ အဆုံးသတ် သွားလေသည်။ ဤသို့အရေး ကြီးသော အကြောင်းအရာပေါင်း များစွာမှတ်တမ်းတင် မခံရခြင်းသည် နိုင်ငံရေး ဆုံးရှုံးခြင်း ကြောင့်ဖြစ်လေသည်။ ဤအဖြစ်အပျက်များသည် နိုင်ငံတခုမရှိ၍ နိုင်ငံရေး ဆုံးရှုံးခြင်းကြောင့် မှတ်တမ်းတင်မခံရသော ဖြစ်ရပ်များဖြစ် လေသည်။ အချုပ်ဆိုရလျှင် ရခိုင် သားတို့၏ ရိုးသားသော နိုင်ငံရေးခံယူချက်သည် ကမ္ဘာ့အလယ်တွင် မည်သို့မျှ အရာ မရောက် ခဲ့သည်မှာ ထင်ရှား လေသည်။
ဘာသာရေးဆုံးရှုံးခြင်း
လူမျိုးတမျိုးသည် မိမိကိုးကွယ်ရာဘာသာကို အထွဋ်တမြတ် ဖန်တီး ရေးသား ပြောဆို လေ့ရှိကြသည်။ မိမိကိုးကွယ်ရာ ဘာသာရေး သဘောတရား သည်သာလျှင် အကေါင်းဆုံး အမှန်ဆုံးဟု ယူဆကြသည်။ ဤသည်မှာလူသားတို့၏ အတ္တဆန်သော သဘောတရား တခု ပင်ဖြစ်သည်။ ရခိုင်လူမျိုးတို့သည်လည်း ထိုသဘောတရားနှင့် မကင်းပေ။ ရခိုင်လူမျိုးတို့သည် ဗုဒ္ဓအယူဝါဒ ကိုသာလျှင် လက်ခံယုံကြည် ကိုးကွယ်ကြသည်။ မြန်မာနိုင်ငံတခုလုံး၌ ဗုဒ္ဓဘာ သာ ထွန်းကါးလျှက် ရခိုင်သားတို့ ဗုဒ္ဓဘာသာကို ကိုးကွယ်နေရလျှက်နှင့် ဘာသာရေးဆုံးရှုံး သည်ဟု အဘယ်ကြောင့် ပြောဆိုရသနည်း။ ယခုရခိုင်ဒေသသည် အပြင်ဘန်းအားဖြင့် ဗုဒ္ဓဘာ သာ ထွန်းကါးရာမြေ ဟုမြင်ကြ လိမ္မည်။ သေချာစွာ စီစစ်ပါက ဗုဒ္ဓအရေချုံ ခံနေရသော နယ်မြေ ဒေသတခု သာဖြစ်ကြောင်း တွေ့မြင်ရပါလိမ္မည်။
ဗုဒ္ဓဂေါတမသည် မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ရခိုင်ပြည်ကို ကြွလာပြီးသည်မှစ၍ ရခိုင်တမျိုးသားလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသည်။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးနောက် သုဘဒ် ရဟန်းကြီး၏ သာသနာကို ဖျက်လိုဖျက်ဆီး ပြောစကါးကြောင့် ပထမ သင်္ဂါယနာတင်သည်။ ၀ဇ္ဇီ တိုင်းသား ရဟန်းတို့၏ အဓမ္မ၀တ္ထုဆယ်ပါးကို အကြောင်းပြု၍ ဒုတိယ သင်္ဂါယနာ တင်သည်။ (၁။သားချိုဖြင့် ဆားကိုဆောင်၍ ဆားမရှိသော ဆွမ်းနှင့်စားလျှင် သန္နိမဖြစ်။၂။ မွန်းလွဲ လက်နှစ်သစ် ထွက်အောင်စားသော်လည်း ၀ိကါလဘောဇနာမဖြစ် ။၃။ တရပ် သို့သွားလို၍ ပရိတ်ဝါသင့်လျှက် အတိရိတ်မပြုဘဲ စားကေါင်း၏။ ၄။ တသိမ်တည်းတွင် ကျောင်းတခြားစီ သံဃါကံဆောင်ကေါင်းသည်။ ၅။ မလာသေးဘဲ လာမှ ဆန္ဒယူမည်ဟု ရှေးဦးက သံဃ ကံ ဆောင်သော် ၀င်္ဂမဖြစ်။ ၆။ ဥပဇ္စျေဆရာတို့ အလေ့အကျင့်ဖြစ်က အပ်တော့သည်။ ၇။ နို့ရည် အဖြစ်ကိုလည်း မစွန့်သေး နို့ထမ်းအဖြစ်သို့လည်း မရောက် သေးသော နို့ရည်ကို ပ၀ါရိတ် သင့်လျှက် အတိရိတ် မပြုဘဲ စားကေါင်း၏။၈။ သေရည် အဖြစ်သို့ မရောက်သေးသော သေတို့ကို သောက်အပ်၏။၉။ အဆာမရှိသော နီသီဒိုင်ကို သုံးဆောင်ကေါင်းသည်။ ၁၀။ရွှေ ငွှေ တို့ကို လက်ခံကေါင်း၏။)။ တတိယအကြိမ် တိတ္ထိတို့က လာဘသက်ကါယကိုလို၍ ဥပုဒ် ပ၀ါရဏါ ပြုသည်ကို အကြောင်း ပြု၍ ရဟန်းတု ရဟန်းစစ် ခွဲခြားခြင်းဖြင့် သာသနာ စင်ကြယ် စေရန် သင်္ဂါယနာတင်သည်။
ဤကဲ့သို့ မဇ္ဈိမဒေသတွင် သံင်္ဂါယနာတင်၍ သာသနာစစ်မှန်အောင် ဆောင်ရွက်ခဲ့ကြ သကဲ့သို့ ရခိုင်ပြည်တွင်လည်း မဇ္ဈိမဒေသနည်းတူ မရွင်း သံင်္ဂါယနာတင်ခဲ့ကြသည်။ ရခိုင်ပြည် တွင် သံင်္ဂါယနာ တင်ခြင်းမှာမူ အဓိကရုဏ်း ဖြစ်၍မဟုတ်ဘဲ မဇ္ဈိမဒေသရှိ ရဟန္တာ အရှင် မြတ်များ မူနှင့် ရခိုင်မူ တူမတူ ညှိနှိုင်းခြင်း သဘောသာရှိလေသည်။
ဗုဒ္ဓသာသနာတွင် မဟာယန (ဘုရားဖြစ်ကျင့်စဉ်) ထေရာဝါဒ (ဘုရားဟောလမ်းစဉ်) ဟူ၍ မကွဲမှီကတဲက ရခိုင်ပြည်တွင် ဗုဒ္ဓသာသနာ တည်တည်တန့်တန့် ရှိနေခဲ့သည်။ ရခိုင်ပြည်ကို ဘုရားရောက်ခဲ့သည့် အချိန်မှစ၍ အေဒီ ၁၇၈၄ ခုနှစ်ထိ ဂိုဏ်းမရှိသော ဗုဒ္ဓ ဘာသာ နိုင်ငံကိုပြပါဆိုလျှင် ရခိုင်ပြည်ကို သာလျှင် ပြရမည်ဖြစ်သည်။ အမှန်မှာ ရခိုင်ပြည်၏ ဗုဒ္ဓ သာသနာသည် ထေရာဝါဒလည်း မဟုတ်သလို မဟာယနလည်းမဟုတ်ပါ။ ဘုရားဟော တရား စစ်စစ်မှလာသော ကြိုးတန်းပိဋကဋ်မှလာသော စစ်မှန်သော ဗုဒ္ဓလမ်းစဉ် ဖြစ်သည်။ (မှတ်ချက်။ ။ထိုင်း လာအို ဗီယက်နမ် ပဏ္ဏာသပိဋကဋ်၊ ဗမာ သီဟို စရိယပိဋကဋ်၊ ရခိုင် ကြိုးတန်း ပိဌကဋ်)
စတုတ္ထ သံင်္ဂါယနာ တင်အပြီး ဇေတ၀န၀ါသီဂိုဏ်း၊မှ၊ မဟာဝိဟာရဂိုဏ်း စသည်ဖြင့် ဂိုဏ်းပေါင်းများစွာ ကွဲပြီး နောက် သာသနာပြိုပျက်လေသည်။ သီဟိုကျွှန်း၌ မဟာဝိဟာရ၀ါသီ ဂိုဏ်း၊ မှ၊ အဘယဂီရိ ၀ါသီ ဂိုဏ်း၊ စသည်ဖြင့် ဂိုဏ်းကွဲ၍ သာသနာ ပြိုပျက်လေသည်။ ထို့ကြောင့် သီဟိုကျွှန်း သာသနာကို မဟာဝိဇယဗာဟု မင်း လက်ထက် ရာမညတိုင်း မွန်တို့ထံမှ သံင်္ဃါတို့ကိုဆောင်၍ သာသနာပြုရသည်။ ထို့နောက် ၀ိမလဓမ္မသူရိယမင်း လက်ထက် ရခိုင်ပြည်မှ သံင်္ဃါတို့ကို ပင့်ဆောင်၍ သာသနာပြုစေရသည်။ ထို့နောက်တဖန် ၀ိမရမဟာရာဇာ မင်းလက်ထက် ရခိုင် ပြည်မှ သံင်္ဃါတို့ကိုပင့်၍ သာသနာပြု ရသည်။ ထို့နောက်တဖန် ကိတ္တိသူရိရာဇာ မင်းလက်ထက် ယိုးဒယားမှ သံင်္ဃါတို့ကို ပင့်ဆောင်၍ သာသနာ ပြုရသည်။
ဒုတိယ သံင်္ဂါယနာ တင်ရာတွင် နှင်ထုတ်ခံရသော ၀ဇ္ဇီတိုင်းသား ရဟန်းတသောင်းသည် မဟာသင်္ဂီတိအမည်ဖြင့် မဟာယန ဗုဒ္ဓဘာသာ ဂိုဏ်းကို ထူထောင်လေသည်။ ထိုဂိုဏ်းမှပင် ဂေါကူလိဂိုဏ်း ၊ ဧကဗျောဟာရဂိုဏ်း၊ ဗဟုသုတိကဂိုဏ်း၊ စသည်ဖြင့် များစွာ ကွဲပြန်လေ သည်။
ထေရာဝါဒဂိုဏ်းမှ ၀ိသဘာဂဂိုဏ်း၊ မှ မဟိံသာသကဂိုဏ်း၊ မှ ၀ဇ္ဇိပုတ္တကဂိုဏ်း၊ မှ ဓမ္မုတ္တရိကဂိုဏ်း၊ မှ ဘဒ္ဒယာနိကဂိုဏ်း၊ မှ အနာဂါရိကဂိုဏ်း၊ မှ သမုတိဂိုဏ်း စသည်ဖြင့် ဂိုဏ်းပေါင်းများစွာ ကွဲပြန်လေသည်။ ဤသို့ဆိုလျှင် မဟာယန ဗုဒ္ဓဘာသာနိုင်ငံ များဖြစ်သော တိဘက်၊ တရုပ်၊ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများနည်းတူ ထေရာဝါဒ အမည်ခံ ဗမာ သီဟို ယိုးဒယား ကမ္ဘောဒီးယား လာအို စသည့် နိုင်ငံတို့တွင်လည်း ဂိုဏ်းပေါင်းများစွာကွဲကါ သံင်္ဃါ အချင်းချင်း ညီညွတ်မှု မရှိသည်ကို တွေ့ရလေသည်။
ရခိုင်ပြည်ရှိ ဗုဒ္ဓသာသနာကို ဗမာပညာရှင် တချို့နှင့် ရဟန်းတချို့ တို့က မဟာယန ဗုဒ္ဓဘာသာဟု ဆိုကြ သည်။ ယခင် ရခိုင်ပြည်မြောက်ပိုင်း ယခုဘင်္ဂလားနယ်တွင် မဟာယန နှင့် သက်ဆိုင်သော ဗုဒ္ဓ အမွေအနှစ်တို့ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင် ဆိုစေ ကါမူ ရခိုင်ပြည်နှင့် ရခိုင်ဗုဒ္ဓ ဘာသာ အကြောင်းကို ရခိုင်သားတို့က ကမ္ဘာသို့ တင်ပြခွင့် မရသေးပေ။ ဤသို့တင်ပြခွင့်မရ သည်မှာ ဘာသာရေး လွပ်လပ်ခွင့် မရှိ၍ဖြစ်ပေသည်။ မည်သည့် ပညာရှင်တို့ကပင် ရခိုင်ပြည်၏ ဗုဒ္ဓသာသနာကို မဟာယနဆိုဆို ထေရာဝါဒဆိုဆို ရခိုင်ပြည်ရှိ ဗုဒ္ဓသာသနာသည် ဗမာတို့ မသိမ်းမှီထိ ဗုဒ္ဓ၏စစ်မှန်သော နှစ်ပေါင်း နှစ်ထောင် ကျော်တည် တန့်စွာ ဂိုဏ်းမရှိသော စစ်မှန်သော သာသနာအဖြစ် တည်ရှိခဲ့သည်မှာ ထင်ရှား လှပေသည်။
စာပေအနုပညာပျောက်ပျက်ခြင်း
ရခိုင်ပြည်တွင် ခေတ်အဆက်ဆက် ပညာရှိတို့ ပြုစုထားခဲ့သော လူမှုရေး အသုံး အဆောင် ကျမ်းများ (ဆေးကျမ်းမှ နက္ခတ်ကျမ်းအထိ) ဘာသာရေးနှင့် ဆိုင်သော ဗုဒ္ဓ၀င် မဟာဝင် ရာဇ၀င် ထူပ၀င် အပါဒန် နုမာငါးရာ ရင့်မာတကျိပ် စသော စာကြီးပေကြီးများကို ရွှေမူ ကြေးမူ ပေမူ တို့တွင်ရေး၍ မြောက်ဦးမြို့ ပိဌကဋ်တိုက် (ယခုတိုင်အဆောက် အဦး ရှိနေ ပါသေးသည်) တွင် စနစ်တကျ ထားရှိခဲ့သည်။ ထိုပိဌကဋ်တိုက်ရှိ စာမူအားလုံးကို ဗမာတို့ သိမ်းယူသွားလေသည်။ ထိုပိဌကဋ်တိုက်တွင် အလျှားတတောင် အနံတမိုက်ရှိ ရွှေပြားတွင် ရေးထားသော ပိဌကဋ်ဒေသနာချပ်ရေ ငါးထောင် ကို ဗမာတို့ ယူဆောင်သွားပြီးလျှင် အရေကြို ပစ်ခဲ့ကြသည်။ ထိုမူကို မိမိတို့ ဗမာဟန်နှင့် ကိုက်ညီအောင်ပြု၍ မန္တလေးတောင်တွင် ကျောက်စာ ရေးထိုးလေသည်။ (မှတ်ချက်။ သရေခေတ္တရာ မီးလောင်ကုန်းမှရသော ပိဌကဋ်ကို ဖျက်ဆီးခြင်း၊ မွန်တို့ထံမှရသော ပိဌကဋ် အစုံ ၃၀ ကို ဖျက်ဆီးခြင်း ကိုရှုပါ။)
ရခိုင်ယဉ်ကျေးမှုသည် အိန္ဒိယ ယဉ်ကျေးမှုကို အခြေခံသည်ဖြစ်ရာ ဟိန္ဒုတို့၏ မဟာ ဘာရတလင်္ကါ ရာမာယနလင်္ကါ ဘောဒရောလင်္ကါ သုံးခုတွင် ညီနှင့်အစ်ကို တို့၏စစ်ပွဲ အနိဌာ ရုံများနှင့်ပြွမ်းသော မဟာဘာရတလင်္ကါကို ရခိုင်ပညာရှိတို့က ပစ်ပယ်ခဲ့ကြသည်။ ရာမာယန လင်္ကါကို ရာမ၀တ္ထု အဖြစ်ဖန်တီး ခဲ့ကြသည်။ ထို့ပြင်ဘောဒရော (အာဇာနည်လူယောင်္ကျား) လင်္ကါကို သံကိုးမောင်း ဓါးကြီးကိုင် ဆံပင်ကိုးတောင်ရှည်မ လက်ဖံကြီး စသည့် အမည်အမျိုး မျိုးဖြင့် ရခိုင်ပြည် အနှံ့ ၀တ္ထုဖြင့်တမျိုး လင်္ကါသီ၍တဖုံ ပင်းခုံ(ပင့်ကူ) ကခြင်းဖြင့်တနည်း အနု ပညာ၏ အလှတန်းဆာကို ဆင်ခဲ့ကြသည်။
ထို့ပြင်ကြမ္မဒတ်ခတ်ပုံ (ခတ်လှည့် ၃၃ ပုဒ် ခတ်တက် ၃၃ ပုဒ် ခတ်ပုံ ၃၃ ပုံ) မှာ အစီအ စဉ်တကျ ရှာမရတော့ပေ။ ရန်အောင်နှင့်ပဲယာသူဝတ္ထု ၀ကါဝတ္ထု ထာမရာဝတ္ထု မြေးဦးမောင် ၀တ္ထု ဒိုးလှအောင်မင်းသားဝတ္ထု ပန်းတန်မင်းသားနှင့် သံတွဲသူမင်းသမီးဝတ္ထု သီတွဲဆွဲဝတ္ထု သုဓနု ကေါ်ကါနု သတ္တထာနု အပြင် ဟာသအဖြစ် ငသနေ ငတပေ ၀တ္ထု စသည့်ဝတ္ထု ပေါင်းများစွာနှင့် မေထွီးယေ ဖါးပြုတ်ကေ ၀တ္ထု တို့မှာ ထင်ရှားစွာ ရှိနေခဲ့ပါသည်။
ထို့ပြင် ရတု ရကန် ဧခြင်း အံခြင်း သာခြင်း ဒုံးခြင်း တရင်း(တြာခြင်း) ဆောက်ပုတ် လုံးတီး(လုံးတား လူးတား) သံကျပ် သံရင်း သံပေါက် ဇမ်း ဟန်စွလေ သာစွလေ ငပျာ ကပျာ(ကဗျာ) လင်္ကါ ပျို့ စသော ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သော အဖွဲ့အနွဲ့ မျိုးစုံကို ရခိုင် ပညာရှင်တို့ ဖွဲ့နွဲ့သီဆိုခဲ့ကြသည်။ ဗုဒ္ဓစာပေမှ စစ်ပညာကျမ်းအထိ၎င်း အချစ်ရေးမှ ဟာသ၀တ္ထု ထိ၎င်း ဆေးကျမ်းမှ နက္ခတ်ကျမ်းထိ၎င်း ရာမ၀တ္ထုမှ ပန်းတံမောင်ဝတ္ထုထိ၎င်း ရခိုင်ပညာရှိနှင့် ပညာရှင်တို့ ရေးသားထားခဲ့ကြသော စာပေအဆင်းတန်ဆာ အလင်္ကါတို့မှာ နိုင်ငံဆုံးရှုံးခြင်း နှင့်အတူ တစတစ ပျောက်ကွယ်ကုန်လေသည်။
ဝတ်စားဆင်ယင်မှုစနစ်ပျက်စီးခြင်း
ဝတ်ခြင်း ဒယော၊ ခတောင်း၊ ခယောက်၊ အင်္ကျီထဗီ၊ထဗိန်၊ စားခြင်း၊ ဆင်ယင်မှု ၊အလှ အပ ဆင်ယင် ထုံးဖွဲ့မှု၊ စသည်တို့ အထဲမှ ၀တ်ခြင်းတွင် ရခိုင်သားတို့မှာ ၇ တောင်အရှည်ရှိ ဒယော ကိုဝတ်ကြပြီး ရိုးရာရင်ဖုံးအင်္ကျီ ကို ၀တ်ကြသည်။ မိန်းမတို့မှာ ဇကွဲထမဗိန် အထဲမှ အဖြူခံနှင့် တွဲ၍၀တ်ရသော ထဗိန် နှင့် မင်းခမ်းမင်းနားသွား ထိုင်မသိမ်းနှင့် ရင်ကန့် အင်္ကျီ ကို ၀တ်ကြသည်။ အင်္ဂလိပ် အုပ်ချုပ်ရေး ရှိလာသည်နှင့်အမျှ အင်္ဂလိပ်ယဉ်ကျေးမှုဖြစ်သော ကါမိတ်(ရှပ်) အင်္ကျီ နှင့် ရိုးရာလုံချည်ကို ၀တ်လာကြသည်။
၁၉၇၅ ခုနှစ် ဦးနေ၀င်း၏ မဆလ အစိုးရသည် ရခိုင်သားတို့ကို ပြည်နယ်ပေးမည် ဖြစ်လာသောအခါ ရိုးရာယဉ်ကျေးမှု အ၀တ်များ ၀တ်ဆင်ရန် လိုလာသောအခါ ရခိုင်ပြည်၌ ရှာ၍ မရရှိတော့ပေ။ ထို့ကြောင့် ဘင်္ဂလာဒက်ချဲ့ နိုင်ငံ ဘန်ဒရော်ဘန် ဟုခေါ်သော ရွာတော် မြို့မှ ဗိုလ်မင်းကြီးထံမှ ၀တ်စားတန်ဆာတို့ကို ယူ၍ ရခိုင်ရိုးရာ ၀တ်စုံတို့ကို ချုပ်လုပ်ယူခဲ့ ကြရသည်။
ဗမာတို့သည် မိမိတို့ဝတ်စား ဆင်ယင်မှုကို ခေတ်နှင့်ညီစွာ ဖန်တီးထီထွင်တတ်မှု မရှိသဖြင့် ယခု မော်ဒယ်ခေတ်တွင် တိုင်းပြည်အနှံ့ စကတ်နှင့် ဂါဝန်တို့မှာ ထဗိန်နေရာတွင် အစားထိုး နေရာယူလာနေသည်ကို တွေ့ရလေသည်။ ဤသို့ဖြင့် ဗမာယဉ်ကျေးမှုကို အထင်မ ကြီးသော တိုင်းရင်းသားတို့မှာ ၀တ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှု ပျောက်ကါ လူမျိုးပါ ပျောက်ရ မည့် အခြေသို့ ဆိုက်လာနေသည်မှာ ဌိဌ မျက်မြင်ပင် ဖြစ်ပါသည်။
စစ်ရေးနှင့်ဘာသာရေးဆက်နွယ်မှု
နိုင်ငံခေါင်းဆောင်တိုင်းသည် ဘာသာရေးကို စစ်ရေး စီးပွားရေး နိုင်ငံရေး လူမှုရေးတို့တွင် အသုံးချလေ့ရှိသည်။ အုပ်ချုပ်သူခေါင်းဆောင်တို့သည် အနုနည်း အကြမ်းနည်း နည်းလမ်း ပေါင်းစုံဖြင့် ဘာသာရေးကို အသုံးချလေ့ရှိသည်။ နောက်လိုက်တို့မှာမူ ယုံကြည်ချက် တခု တည်းကို မူတည်၍ အသက်ကိုစွန့်၍ မှားမှန် မသိ တိုက်ပွဲဝင်ကြလေသည်။
အုပ်ချုပ်သူ လူတန်းစားသည် ဘာသာရေးကို မိမိလူမျိုး တိုးတက်ရေး အတွက် သော်၎င်း မိမိကိုကျိုးအတွက် အသုံးချခြင်း သော်၎င်း ရှိတတ်လေသည်။ ဘာသာရေးကို အသုံးချခြင်း တို့မှာ ခေါင်းဆောင်အပေါ်တွင် မူတည်၍ ကွဲပြားလေ့ရှိသည်။
လူမျိုးတိုင်းသည် ဘာသာရေး စစ်ရေး စီးပွာရေး လူမှုရေး နိုင်ငံရေး စသည့် အဖက် ဖက်မှ လူမျိုးခြားတို့၏ ချယ်လှယ်မှုကို မခံရရန် ဘာသာရေးကို ဒိုင်းသဖွယ် အသုံးချ လေ့ရှိကြ ပေသည်။ လူမျိုးခြားတို့၏ ယဉ်ကျေးမှုကို တားဆီးရာ၌၄င်း၊ အသုံးချမခံရအောင် ဆောင်ရွက် ရာ၌၄င်း ဘာသာရေး ယုံကြည်မှုသည် အဓိကစွမ်းအား ဖြစ်သည်။
ခေါင်းဆောင်တို့ သိအပ်သောအချက်မှာ ကလိယုဒ်ဆုပ်ကပ်၌ အမှန်တရားကို ရှာဖွေ၍ ရရန်ခက်ခဲသည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ဤခေတ်တွင် လူမိုက် လူအုပ်စု ခေါင်းဆောင် သည် တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ခေါင်းဆောင် ဖြစ်တတ်လေသည် များ၏။ ထို့ကြောင့် ဤခေတ်တွင် လူမျိုးကို ရှေ့ဆောင်သော ပုဂ္ဂိုလ်တို့သည် လူမျိုးတိုးတက် ကြီးပွား ရန်အတွက် ကျူးကျော်စစ်နှင့် တရားသောစစ်ကို လိမ္မာပါးနပ်စွာဖြင့် ဘာသာရေးနှင့် ဆက်နွယ် ကါ ဆင်နွဲကြ လေ့ရှိလေသည်။
နိုင်ငံရေး
ရခိုင်မင်းတို့၏အုပ်ချုပ်ရေးစနစ်
ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့ကြသော မင်းအဆက်ဆက်သည် ပြည်သူလူထု ၀န်ပိမည့် အလုပ်မှန်သမျှကို အလုပ်ခဲ့ကြပေ။ ဤအထဲတွင် စံတင်ရမည့် အုပ်ချုပ်ရေးစနစ် တရပ်မှာ မင်းဗါစီမံကိန်း ပင်ဖြစ်သည်။
(က) ဓမ္မသတ်ရွှေမျှည်း
မင်းဗါစီမံကိန်း၏ ဆရာ ရှင်ငယ်မြ၀ါသည် ရှေးဘေးလောင်းတော် ဘိုးလောင်း တော် စသော ထီးဆောင်းမင်း အပေါင်း အတည်ပြုလျှက် သုံးစွဲတော်မူခဲ့သော မနုဓမ္မသတ်ကို ညှိနှိုင်းတော်မူပြီးလျှင် အရှင်အဂ္ဂမုနိ ဆရာတော်အား အမှုးထားလျှက် ဓမ္မသတ်ရွှေမျှည်း ဟူသော အမည်ဖြင့် ပြုလုပ်စီမံပြီးလျှင် မင်းနှင့်တကွ အမတ်ပညာရှိ တို့သည် အတည်ပြုလျှက် စီမံကိန်း ချမှတ်တော်မူရန် ဘုရင်ထံသို့ အပ်နှင်းတော်မူ လေသည်။ မင်းဗါဘုရင် အတည်ပြုပြီး နောက် လူအားလုံးနှင့် သက်ဆိုင်သော ရခိုင်ယဉ်ကျေးမှု တရားကို ထုတ်ပြန်လေသည်။
(ခ) ယဉ်ကျေးမှုတရား
၁။ ရတနာ သုံးပါးတို့အား မမေ့ မလျှော့ စေဘဲ အမြဲမပြတ် ကိုးကွယ် ဆည်ကပ်ရခြင်း၊
၂။ မိဘ ဆရာ တို့စကားကို မြေ၀ယ်မကျ မှတ်သားနာယူလျှက် ကေါင်းစွာ ကျင့်သုံး ဆောက်
တည် ရခြင်း၊
၃။ မငြိမ်မသက် ပေါ်လွင် သော့သွမ်းခြင်းဖြင့် မကောင်းသော အကျင့်တရားကို ပယ်ရှားရခြင်း၊
၎။ အဌာရသ သိပ္ပံပညာရပ်တို့ကို တတ်မြောက်အောင် ကြိုးစား အားထုတ်လျှက် သင်အံလေ့
ကျင့်ရခြင်း၊
၅။ အသက်အားဖြင့် ကြီးသောသူ ဂုဏ်အားဖြင့် ကြီးသောသူ နှင့်တကွ မိဘဆရာ ရေမြေရှင်
မင်းတို့အား အရိုအသေ ပြုရခြင်း၊
၆။ မိမိပညာညာဏ်ဖြင့် ဆင်ခြင်၍ လောဘ ဒေါသ မောဟ ဟုဆိုအပ်သော မကေါင်းသော
တရားတို့ကို ပယ်ရှားရခြင်း၊
၇။ ငါးပါးသီလတို့ကို မြဲစွာ စောင့်ရှောက်ကြပြီးလျှင် ဒါနတည်းဟူသော ကေါင်းမှုကုသိုလ်ကို
မမေ့မလျှော့စေဘဲ အမြဲမပြတ် ကြိုးစား အားထုတ်ရခြင်း၊
၈။ သူတပါးတို့အား ကိုယ်ဖြင့်လည်းကေါင်း နုတ်ဖြင့်လည်းကေါင်း ကျုးလွန်ခြင်း စသော
မကောင်းမှု တရားတို့ကို ပယ်ရှားပြီးလျှင် မောတ္တာတရားကို ရှေ့ထါးလျှက် သဘောဖြောင့်
မတ်စွာနေရခြင်း၊
၉။ ပစ္စုပ္ပန် တမလွန် နှစ်တန်တို့၌ ကြီးပွားချမ်းသာခြင်းကို သိစွမ်းနိုင်သော ပညာရှိ
ပုဂ္ဂိုလ်တို့အား အလေးအမြတ် ပြုပြီးလျှင် အမြဲမပြတ် ဆည်းကပ်ပေါင်းဖေါ်ရခြင်း၊
၁၀။ ပစ္စုပ္ပန် တမလွန် နှစ်တန်တို့၌ အကျိုးမရှိသော သူယုတ်တို့ကို ရန်သူကဲ့သို့ သဘောထါး
လျှက် ဝေးစွာ ရှောင်ကြည်ရခြင်း၊
၁၁။ သူတပါးဥစ္စာကို ခိုးယူခြင်း သူတပါး သားမယားတို့အား ကျူးလွန်အမှုကို အထူးသဖြင့်
ရှောင်ကြည်ရခြင်း၊
၁၂။ မိမိတို့အား သူတပါးတို့သည် ကျူးလွန်သော အမှုကို ပြုသော်လည်း အမျှက်ဒေါသကို
ထိမ်းစောင့်ရှောက်လျှက် ကေါင်းစွာသည်းခံရခြင်း။
၁၃။ ခန္ဓာကိုယ်ကို အနိစ္စ ဒုက္ခ အနတ္တ ဟုဆိုအပ်သော လက္ခဏါရေး သုံးပါးသို့ တင်၍
လေ့လာပွား များပြီးလျှင် သံသရာ၌ တပြောင်းပြန်ပြန် ဖြစ်နေခြင်းကို ဒုက္ခဟု
ပညာမျှက်စိဖြင့် သိမြင်လျှက် ကြောက်လန့် ထိတ်လန့်စေရန် တရားတော်ကို ရှာမှီးရခြင်း၊
၁၄။ လောဘ ဒေါသ မောဟ ဆိုအပ်သော စိတ်ဆင်ရိုင်းကို ယဉ်ကျေးစေခြင်းငှါ ပညာဖြင့်
ထိမ်းသိမ်း စောင့်ရှောက်လျှက် ငြိမ်သက်တည်တန့်စွာ နေထိုင်ရခြင်း၊
၁၅။ မိခင်ဘခင် တို့အား ချစ်ခင်မြတ်နိုးလျှက် ဘုရားတဆူ ဂူတလုံးကဲ့သို့ ရိုသေမြတ်နိုး
ရှေ့ခိုး၍ ဦးတင်ပြုစု လုပ်ကျွှေးမွှေးမြူရခြင်း၊
၁၆။ ဆွေမျိုးညာတိ သင်္ဂဟတို့၌ အသက်ကြီးသော သူတို့အား ကြည်ညိုသော စိတ်ထါးဖြင့်
ရိုသေဂါရ၀ တရားနှင့် အလေးအမြတ်ပြု၍ ရွက်ဆောင်ရခြင်း၊
၁၇။ အရပ်လေးမျှက်နှာမှ လာရောက်သော ရဟန်းပုဂ္ဂိုလ်တို့အား အ၀တ်အစားတို့ဖြင့်
ခေါင်းပါးခြင်း မရှိရအောင် ကေါင်းစွာ ပေးကမ်းထောက်ပန့်ရခြင်း၊
(ဂ) အမျိုးလေးပါးရှောင်ကြည်ရသောကျင့်ဝတ်
သားမကေါင်းလျှင် အဘ၊ သမီးမကေါင်းလျှင် အမိ၊ မယားမကေါင်းလျှင် လင်၊ ကျွှန် မကေါင်းလျှင် အိမ်ရှင်၊ ရွာမကေါင်းလျှင် ရပ်ကွက်၊ တိုင်းပြည်မကေါင်းလျှင် အမတ်၊ မင်းမကေါင်းလျှင် ပြည်၊ မှလွှတ် လွတ်စေရာသည်။
ဤမင်းဗါ စီမံကိန်းထဲတွင် အုပ်ချုပ်ရေး စီမံကိန်း တရားရေး စီမံကိန်း ဘဏ္ဍာရေး စီမံကိန်း လွှတ်တော် စီမံကိန်း တို့အပြင် ရပ်ကွက် ကျေးရွာ မြို့နယ် ဆိုင်ရာ အချုပ်လူကြီးတို့ ပြုပြင် စီမံခြင်း ရောင်းရေး ၀ယ်ရာ တန်ဖိုး အချိန် အတွယ် မှအစ အသပြာ နိုင်ငံခြား ရောင်းဝယ်ရေး တို့ပါမကျန် စီမံကိန်းချ၍ အကေါင်အထည် ဖေါ်ခဲ့လေသည်။
(၁) ရခိုင်မင်းကျင့်တရား(၁၀)ပါး
ဒါနံ အလျှူပေးခြင်း
သီလံ ကိုကျင့်တရားကေါင်းမွန်အောင် သီလဆောက်တည်ခြင်း
ပရိစာဂ ပေးကမ်းစွန့်ကြဲရခြင်း
အဇ္ဇ၀ ဖြောင့်မတ်မှန်ကန်ခြင်း
မဒ္ဒ၀ နူးညံ့သိမ်မွေ့ခြင်း
တပ ဥပုဒ်ဆောက်တည်ရခြင်း
အက္ကောဓ အမျက်မထွက်ရခြင်း
အ၀ိဟိံသ သူတပါးကိုမညှင်းဆဲရခြင်း
ခန္တီ သည်းခံရခြင်း
အ၀ိရောဓ တိုင်းသူပြည်သားတို့၏ အကျိုးနှင့် မဆန့်ကျင်ရခြင်း
ဤမင်းကျင့်တရား (၁၀) ပါးကို စန္ဒာသူရိယမင်းအား မြတ်စွာဘုရား ဟောကြားခဲ့သည်။
(၂) ရခိုင် မင်းကျင့်တရား(၁၀)ပါး
ဒါနံ အလျှူပေးရခြင်း
သီလံ သီလဆောက်တည်ရခြင်း
ပရိစာဂံ ပေးကမ်းစွန့်ကြဲခြင်း
အက္ဓ၀ံ အနဲပေးမည့်သူကို အနဲချီးမြှောက်ရခြင်း
မက္ဓ၀ံ အများပေးမည့်သူကို အများချီးမြှောက်ရခြင်း
တပ္ပံ မိမိအကျင့်ကို အားထုတ်ရခြင်း
ဧဟိမိ သတ္တ၀ါတို့ကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ရခြင်း
သံဉ္စည်းစ(သိုင်းစည်းစ) သတ္တ၀ါတို့ကို မသတ်မပုတ် မညှင်းဆဲဘဲ အုပ်ချုပ်ရခြင်း
ကကုဗေဒစ အမျိုးအနွယ်ကို စောင့်ရှောက်ရခြင်း
ခတ္တိယစရေ မင်းမျိုးတို့ အစဉ်အလာကို စောင့်ထိမ်းရခြင်း
ဤမင်းကျင့်တရား (၁၀) ပါးသည်ကါး ရခိုင်ပြည်ကို မြတ်စွာဘုရား မရောက်မှီက ကျင့်သုံးခဲ့သော ရခိုင်မင်းတို့၏ ကျင့်ထုံးတည်း။
ဗမာ့လူ့အဖွဲ့အစည်း
တည်နေရာနှင့်နယ်ချဲ့မှု
ပုဂံကို အမှီပြု၍ ပထမ ဗမာနိုင်ငံကို အနော်ရထာမင်း တည်ထောင်လေသည်။ ဧရိယာ စတုရန်းမိုင် ၂၀၀ ခန့်သာရှိသော ပုပ္ပါး ပုဂံ၊ ကျောက်ဆည်၊ ညောင်ဦး စည့် နယ်မြေသည် ပျူမှ ဗမာကို မွေးထုတ်ပေးလိုက်သော အာဒိအစ နယ်မြေပင်ဖြစ်သည်။ ဗမာတို့သည် အနော်ရထာ မင်းနှင့် ကျန်စစ်သားမင်းတို့၏ ဦးဆောင်မှု အောက်တွင် စုစုစည်းစည်း ဖြစ်လာကြပြီးလျှင် မွန်ကိုစစ်တိုက်၍ သိမ်းယူခြင်း ရခိုင်ပြည်၏ တောင်စဉ် ၇ ခရိုင်ကို သိမ်းယူခြင်း ဖြင့် ဗမာတို့ နယ်မြေချဲ့ထွင်ခဲ့ကြသည်။
ပုဂံခေတ်၊ တောင်ငူခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ စသည့် ခေတ်အဆက်ဆက် ဗမာ့ဦးစွန်း လက်နက်နိုင်ငံ အဖြစ် သတ်မှတ်သော ဧရိယာမှာ အပရန္တတိုင်း မိုးခေါင်ရေရှား ရပ်ဝှမ်းဒေသ သုဝဏ္ဏဘုမ္မိတိုင်း မွန်ဒေသ အပါအ၀င် အောက်ဗမာပြည်ဟု သတ်မှတ်သော မြေနေရာ တခုလုံး ယောနကတိုင်း ယိုးဒယားနိုင်ငံ တို့ဖြစ်သည်။ (ရာဇဓမ္မသင်္ကြန်) (မှတ်ချက်။ ။အပရန္တတိုင်း။ ။ သော်ဠဿ ၁၆ ပြည်၏ အပတွင်ရှိသောတိုင်း။ အ၀န်းကိုးရာ မဇ္ဈိမ ဒေသ၏ ပြင်ပတွင် ရှိသောတိုင်းပြည် ။စာရေးသူ။)။
ဆက်ရန်----------------
ယ္ခင်မှအဆက်----------
 ဗမာ့လက်နက်နိုင်ငံတွင် မပါဝင်သော ရှမ်း၊ ရခိုင်၊ ကချင်၊ ချင်း၊ ကယား၊ တို့ကိုလည်း ပင်လုံစာချုပ်ကို အကြောင်းပြ၍ လှည့်ဖျားကါ ဗမာနိုင်ငံ အစိုးရလက်အောက်သို့ မြန်မာပြည် အဖြစ် သိမ်းယူ သတ်မှတ်ခြင်းကို ခံခဲ့ကြရသည်။
                         ဗမာ့စစ်ဝါဒနှင့်နယ်မြေချဲ့ထွင်လာမှု
           ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ စသည့် ပျူလူမျိုးတို့၏ မြို့ပြနိုင်ငံတို့မှာ အချင်းချင်း စစ်ပွဲ ဆင်နွဲယင်း ပျက်စီးလေသည်။ ထို့နောက်ပုပ္ပါး အရပ်တွင် သမုဒရစ်မင်းသည် ပျူနိုင်ငံကို ထူထောင်ပြန်လေသည်။ ထို့နောက် ပျည်ပျားမင်းသည် ကြွေအိုးအံ ပုဂံတည် ဟူသောကိန်း အရ သက္ကရာဇ် ၂၁၁ ခုတွင် ပျူဂါမတို့ကို စုစည်း၍ ဘရနီ နက္ခတ်နှင့် စန်းသျှဉ်ခိုက်တွင် ပုဂံကို တည်ထောင် ခဲ့လေသည်။
        အနော်ရထာမင်းနှင့် ကျန်စစ်သားမင်း တို့လက်ထက်မှ ဗမာဟူ၍ အမည်ခံလာသော ဤ လူမျိုးစု သည် မြန်မာနိုင်ငံ၏ အကြမ်းတမ်းဆုံး နယ်မြေမှ မဆုတ်မနစ်ကြိုးစားရင်း၊ ထန်းရေ သောက် ထန်းမြစ်စားရင်း (အရှင်ဒိသာပါမောက္ခ) လူဖြစ်ရန်ကြိုးစား လုန်းပမ်း ခဲ့ကြလေသည်။  ဗမာပိုင်နက် နယ်မြေသည် ဆန်ရေစပါးရှားခြင်း၊ သယံဇာတမရှိခြင်း၊ နယ်မြေဒေသ ကြမ်း တမ်းခြင်း၊ ဆင်းရဲ နုံချာခြင်း၊ ရောဂါဘယထူပြောခြင်း၊ စသော မြေကြီးကိုမှီ၍ လုပ်ကိုင် စား သောက်ရသော ခေတ်တွင် အောက်ကျနောက်ကျ ဖြစ်နေခဲ့ရသည်။ ဗမာနယ်မြေ၏ အရှေ့ ဘက်နှင့် မြောက်ဘက်တွင် ၉၉ စော်ဘွားအုပ်ချုပ်သော ဥတုသပ္ပါယမျှသော ကျောက်သံ ပတ္တမြား ထွက်သော အစားရိက္ခါ ပြည့်စုံသော ရှမ်းပြည်ရှိသည်။ တောင်ဘက်တွင် မြေနု ပေါများရာ ဒေသကို မွန်၊ ကရင်၊ ပအို့(တောင်သူ)၊ ကဒူး၊ ကနန်း၊ စသည့် လူမျိုးတို့ ဧချမ်းစွာ လုပ်ကိုင် စားသောက် နေထိုင်လျှက်ရှိသည်။
       အနောက်ဘက်တွင် တောင်ယာလုပ်ကိုင် စားသောက်သူ ချင်းနှင့် ရခိုင်လူမျိုးတို့ ရှိနေကြသည်။ ရခိုင်လူမျိုးတို့မှာ မြေနု၊ သယံဇာတ၊ သားငါး၊ တို့ပေါများရာ နယ်မြေကို ရရှိထါး ပြီး ၃ လ လုပ်၍ ၉ လထိုင်စားကါ ပျော်ပွဲရွှင်ပွဲ ၁၂ လရာသီတိုင် ရှိနေပြီး အထူးစည်ပင် ၀ပြော လျှက်ရှိနေသည်။ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မှအပ တခြားလူမျိုးများမှာ ဗမာတို့ထက် နေရာ ကောင်းရှိခြင်း၊ ဘာသာ အယူမှန်ကန်ခြင်း၊ စာပေ အဆင်းတန်ဆာ ရှိခြင်း၊ စားသောက် နေထိုင်မှု ဓလေ့ရှိခြင်း၊ ပိသုကါ လက်ရာရှိခြင်း၊ အုပ်ချုပ်ရေးရှိခြင်း၊ စသည့်ခိုင်မာသော လူမျိုးရေး အခြေ ခံ အချက်များနှင့် ပြည့်စုံနေသည်။ မွန်နှင့် ရခိုင်တို့၏ အေးချမ်းသာယာမှုကို အားကျလာသော ဗမာသည် စစ်ဝါဒကို ထူထောင်ရန်သာလျှင် လမ်းစ မြင်လာကြ လေတော့ သည်။
           ထို့ကြောင့်ပင် ဗမာဟူသော လူမျိုးပေါ်လာသည့် အချိန်မှစ၍ တခြားလူမျိုးများ အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟူ၍ မရှိတော့ပေ။ ဗမာတို့မှာ စစ်တိုက်ရင်း လူစု လူစုရင်း စစ်တိုက်ခဲ့ကြပြီး တခြားနယ်မြေ ဒေသရှိ နိုင်ငံတို့၏ အာဏါ၊ သယံဇာတ၊ နယ်မြေ၊ နှင့် လူမျိုးရေး မုန်းတီးမှု ဘာသာရေး သွေးခွဲမှု ရန်တိုက်မှု သတ်ဖြတ်မှု စသည့် ၀ါဒ တို့ကို ကျင့်သုံးရင်းဖြင့် နယ်ချဲ့ လာခဲ့ကြ လေတော့သည်။
                 အင်္ဂလိပ်နှင့်ဗမာပထ၀ီပြောင်းလဲပစ်ခဲ့မှုနှင့်ဗမာလူမျိုးရေးတိုးချဲ့လာမှု
          ၁၈၈၅ ခုနှစ် ဗမာ့ဦးစွန်းကို အင်္ဂလိပ်တို့ ရိုက်ချိုးပစ်ခဲ့ပြီးနောက် ယခင်ရှိခဲ့သော ဌာနေ လူမျိုးတို့၏ နေရာဒေသ ပထ၀ီသည် အကြီးအကျယ် ပြောင်းလဲခြင်းကို ခံခဲ့ ကြရသည်။ ဗမာပြည် အနှံ့တွင် အင်္ဂလိပ်တို့သည် နေရာကောင်း၊ သဘာဝကောင်း၊ ရာသီဥတုကောင်း၊ နှင့် အုပ်ချုပ်ရေး ယန္တရား လွယ်ကူစေရန် မြေနေရာတို့ကို ရွေးချယ်၍ အုပ်ချုပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ယ္ခင်ဌာနေလူမျိုးတို့ ပိုင်ဆိုင်ရာဒေသသည် ကြုံ့ဝင်သွားပြီးလျှင် လွပ်လပ်ရေး ရရှိလာသောအခါ ဗမာပိုင်နယ်မြေ ဖြစ်သွားလေတော့သည်။ ဗမာဘုရင်များ လက်ထက်တွင် အောက်ဗမာပြည်၌ ဗမာတို့မှာ မဆိုစလောက်သာရှိခဲ့ပြီး မွန်နှင့် ကရင်မှာ လူများစု ဖြစ်ခဲ့သည်။
        ရန်ကုန်ကို အခြေပြု၍ အင်္ဂလိပ်အုပ်ချုပ်သည်မှစ၍ အောက်ဗမာပြည်သို့ ဗမာများ အလုံး အရင်းနှင့် ၀င်ရောက်နေထိုင်လာကြသည်။ မြေနုကို မမြင်ဖူးသော မိုးခေါင်ရေရှား ကန္တာရတွင် နေထိုင်လာခဲ့ကြသော ဗမာတို့မှာ နေရာကေါင်းကို လက်လွတ်ရမည်ကို စိုး၍ ကရင်နှင့် မွန်တို့ ကို ဗမာပြည်အောက်ပိုင်း ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ စသည့် နယ်မြေတို့မှ လူမျိုးရေးဖြင့်တဖုံ၊ စစ်တိုက်၍ တမျိုး၊ အနု၊ အကြမ်း၊ အရမ်း၊ မျိုးစုံသုံးကါ နှင်ထုတ်ခဲ့ကြသည်။ နေရာကေါင်းကို အပြီးအပိုင် ရယူခဲ့ကြသည်။ ဗမာနိုင်ငံတော် အစိုးရ၏ ကျောင်းသုံးစာအုပ်တွင် ရခိုင်တို့၏ ဧရိယာမှာ နတ်မြစ်ဝမှ မော်တင်စွန်းထိ ဟုဖေါ်ပြပါရှိသည်။ ၁၉၇၅ ခု ဒီဇင်္ဘာ ၁၅ ရက်နေ့ ရခိုင်ကိုပြည်နယ် ပေးသော အခါမူ နတ်မြစ်ဝမှ ဂွ အထိသာ ရရှိလိုက်ပြီး မိုးခေါင်ရေရှား ရပ်ဝန်းဒေသတွင် နေထိုင်သော ဗမာတို့မှာမူ ရခိုင်ပိုင် နယ်မြေ အနောက်ကလေးဟု ခေါ်သော နယ်မြေ တခုလုံးကို ဗမာတို့ ဘိုးဘွားပိုင် နယ်မြေ အဖြစ် ရယူသွားလေသည်။ ထို့ပြင်  ရှမ်း မေမြို့၊ မိုးကုတ် ကချင် ဖါးကန့် ဆင်ကလိန်ခန္တီး ရခိုင် ပလက်ဝ၊ စသည်တို့ အပြင် လူမျိုးစု ဆိုင်ရာဒေသ အသီးသီးကို အင်္ဂလိပ်တို့ နည်းပေး လမ်းပြခဲ့မှုကြောင့် ဗမာတို့ ချယ်လှယ်ချင်တိုင်း ချယ်လှယ်၍ တိုင်းရင်းသား အချင်းချင်း  ရန်တိုက်သော လုပ်ရပ်များကို လုပ်ချင်တိုင်း လုပ်ခဲ့ကြသည်။ (နမူနာ။ ဂိုလန်၊ ဟီနန်  ရှမ်းနှင့် ၀ ၊ ကချင် နှင့်ချင်း၊ ရခိုင်နှင့်ချင်း၊ ကရင်နှင့် မွန်၊ တို့ကိုရှုပါ) အင်္ဂလိပ်တို့၏ ဗမာပြည်ကို သိမ်းယူမှုသည် ဗမာတို့အတွက် နယ်မြေဒေသ ပိုမိုရရှိ လာသည့်အတွက် ရေရှည်တွင် အကြီးအကျယ် အမြတ်ထွက်ခဲ့ လေသည်။ ဂတိမတည်သော မုသ၀ါဒများသော လောဘ ဒေါသ မောဟ များသော ဗမာ့စစ်ဝါဒအောက်၌ နေထိုင်လာကြရသော တိုင်းရင်းသားတို့မှာ မူ ဗမာတို့၏ လူမျိုးရေးအရ နယ်မြေတိုးချဲ့လာမှု၊ သယံဇာတ ကေါင်းများရှိရာ ဒေသကို ဗမာပိုင် နယ်မြေပြုလုပ်မှု၊ စသည့် လောဘ ဒေါသ မောဟ အလိမ်အကေါက် များလှသော ဗမာတို့နှင့် အတူ လွပ်လပ်ရေး ယူခဲ့သော အရသာကို ခံစားရင်း ဒုက္ခပင်လယ် ဝေခဲ့ကြလေ တော့သည်။
                လက်ပြောင်းလက်လွဲလုပ်ခြင်းနှင့်တိုင်းရင်းသားပြသနာ
               ၁၈၈၅ ခုနှစ်တွင် ဗမာနိုင်ငံ တခုလုံးကို အင်္ဂလိပ်တို့ သိမ်းယူသွားလေသည်။ ချင်း ကချင် ကရင် ကယား မွန် ဗမာ ရခိုင် ရှမ်း စသော လူမျိုးတို့မှာ မိမိနီးစပ်ရာ လူသူလက်နက် စုဆောင်း၍ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။
            ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားတို့အား ဗမာနှင့် အတူ လွပ်လပ်ရေးယူပါ။ ၁၀ နှစ်ကြာလျှင် ဗမာနှင့်နေလိုကနေ မနေလိုက ခွဲထွက်ပိုင်ခွင့် ရှိသည် ဟူသော ဂတိစကါးကြောင့် ရှမ်းပြည် ပင်လုံမြို့တွင် ခေါင်းဆောင်များ စုဝေး၍ တညီ တညွတ်တည်း လွပ်လပ်ရေးကို ယူရန် လက်မှတ်ရေးထိုး ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်ချုပ်လုပ်ကြံ ခံရပြီးနောက် ဦးနုသည် ၀န်ကြီးချုပ် ဖြစ်လာလေသည်။ ၁၀ နှစ်ကျော်၍ နှစ်သာကြာလာသည် ကိုယ်ပိုင်ခွဲထွက်ရေးကို အပထါး၍ ဖက်ဒရယ်ဟု ခေါ်သော ကိုယ်ပိုင် အုပ်ချုပ်ရေး ကိုမျှ မရရှိသော အခါ အချက် ၁၀ ချက်ပါ  ရှမ်းမူကို တိုင်းရင်းသား ကိုယ်စားလှယ်တို့က ၀န်ကြီးချုပ် ဦးနုထံ တင်ပြကြသည်။ ထိုအခါ ၀န်ကြီးချုပ် ဦးနုသည် တိုင်းရင်းသား အရေးကို ကြံရာမရ ဖြစ်သွားလေသည်။
           ရှမ်းဆိုတာ ခေါင်းပေါ်က ငှက်ပျံတာတောင် မကြိုက်ဘူး၊ ရခိုင်ဆိုတာ မြွေပွေးထက် ကြောက်စရာကေါင်းတယ်၊ ရခိုင်နဲ့ မြွေပွေးကိုတွေ့ရင် ရခိုင်ကို အရင်သတ်ရမယ်၊ စသည့် တိုင်းရင်းသား တို့အပေါ် ဗမာတို့ မည်သို့ သဘောထားရမည့် ၀ါဒကို ရှေးဗမာတို့က နောက်ပေါက် ဗမာတို့အား သွန်သင်သြ၀ါဒ ပေးခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ် ရှမ်းမူအတိုင်း ၀န်ကြီးချုပ် ဦးနုသည် တိုင်းရင်းသားတို့ကို ပြည်နယ်ပေးရန် ဖြစ်လာသော အခါ ဗမာတို့၏ သုခမိန် မစ္စတာမောင်မှိုင်းသည် ဦးနုကို ခေါ်၍ ဗမာ့ထီးနန်း မှန်ကင်းအစစ်က ထင်းဖြစ်သွားတာ ဘယ်သူ့ကြောင့်လဲ ဟူသောစကါးကြောင့်၎င်း၊ တိုင်းရင်းသား တို့ကို ခွဲထွက်ခွင့် ပြုလိုက်ပါက ဗမာတို့၏ အခြေအနေသည် ပထ၀ီ၊ သယံဇာတ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေ၊ တို့တွင်ပါ အပေါ်စီးမှ နေနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ၁၉၆၂ ခုတွင် ဗိုလ်ချုပ်ကြီးနေ၀င်းလက်သို့ ၀န်ကြီးချုပ်ဦးနုသည် နိုင်ငံတော်၏ အာဏါကို မလိမ့်တပါတ်ဖြင့် လွဲပေးခဲ့လေသည်။
          အာဏါရ ဗမာအဆက်ဆက်သည် ဗမာလူထုနှင့် တိုင်းရင်းသားတို့ သင့်မြတ်ရေးထက် သွေးခွဲ ရန်တိုက်ခြင်း အလုပ်ကိုသာ လမ်းညွန်လုပ်ဆောင်ခဲ့ကြသည်။ ဘာသာရေး သပ်ချိုခြင်း၊ လူမျိုးရေးမုန်းတီးရန် လမ်းညွန်သြ၀ါဒပေးခြင်း၊ သွေးခွဲသော မူဝါဒ ကျင့်သုံးခြင်း၊ စစ်ရေးနည်း ဖြင့် အကျပ်ကိုင်ခြင်း၊ စသည့် အမျိုးမျိုးသော ဖိနှိပ်အုပ်ချုပ်ရေး နည်းလမ်း မျိုးစုံသုံးကါ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထါးခဲ့သော ပင်လုံ သဘော တူညီချက် စာချုပ်ကို စက္ကူစုတ် သဖွယ်ဖန်တီးခဲ့ကြလေသည်။
                       ဗမာ့နိုင်ငံရေးပရိယါယ်
       ဗမာတို့၏ နိုင်ငံရေး ပရိယါယ်ကို အထင်သေး၍ မရပေ။ ဗမာသည် လှည့်စားရာ၌  မဖြစ်လျှင် ဖြစ်သည့် နည်းဖြင့်၊ မနိုင်လျှင်နိုင်မည့်နည်းဖြင့်၊ မရလျှင် ရသည့်နည်းဖြင့်၊ ကုပ်ကတ် တွယ်ဖက်တတ်သည့် နိုင်ငံရေး ပရိယါယ်ရှိသော လူမျိုးဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇ နေရာဒေသ ဆင်းရဲ၍ဖြစ်သည်။ သမိုင်းအဆက်ဆက် ရှမ်းတို့ကို လိမ်လှည့်၍ အယုံသွင်းကါ နောက်လိုက်အဖြစ် သိမ်းသွင်းထားနိုင်ခဲ့သည်။ နားဋောင်းမှ ပတ္တမြား အရောင်ထွက်သော စောမွန်လှကို စုန်းမဟုဆိုကါ နန်းမှ နှင်ထုတ်ခဲ့သည်ကိုလည်း ရှမ်းတို့သည် ဗမာကို ခွင့်လွတ် ခဲ့၏။ ထို့ပြင် သိုဟန်ဘွားကို ဗမာတို့သတ်သော်လည်း ဗမာ ကို ရှမ်းတို့ ယုံကြည် ခဲ့ကြပြန် လေသည်။
       ဗမာတို့သည် ရခိုင်ဘုရင် ဆောင်းသော သရဖူ ဦးသျှောင်တော်ကို ပုံတူပြုလုပ်၍ (မဟာမြတ်မုနိ ဘုရားတွင်ဆောင်းသော မကိုဋ်ပုံ) ဗောင်းတော်ကို ခြေသုတ် ရာတွင်ထါးကါ နံနှိပ် ယတြာ လုပ်ခဲ့ကြသည်။ ထို့ပြင် ဘိုးတော်ဦးဝိုင်းသည် ဗိုလ်ငခိုင်လှကို ဦးစီးစေ၍ ငလှဖေါ်၊ ငအောင်လာ၊ ငချင်း ၊အမည်မသိ၊ စုစုပေါင်း ၅ ဦးကို အထုတ်သည် (ပစ္စည်းမျိုး စုံရောင်းသူ) ဟန်ဆောင်၍ မဟာမြတ်မုနိ ဘုရားကို အသရေ ညိုးနွမ်း စေခြင်းငှါ မဟာမုနိ ကုန်းတွင် ကိုယ်ဝန်သည် မယ်ကုဝဏ်ရုပ်တု အရက်သမား ကိုကြီးကျော်ရုပ်တု တို့ကိုထါးကါ အရက်ဆွမ်းနှင့် ကိုဝန်သယ်မ၏ စားကြွင်းကို ဆွမ်းတင်ရန် အတွက် ဒါယကါ အဖြစ် ထားခဲ့ လေသည်။ ရခိုင်တို့သည် ဗမာကို တုပ၍ မလုပ်ခဲ့ပေ။ ရခိုင်သည် နှစ်ပေါင်း ငါးထောင် ကျော်ပတ်လုံး ဗမာပြည်ကို ကျုးကျော်ရန်စ တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ (နတ်ရှင်နောင်၊ မင်းဖလောင်၊ မဟာပညာကျော်၊ဟံသာဝတီ စစ်ပွဲကိုရှုပါ)။
         ဗမာဘုရင်ခေတ် အဆက်ဆက်တွင်လည်း ကချင် ကရင် ချင်း ကယား မွန် ရှမ်း ရခိုင် ၊ တို့ကို မြှောက်၍တဖုံ၊ စစ်ရေးနှင့်တမျိုး၊ သွေးထိုး ရန်တိုက်၍တဖုံ၊ လှည့်ဖျားကါ နိုင်ငံရေး ကစား ခဲ့သည်။
         အင်္ဂလိပ်ထံမှ လွပ်လပ်ရေးမရမှီက တခြားလူမျိုးတို့သည် ဗမာကို မယုံသည်ကိုသိသော ဗမာတို့သည် ဆယ်နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟူသော မက်လုံးပေးသော အခါးပေါ် သကါလောင်းသော စကါးကို ယုံ၍ တိုင်းရင်းသားတို့သည် ဗမာနှင့်အတူ လွပ်လပ်ရေးကို ယူခဲ့ကြသည်။
          ပြည်ထောင်စုခေတ်တွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် တိုင်ရင်းသားတို့ တောင်းဆို လာကြသောအခါ ဦးနုသည် ဗိုလ်ချုပ်နေ၀င်းအား အာဏါအပ်၍ တိုင်းပြည်မှ ထွက်သွား လေသည်။
         ဦးနုအစိုးရသည် ကရင်တို့နှင့်တိုက်ရာတွင် အရေးနိမ့်နေသောအခါ ဦးနု၏ ရန်သူ ဗကပ သခင်သန်းထွန်းသည် ကရင်တို့ကို နောက်ကြောမှ ၀င်ရောက်တိုက်ခိုက် ကူညီပေးလေသည်။ ဤသို့ဖြင့် ဗမာတို့၏ နိုင်ငံရေး ပရိယါယ်သည် တိုင်းရင်းသားတို့အပေါ် ရိုးသားမှုမရှိကြောင်းကို သမိုင်းထင်ရှား သက်သေရှိနေပေသည်။
             နိုင်ငံရေးပရိယါယ်တွင် ဗမာကို အထင်မသေးသင့်ပေ။ ဂျပန်ကိုခေါ်၍ ဂျပန်ကို ပြန် တိုက်သော ဗမာ၊ ပြင်သစ်နှင့် ပေါင်း၍ အင်္ဂလိပ်ကို တိုက်ရန်ကြံသောဗမာ၊ စသည့် ယခင် ခေတ်မှ ယခုခေတ် အဆက်ဆက်တိုင် ဗမာတို့၏ စစ်ဝါဒ ရှိနေရာ ဗမာကို ယုံကြည်၍ မရ ကြောင်းကို သက်သေပြနေ သကဲ့သို့ ရှိနေပေတော့သည်။ ဤသို့ဖြစ်နေသည်မှာ ဗမာဟူသော လူမျိုးတမျိုးသည် ခေတ်တလျှောက်လုံး ရိုးဖြောင့်သော နိုင်ငံရေးမရှိဘဲ နိုင်ငံရေးလိမ်လည်ရန် သာ အားထုတ်ခြင်းကြောင့် ဖြစ်လေသည်။
                              ဗမာလူမှုရေး
           တကေါင်းမြို့တွင် ကံရာဇာငယ်သည် နန်းရလိုမှုဖြင့် အမျိုးအနွယ်ကို လိမ်သည်မှစ၍ ဗမာတို့၏ ဆွေမျိုးတော်စပ်မှု စနစ်ကို လိမ်သည်ဆိုက ဆိုနိုင်၏။ သရေခေတ္တရာ ရသေ့ပြည် တွင် မျှက်ရှင်တော်သခင် ဒွတ္တပေါင် မင်းကြီးကို မယား ပန်ထွာမင်းသမီးသည် ထမိန်ကို မျှက်နှာ သုတ်ရန် ပ၀ါဟု လိမ်၍ပေးသည့် အဖြစ်မှ ဆွေမျိုးတော် စပ်မှု စနစ်ကို လိမ်သည် ဆိုက ဆိုနိုင် ၏။ ပျူလူမျိုးဟု မခံဝန့်သော ပုဂံခေတ် စုက္ကတေးမင်း ပုတ္တလင် အမျိုးမှစ၍ ဆွေမျိုး တော်စပ်မှု စနစ်ကို လိမ်သည်ဆိုက ဆိုနိုင်၏။
       သမိုင်းကိုဤသို့ ဖေါ်ပြရသည်မှာ ဗမာတို့၏ ဆွေမျိုးတော်စပ်မှု စနစ်မှာ သင်ပုန်းခြေ၍ မရသောကြောင့် ဖြစ်သည်။ ဗမာတို့၏ သမိုင်းမှန် အကျင့်ဆိုးကို ဘုရင်ခေတ်တွင် ချန်ထားခဲ့ လျှင် ခွင့်လွတ်တန်ရာ၏။ သို့မဟုတ် ပြည်ထောင်စုခေတ်တွင် ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ ၏။ သို့မဟုတ် မဆလခေတ်တွင် ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ၏။ သို့မဟုတ် နအဖခေတ် တွင်ဥပဒေ ပြု၍ ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ၏။ ဘုရင်ခေတ်မှစ၍ ဗမာတို့အုပ်ချုပ်သမျှ ကါလပါတ်လုံး လူမှုရေး ဖေါက်ပြန်မှုများမှာ အော့နှလုံးနာစရာပင်ဖြစ်သည်။ သားနှင့်အမိ၊ မရီး နှင့်မတ်၊ တူနှင့်ဝရီး၊ လိင်ဖေါက်ပြန်မှု အပြင် ကြာခိုမှု၊ မုဒိန်းမှု၊ အမြှောင်ထါးမှု တို့မှာ တရားရေး ဌာနနှင့် ဗမာလူမှု အသိုင်းအ၀န်းထဲတွင် မမြင်ချင်အဆုံး မကြားချင်အဆုံး ကြားနေရ မြင်နေရ သည်။ ဖေတရာမှ စ၍ ဆဲရာတွင် သူမတူအောင် ရိုင်းစိုင်းလှသော ဗမာ့လူ့ အဖွဲ့အစည်းကို တိုင်းရင်းသားတို့ မည်သို့ အတုယူရ ပါမည်နည်း။
         ထို့ပြင် ဗမာတို့သည် တိုင်းရင်းသားတို့၏ နေရာဒေသသို့ အကြောင်း အမျိုးမျိုးနှင့် ရောက်လာ ကြသောအခါ တိုင်းရင်းသူတို့ကို အတည်တကျ ပေါင်းဖေါ်ခြင်း မရှိဘဲ ခလေးနှင့် တဖုံ ကိုယ်ဝန်နှင့်တမျိုး အပျော်မယား အဖြစ်တနည်း ပြုကျင့်ကါ ပြစ်ထားခဲ့ကြလေသည်။ ဤသို့ဗမာတို့၏ လူမျိုးရေး လိင်ဖေါက်ပြန်မှုကြောင့် ဘ၀ပျက်သွားရသော တိုင်းရင်းသူ အမျိုး သမီးတို့မှာ မရေမတွက်နိုင်အောင် များလှပေသည်။
        နိုင်ငံတခု၏ အချုပ်အချာ အာဏါကို ရယူထားသည့် ၊ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထား သည့်၊ ဗမာတို့သည် ဆွေမျိုးတော်စပ်မှု စနစ်ကို၊ တိုင်းရင်းသားတို့ အတုယူရလောက် ပြုပြင်မှု မရှိလျှင် လူမျိုးကြီးဟုခံနေခြင်းသည် အလဟသပင် ဖြစ်ပါသည်။ သေသူမသာကို ငွေရအောင် စီးပွားရေး လုပ်တတ်သော ဗမာ့လူမှုရေးကို တခြားလူမျိုးတို့ အထင်မကြီးခြင်းသည် တနေ့ ဗမာပြည် ပြိုကွဲမည့် အရိပ်လက္ခဏါပင် ဖြစ်ပါလိမ္မည်။
                       ဗမာတို့၏ဘာသာရေးကိုးကွယ်ယုံကြည်မှု
      ဘုရားရှင်ဝါတော် ၂၀ အခါကပင် စူဠပုတ် မဟာပုတ် ညီနောင်နှစ်ပါးကို အကြောင်းပြု၍ အပရန္တတိုင်း မရမ္မမဏ္ဍလ ဒေသသို့ (ရာဇဓမ္မသင်္ကြန်က ဗမာပြည်ဟုဆိုသည်) သာသနာ ရောက်ရှိလာသည် ဟုဆိုသည်။ ထိုမှတဖန် ပုပ္ပါး ပုဂံပြည် သမုဒရာဇ် မင်းမှ အစပြု၍ အနော်ရထာ မင်းတိုင်အောင် အရည်းကြီးရဟန်းတို့၏ အတုအယောင် ဗုဒ္ဓဘာသာကို ကိုး ကွယ်ခဲ့ကြသည်။ မိဘကိုသတ်သောသူ တို့မှာ ပရိတ်ကို ရွတ်ရုံနှင့် ပဉ္စနန္တရိယကံမှ လွတ်၏။ မင်္ဂလာပြုသောအခါ အရည်းကြီးတို့အား ပန်ဦးပေးရ၏။ ပျူလူမျိုး အရည်းကြီး ရဟန်းတို့၏ ကာမတဏှာကို အလျှူခံသောကြောင့် ဒွတ္တပေါင်မင်းကြီး ကိုးကွယ်ခဲ့သော ဗုဒ္ဓသာသနာသည် ပြိုပျက်လေသည်။ ဤသို့ ပန်းဦးဆက် သာသနာထွန်းကါးနေစဉ် သထုံမှ ရှင်အာရဟံ ရောက် လာခြင်းဖြင့် စစ်မှန်သော ဗုဒ္ဓ၀ါဒကို မျိုးစေ့ချပေး နိုင်ခဲ့သည်။ ဗမာတို့သည် ဤရွေ့ ဤမျှလောက် သန့်စင်သော ဗုဒ္ဓသာသနာကို မီးစကိုရသော မျောက် ကဲ့သို့ ဗမာ့စစ်ဝါဒကိုမှီ၍ အာစရိယ၀ါဒ ဂိုဏ်း သာသနာကို ထူထောင်ကြပြန်လေသည်။
         ထို့ကြောင့် ပုဂံတွင် အရှင်အာရဟံ၏ အရှေ့သထုံသာသနာ တဂိုဏ်း၊ ဥတ္တရာဇီဝဆပဋ တို့၏ အနောက်သာသနာ တဂိုဏ်း၊ အရှင်သီဝလိ တဂိုဏ်း၊ ရှင်အာနန္ဒာ တဂိုဏ်း၊ ရှင်တာမလိန္ဒ တဂိုဏ်း၊ စသည်ဖြင့် ဂိုဏ်းသာသနာ သာလျှင်ထွန်းကါးလာလေသည်။
          ထို့ပြင် အတင်ဂိုဏ်း၊ အရုံဂိုဏ်း၊ ဧကစာရဂိုဏ်း၊ ဗဟုစာရဂိုဏ်း၊ ကံဂိုဏ်း၊ ဒွါရဂိုဏ်း၊ လူသေလူဖြစ်ဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်း၊ စသည်ဖြင့် ဂိုဏ်းကွဲကါ ဗမာတို့၏ ဗုဒ္ဓ သာသနာသည် ဘာသာရေးဆိုင်ရာ ပညာရှင်နှင့် ပညာရှိတို့၏ ချီးမွမ်းခံ သာသနာ အဆင့် တွင်ပရှိပေ။
        ထိုထက်မက ဗမာတို့သည်၊ ဟောင်းဒိုက ဗမောင့်တယာ တေတေကနိတ် စာမသာပျား၊ စသည့် မဟုတ်က ဟုတ်က တိုင်းရင်းသား ဒေသတို့တွင် ဘာသာရေးကို ဘန်းပြ၍ လိမ်ညာ စားသဖြင့် ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသား အများစုမှာ ဗုဒ္ဓဘာသာနှင့် ရိုးရာနတ် ကိုးကွယ်ရာမှ အုပ်ချုပ်သူ ဗမာတို့ အသုံးမကျ၍ အင်္ဂလိပ်တို့ ၀င်လာပြီးနောက် ခရစ်ယန် ဘာသာဝင်များ ဖြစ်သွားကြ လေသည်။
          ထို့ကြောင့် ဗမာပြည်တွင် ထေရာဝါဒ အမည်ခံ ဂိုဏ်းသာသနာ ထွန်းကါးလာမှုကြောင့် တကျောင်း တဂါထါ တရွာတပုဒ်ဆန်း ဖြစ်လာပြီးလျှင် ဆရာများ သားသေ ဆိုသကဲ့သို့ မရှုနိုင် မကယ်နိုင် ဖြစ်လာပြီးလျှင် သာသနာ သန့်ရှင်းရေးကို လုပ်ခဲ့ကြရလေသည်။
                              ဗမာယဉ်ကျေးမှု
        သာသနာ ၁၅၆၁ ခု သက္ကရာဇ် ၃၇၉ ခု အေဒီ ၁၀၄၄ ခုနှစ်တွင် အနော်ရထာမင်း ထီးနန်းရရှိလာပြီးနောက် ဗမာဟု အမည်ခံလာသည်မှစ၍ ပုဂံပြည်သည် နေ့ချင်းညချင်း ဇောတရ (ဣစ္ဆာသယ) ယဉ်ကျေးမှုပမာ ယဉ်ကျေးမှု၊ အနုပညာ၊ သုခုမ၊ ပန်းချီ၊ ပန်းပု၊ သာသနာ၊ စာပေ၊ ပိသုကါ၊ ၀တ်စား ဆင်ယင်၊ ထုံးဖွဲ့မှု၊ ပါမကျန် လူမျိုးတမျိုး၏ အဆင်း တန်ဆာ လက္ခဏါ ဓလေ့ထုံးစံ အပြည့်အစုံနှင့် နှစ်၂၀ အတွင်းဖြစ်တည် လာခဲ့သည်။
         ဤယဉ်ကျေးမှုကို ဗမာပညာရှင်တို့က မီယန် (မျန့်) ယဉ်ကျေးမှုဟုဆိုကြသည်။ တရုပ်နိုင်ငံ ယူနန်နယ် အနောက်ပိုင်း ကန်စုနယ်မှ မီယန် (မျန့်) ဟူသော လူမျိုး တမျိုးသည် ကျောက်ဆည် နယ်မှတဆင့် မန္တလေး လွင်ပြင်သို့ ၀င်ရောက်လာသည်။ ထိုမှ အစပြု၍ မြန်မာ ယဉ်ကျေးမှု ပြန့်နှံ့လာသည်ဟု ဆိုကြသည်။ ဤကန်စုနယ်မှ ၀င်လာသော မျန့် လူမျိုးထဲတွင် ထူးဆန်းချက် နှစ်ခုကိုတွေ့ရသည်။ တစ်ခုမှာ ပါဠိနှင့် မရမာစာကို တတ်နေခြင်းနှင့် လူမျိုး နာမည်ပေးနည်း စနစ်မှာ တရုပ်နှင့် မတူဘဲ ရခိုင်နှင့် တူနေခြင်းပင် ဖြစ်သည်။ ထိုထက် အံ့သြဘွယ် အကောင်းဆုံးအချက်မှာ ပုပ္ပါးပုဂံမင်း ၅၅ ဆက်တွင် မြန်မာ (မရမ္မာ)မင်း တဦး တလေမျှ ရှာမတွေ့ဘဲ ပျူမင်းများချင်း ဖြစ်နေသည့် အချက်ပင် ဖြစ်ပါသည်။
       အမှန်မှာ လူမျိုးတမျိုး ယဉ်ကျေးမှု ရှိလာရန်အတွက် နှစ်ထောင်နှင့်ချီ၍၄င်း ရာစုနှစ် နှင့်ချီ၍၄င်း ရုန်းကန်လုပ်ရှားယင်း မိမိထက်အဆင့် မြင့်သော ယဉ်ကျေးမှုကို အတု ယူယင်း တဖြေးဖြေး ချင်းတိုးတက် လာကြသည်။ နှစ် ၂၀ ဆယ် မရှိမှီ အတွင်း ခုရေတွင်းတူး၍ ခုရေကြည် သောက်ရသော ဗမာ ယဉ်ကျေးမှုမှာ အံ့သြဖွယ်ရာပင် ဖြစ်ပါသည်။
          အချုပ်ဆိုရလျှင် မျန့်ဟုဆိုသော ဗမာတို့၏ မြန်မာ ယဉ်ကျေးမှုသည် နှစ်ပေါင်း ၂၀ အတွင်း မည်သူ့ထံတွင်မှ အတုယူစရာ မလိုသော ဣစ္ဆာသယ ယဉ်ကျေးမှု၊ ဣစ္ဆာသယ ဓလေ့ထုံးစံ၊ ဣစ္ဆာသယ ၀တ်စား ဆင်ယင်မှု စာပေ စသည်တို့နှင့် ပြည့်စုံသော ဣစ္ဆာသယ ပထမ ဗမာနိုင်ငံကို ထူထောင်ခဲ့ကြလေသည်။
                          လူမျိုးစာပေနှင့်အမူအကျင့်
          ဗမာတွင်စာမရှိ၊ ဗမာစာကို မွန်တို့ထံမှရသည်ဟု ဗမာပညာရှင်တို့ လက်ခံထားကြ သည်။ ဗမာဟုဖြစ်လာသော အနော်ရထာမင်း မတိုင်မှီ ပုဂံတွင် ပျူစာပေ ထွန်းကါးခဲ့သည်။ အနော်ရထာမင်း နန်းရပြီးနောက် အရည်းကြီးသာသနာကို အယုံအကြည် မဲ့လာခဲ့သည်။ ထိုအကြောင်းကို သိသော အရည်းကြီးတို့သည် မိမိတို့ အမူအကျင့်နှင့် တထေရာတည်း တူသော ပိဌကဋ်ကို နွားသားရေပြားတွင် ရေး၍ သရေခေတ္တရာ ရသေ့ပြည်၌ သခွပ်ပင်ကြီး ကိုထွင်းကါ ထိုကျမ်းစာကို ထည့်ထားလေသည်။ သုံးနှစ်အကြာ အသားမာတက်၍ အသား စေ့လေလျှင် သာသနာပိုင် အရည်းကြီးရဟန်းက ဘိုးလောင်းတော် ဒွတ္တပေါင် မင်းကြီး၏ မြို့တော် သရေခေတ္တရာ ရသေ့ပြည်တွင် မြို့လည်၌ရှိသော ပခွတ်ပင်ကြီးထဲတွင် ပိဌကဋ် ကျမ်းစာ ရှိကြောင်း နတ်တို့အိမ်မက် ပေးလှာကြောင်း ထိုကျမ်းစာကို သွားယူရန် အနော် ရထာမင်း ထံ ပြောကြားလေသည်။ အနော်ရထာမင်း သွား၍ ရှာလေလျှင် လုံးပါတ် ၃၂ တောင်ရှိ သခွတ်ပင် ကြီးထဲတွင် အရည်းကြီးတို့၏ အကျင့်နှင့် တထေရာတည်း တူသော ပိဌကဌ်ကျမ်းစာကို ရလေသည်။ ဤသည်မှာ ပျူစာရှိကြောင်း အထောက်အထား ပင်ဖြစ် သည်။ ပျူယဉ်ကျေးမှုသည် မွန်ယဉ် ကျေးမှုထက် ရှေးကျသည်။ မွန်စာ၊ ပျူစာ၊ ရခိုင်စာ၊ လူမျိုး ၃ မျိုးမှာ အနွယ်မတူသော်လည်း စာမှာ အတူတူပင် ဖြစ်သည်။ ဗမာစာ ဟုခေါ်သော မြမ္မာစာကို မွန်တို့ထံမှရသည်ဟု အလွယ် တကူ လက်ခံလိုက်ကြခြင်း အားဖြင့်၎င်း ပျူ ကိုဖျောက်၍  ဗမာ ဟုဖြစ်လာပြီးမှ မြန်မာဟု တဖန် လူမျိုးပြောင်းလာခြင်းကို အလွယ်တကူနှင့် လက်ခံလိုက် ကြခြင်းဖြင့်၎င်း ဗမာ့စစ်ဝါဒ၏ ဆိုးခဲ့ မိုက်ခဲ့ ပေခဲ့သော အကြောင်းအရာတို့ကို အလွယ်တကူ ခေတ်ရေစီးကြောင်း ထဲသို့ မျောပါသွားနိုင်ခဲ့လေသည်။
        တနှစ်အရ သင်္ကြန်ကျဟု ဌာနမြန်ပြည် သမုဒ်သည်ကို အတည်တွက်ဆ ခဆပဉ္စာ သက္ကရာကို ရာဇာအမွန် စောရဟန်တည့် ပုဂံရွှေမောက် ခြေဖျောက်ကြွင်းရစ် အစနှစ်မှ တွက်စစ်ကောဇာ နှစ်သင်္ချာကါး၊ ဤသည်မှာ အမျိုးအနွယ်ကို အောက်မေ့စွာဖြင့် ဗမာအစ ပျူမှ ဟု ရေးဖွဲ့ထားသော နှစ်စဉ်ထုထ် သင်္ကြန်စာပင်ဖြစ်ပါသည်။
                               မြန်မာနှင့်ပျူ
          မြန်မာ (mien မီယန် မျှန့်) အမည်ခံ လူမျိုးတမျိုးသည် တရုပ်နိုင်ငံ ယူနန်နယ် အနောက်ပိုင်း ကန်စုဒေသမှ တဆင့် ကျောက်ဆည်နှင့် မန္တလေး လွင်ပြင် ဒေသသို့ ၀င်ရောက် နေထိုင်လာကြသည်ဟု ဗမာပညာရှင်များက ဆိုသည်။ ထိုထက်မက သာဂီဝင် မင်းမျိုးဟု ဆိုကြပြန်သည်။ သာဂီဝင်သည် အိန္ဒိယ၊ မျန့်သည် တရုပ် လွန်စွာ ဝေးကွာလွန်းလှသည်။ ထို့ပြင် ပုဂံမင်း ၅၅ ဆက်တွင် သာဂီဝင် မင်းတပါးမျှ မရှိသလို မျန့် မင်းလည်း တယောက်မှ မရှိသည်ကို တွေ့ရသည်။ ပုပ္ပါးပုဂံမင်း ၅၅ ဆက်တွင် ၄၂ ဆက်မြှောက် သီရိအနုရုဒ္ဓဒေ၀ (၄၀၆ ၄၃၉) အနော်ရထာ (ပါဠိပျက် အနှောရသား၊ ဗိုလ်မင်းထောင်နေ ရခိုင်သားတို့၏ စကား) ကိုစံထား၍ ရှေ့မင်းများမှာ စုက္ကတေး ကွန်းဆော် ကျဉ်စိုး တောင်သူကြီး ကြောင်ဖြူ စောရဟန်း ငတပါး စလေငခွေး သိန်းခိုးမင်း ရွှေမောက်တော် ရွှေအုန်းသီး ထွန်ချစ် ထွန်ပစ် ထွန်ထိုက် ထီးမင်းယဉ် ယဉ်မင်းပိုက် ပိုက်သေလေ သေလေကြောင် ကြောင်ဒူရစ် ပျဉ်ပျား စောခင်နှစ် သမုဒရစ် ဤမင်းအားလုံးမှာ ပျူမင်းများ ဖြစ်သည်။ အနော်ရထာမင်း နောက်မှ ဆက်ခံသော မင်းများမှာ စောလူး ငရမန် ကျန်စစ်သား အလောင်းစည်သူ နရပတိ စသည် တို့မှာလည်း ပျူ လူမျိုးများချည်း ဖြစ်နေသည်။
          ဤပုဂံခေတ် အုပ်ချုပ်သူ အားလုံးမှာ ပျူ လူမျိုးများသာဖြစ်၍ ဗမာသမိုင်းဆရာ များကမူ အနော်ရထာမင်းမှစ၍ ပထမ မြန်မာနိုင်ငံကို တည်ထောင်သော မြန်မာမင်းများ ဟုသာဖေါ်ပြကြလေသည်။
           ဗမာတို့၏ လက်ဆုပ် လက်ကိုင် မပြနိုင်သော ကန်စုဒေသမှ မျန့်ယဉ်ကျေးမှုသည် ကိုယ့်ထီးကိုယ့်နန်း ၀တ်စားဆင်ယင်မှု အပြည့်အစုံနှင့် ရှိနှင့်ပြီးသော ပျူယဉ်ကျေးမှုမှ မြန်မာ ယဉ်ကျေးမှု ဖြစ်လာခြင်းသည် သမိုင်းလိမ် သက်သက်သာ ဖြစ်လေသည်။
                     အရှင်ဇနကဘိဝံသနှင့်စစ်တပ်
        တောင်မြို့ဆရာတော်ဘုရားဟု အမည်တွင်သော အရှင်ဇနကဘိဝံသသည် ၁၃၁၃ ခု ကဆုန်လတွင် မင်္ဂလာဒုံစစ်တပ်၌ တရားဟောလေသည်။ ထိုတရားပွဲ၌ ဆရာတော်က စစ်တပ်နှင့် သာသနာသည် နိုင်ငံတော်၏ အားထားရာဖြစ်သည် ဟုဟောကြားလေသည်။ ဤကဲ့သို့ပင် အုပ်ချုပ်သူ လူတန်းစားနှင့် စစ်တပ်ကို ချီးမွမ်းမြှောက်ပင့်သော တရားများကို အစိုးရနှင့် ပဏါသင့်သော ရဟန်းများ ဟောကြလေသည်ပင် ဖြစ်၏။
         အရှင်ဇနကဘိဝံသ ကဲ့သို့ မါရမီရှင် ကျမ်းတတ် ရဟန်းတော်များ၏ စစ်တပ်ကို ဘက်လိုက်၍ မြှောက်ပင့်မှုကြောင့်၎င်း၊ အုပ်ချုပ်သူ ဗမာအစိုးရ၏ ဖူးဖူးမှုတ်၍ မြှောက်ပင့်သော အပြုအမှု များကြောင့်၎င်း စစ်တပ်သည် မကေါင်းမှု မှန်သမျှကို ပြုလုပ်၍ ထင်ရာစိုင်းနေခြင်း ဖြစ်လေသည်။ ဤသည်ကြောင့်ပင်လျှင် ဗမာ့စစ်ဝါဒ သက်ဆိုးရှည်နေခြင်း ဖြစ်လေသည်။
                                    လူမိုက်ကိုဆရာတင်သည့်ဗမာ့စစ်ဝါဒ
          အာဏါရ ဗမာလူတန်းစားနှင့် အာဏါရရှိရန် ကြံနေသော အဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ပါ မကျန် ပြည်ထောင်စု ပြိုကွဲမည်ကို ကြောက်နေကြသည်။ စိုးရိမ်နေကြသည်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဟုဆိုသော လူမိုက်ကို ဆရာတင်သည့် ဗမာစစ်ဝါဒကြောင့်၎င်း လူမိုက် ကို အာဇာနည်ဟု မှတ်ယူသော ဗမာစစ်ဝါဒနှင့် တိုင်းရင်းသားတို့၏ ရိုးသားသော အယူဝါဒ နှစ် ခုမှာ မတူညီသောကြောင့် ဖြစ်သည်။
      ဗမာတို့၏ သမိုင်းဝင် အာဇာနည် လေးဦးမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ တို့ဖြစ်သည်။ ကျန်စစ်သား။ ။ အနော်ရထာမင်းထံ ဆက်သော ခင်ဦးကို လမ်းတွင်ပြစ် မှားသောသူ၊ အဖမွှမ်းသော အနော်ရထာမင်းနှင့် ခင်ဦးရပြီး၍ အနော်ရထာမင်း သေပြီးနောက် ကျန်စစ်သား မင်းဖြစ်လာသောအခါ ခင်ဦးကို မိဖုရားမြှောက်ခြင်းသည် အမိကို မယားလုပ်ခြင်း ပင်ဖြစ်သည်။ ဘုရင့်နောင်။ ။ ရုပ်ရည်ချောမောလှပသော ခင်စိမ်းကလေးကို မစူးစမ်း မဆင်ခြင် ဘဲ မိဖုရားမြှောက်ရန်ကြံသောသူ၊ ခင်စိမ်းကလေးသည် ဘုရင့်နောင်၏ သမီးအရင်း ဖြစ်သည်။ အလောင်းဘုရား။ ။ ဗုဒ္ဓဘာသာဘုရင်ဟု ဘိသိတ်ခံလျှက် ကိုယ့်တိုင်းပြည်မှ ဘုရားကို မဖျက် ဇင်းမယ်မှ ဘုရားကိုဖြိုဖျက်ခြင်းသည် ကိုယ့်ထက်သါ မနာလိုသော ဗမာ့စစ်ဝါဒ။ ဗန္ဓုလ ။အခွင့် အရေးကို မရ ရသည့် နည်းနှင့် ယူရမည်ဟု ခံယူချက်ရှိ၍ အာဏါကို ရယူသောသူ။ ဤသို့ ဗမာတို့၏ စာရိတ္တကြမ်းနှင့် စစ်ဝါဒသည် တိုင်းရင်းသားတို့နှင့် အံဝင်မှုမရှိသည်ကို တွေ့ရ ပေသည်။
      ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ဗမာတို့ကိုသာ ကျေးဇူးပြုခဲ့ပြီး တိုင်းရင်းသားတို့အပေါ် မည်သို့သဘောထား ရှိသည်ကို၊ စကါးနှင့် အလုပ် ညီမညီ ဆိုသည်ကို၊ စမ်းသတ်မခံခဲ့ရ သေးပေ။ ထို့ကြောင့် လူမိုက်ကို အာဇာနည်ဟု မှတ်ယူသော ဗမာ့စစ်ဝါဒ ရှိနေသမျှ ကါလ ပါတ်လုံး ၊ အနစ်နာခံပါသည် ဟုဆိုကါ သကါလူးသော အဆိပ်သီးကို တိုင်းရင်းသားတို့ကို စားစေသော ဗမာ့စစ်ဝါဒ ရှိနေသမျှ ကါလပါတ်လုံး ပြည်ထောင်စု မကွဲပါဟု မည်သူမျှ အာမခံ နိုင်လိမ္မည် မဟုတ်ပါ။ ဗမာသည် မိမိအမှားကို သူများအပေါ် အပြစ်တင် ပုံချလေ့ ရှိတတ်ရာ ဗမာနှင့်အတူ နေထိုင်ရခြင်းသည် အလွန်ဒုက္ခရှိလေသည်။
                    မတရားအကြမ်းဘက်ခြင်း
           (က) လူမျိုးရေးအရ၀ါးမျိုပစ်ခြင်း
          လူမျိုးတမျိုးကို တခြားလူမျိုး တမျိုးက ၀ါးမျိုပစ်နိုင်ရန်အတွက် လိုအပ်သည်မှာ
(၁) စနစ်ကျသော လူ့အဖွဲ့အစည်း တရပ်ရှိခြင်း
(၂) ဘာသာရေးအဖွဲ့အစည်းရှိခြင်း
(၃) ခေတ်မှီလက်နက်ကိရိယာရှိခြင်း
(၄) စာပေယဉ်ကျေးမှု စသော ၀ါဒဖြန့်ချီမှု အားကေါင်းခြင်း
           အထက်ပါ အချက်များသည် လူမျိုးတမျိုးကို ၀ါးမျိုပစ်နိုင်ရန် အဓိက လိုအပ်ချက် မျးပင် ဖြစ်သည်။ လူမျိုးတမျိုးသည် တခြားလူမျိုးအပေါ် အထင်ကြီးခြင်းသည် လူမျိုးရေးအရ ၀ါးမျိုခံရခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် နှစ်ကြာလာသည်နှင့် အမျှ မိမိလူမျိုး၏ စရိုက် လက္ခဏါများ ကွယ်ပျောက်၍ တခြားလူမျိုးတို့၏ စရိုက် လက္ခဏါများ ပီပြင်လာကါ လူမျိုးရေး အရ သွေးနှော ၀ါးမျိုခြင်းကို ခံရလေတော့သည်။
                          (ခ) စီးပွားရေးအရ၀ါးမျိုပစ်ခြင်း
           လူမျိုးတမျိုး ခေတ်မှီ တိုးတက်ရန်အတွက် ဆိုလျှင် ထိုလူမျိုး၌ စီပွားရေး အခြေခံ မဏ္ဍိုင် ရှိရန် လိုအပ်လေသည်။ လူမျိုးတမျိုး၏ တိုးတက်မှုကို ဖြစ်စေသော စီးပွားရေး မဏ္ဍိုင်ကို အာဏါရ အစိုးရသည် ဖျက်ဆီးပစ်လိုက်သောအခါ ထိုလူမျိုး၏ စီးပွားရေး ကျဆင်းမှုဒါဏ် ကြောင့် လူ့အဖွဲ့အစည်း တခုလုံးသည်လည်း ကစင့်ကလျှား ဖြစ်သွားလေ သည်။ ထိုနည်းအတူ အားနဲသူကို အားများသူက စီးပွားရေးအရ ၀ါးမျိုခံရသောအခါ တဦးချင်း အလိုက် အဖွဲ့အစည်းအလိုက် နိုင်ငံအလိုက် သြဇာခံဘ၀ အနှိမ်ခံဘ၀သို့ ကျရောက်သွား လေသည်။( မှတ်ချက်။ ပညာရှင် အဆင့်သာ မြင်နိုင်စွမ်းရှိသည်။
                    (ဂ) နိုင်ငံရေးအရဖိနှိပ်ခြင်း
          လူတဦးဖြစ်စေ တဖွဲ့ဖြစ်စေ တနိုင်ငံဖြစ်စေ အာဏါစက် တည်မြဲလို၍၄င်း အာဏါရရှိ လို၍၄င်း တခြားအဖွဲ့အစည်း တခြားလူမျိုး တခြားနိုင်ငံတို့ အပေါ်တွင်၎င်း မိမိလူမျိုး မိမိနိုင်ငံ တွင်းရှိ တခြား အဖွဲ့အစည်းတို့ အပေါ်တွင်၎င်း နိုင်ငံရေကို ခုတုံးလုပ်၍ အကြမ်းဘက် အနိုင်ကျင့်လေသည်။ ဤသို့နိုင်ငံရေးအရ ဖိနှိပ်ညှင်းပန်း အနိုင်ကျင့်သည်ကို လူများစုသိနိုင် မြင်နိုင်စွမ်း ရှိကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအာဏါရှင်တို့၏ ဆိုးကျိုးမှန်သမျှကို လူအများစု ခံရသောကြောင့် ဖြစ်လေသည်။ပြီး)))))
                             (ဃ) ဥပဒေဖြင့်ဖိနှိပ်ခြင်း
        အုပ်ချုပ်သူ သို့မဟုတ် အဖွဲ့အစည်းတရပ်သည် မိမိအာဏါတည်မြဲလို၍ ပြည်သူထူထုနှင့် ဆန့်ကျင်သော ဥပဒေကို ပြဌာန်းခြင်းသည် ဥပဒေဖြင့် ဖိနှိပ်ခြင်းပင်ဖြစ်သည်။ ပြည်သူလူထု ဆန္ဒနှင့် မကိုက်ညီသော ဥပဒေ ပြဌာန်း၍ ပေါ်ပေါက်လာသော ဆိုးကျိုးများသည် အာဏါရ လူ့အဖွဲ့အစည်း နှင့်သာသက်ဆိုင် အကျုံးဝင်လေသည်။ သို့သော်အာဏါရ ထိုအဖွဲ့ အစည်း သည် ပြည်သူလူထု ဆန္ဒနှင့် မကိုက်ညီသော ဥပဒေ ပြဌာန်း၍ ဆိုးကျိုးများ ဖြစ်ပေါ်လာသည့် အခါ တာဝန်မယူဘဲ ပြည်သူလူထုနှင့် တခြားအဖွဲ့ အစည်းတို့ကိုသာ အပြစ်ပုံချလေ့ရှိသည်။
                               (င) ဘာသာရေးကိုအသုံးချခြင်း
            စစ်မှန်သော ဘာသာရေး သမားမည်သည် မည်သည့်အခါကမျှ အာဏါ ရရှိရန် ကြိုးပန်းဆောင်ရွက်ခြင်း မရှိပေ။ အာဏါ လိုလားသူ တို့သည်သာလျှင် ဘာသာရေးကို ခုတုံး လုပ် အသုံးချကြလေသည်။ ဘာသာရေးသည် လောကုတ္တရာဖြစ်၍ အာဏါသည် လောကီရေး သာဖြစ်သည်။ ထိုနှစ်ခုမှာ တကွဲတပြားစီ ဖြစ်သော်လည်း အာဏါလိုလား သူတို့က ဘာသာ ရေးကို အကြောင်းပြကါ အာဏါကို ချဲ့ထွင်ကြလေသည်။ ထိုကြောင့်ပင် ဘာသာရေးမှာ အာဏါ၏ အသုံးချခံ ဘ၀သို့ ရောက်သွားပြီးလျှင် နယ်ချဲ့မှုအစ လူသတ်မှုအဆုံး အကြမ်း ဘက်မှု မျိုးစုံကို ကျူးလွန် လေတော့သည်။ ဘာသာရေး ခေါင်းဆောင်များသည် အုပ်ချုပ်သူ အာဏါရ လူတန်းစား၏ အသုံးချခံဘ၀သို့ ရောက်သွားသောအခါ အာဏါရှိသူတို့၏ ပြည်သူ လူထု အပေါ် အကြမ်းဖက် လာခြင်းသည် ပို၍ဆိုးဝါး လာလေ တော့သည်။
                        (၃) အကြမ်းဘက်မှု
                  (က) တဦးချင်းအကြမ်းဘက်မှု
         လောဘ(ငွေကြေးဥစ္စာ) ဒေါသ(ပေါက်ကွဲလွယ်သောမသိစိတ်) မောဟ (အသိညာဏ် ကင်းသော တဏှာအမှောင်) အ၀ိဇ္ဇာ (မှားမှန် မခွဲခြားနိုင်သောစိတ်) စသည်တို့ကြောင့် တဦးချင်း အကြမ်းဘက်မှုကို ဖြစ်ပေါ်စေလေသည်။ ထို့ကြောင့်ပင်လျှင် ခိုးမှု လုယက်မှုမှ မုဒိန်း မှု ပြန်ပေးမှု လူသတ်မှု အထိ အကြမ်းဘက်မှု မျိုးစုံကို ဖြစ်ပေါ်စေလေသည်။
                    (ခ) အဖွဲ့လိုက်အကြမ်းဘက်မှု
           (၁) ဘာသာရေးယုံကြည်မှု အရ အကြမ်းဘက်၍ လူထုကို ဆိုးကျိုးများဖြစ်ပေါ်စေမှု
            (၂) အဖွဲ့ငယ်များဖွဲ့၍ အကြမ်းဘက်မှု ကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်စေမှု
            (၃) အယူဝါဒတူသူများ စုပေါင်း၍ အသင်းဖွဲ့ကါ အကြမ်းဘက်ခြင်းကြောင့်
                  ဆိုးကျိုးများ ဖြစ်ပေါ်စေမှု
             (၄) နိုင်ငံ၏ အချုပ်အချာ အာဏါကို အသုံးပြု၍ မတရား အကြမ်းဘက်ရာမှ
                  ဆိုးကျိုးများ ဖြစ်ပေါ်စေမှု
        ဘာသာရေးဂိုဏ်း ဓါးမြဂိုဏ်းမှ ပါတီ စစ်တပ် နိုင်ငံတော်အာဏါ အထိ အဖွဲ့လိုက် အကြမ်းဘက်မှုကို ဖြစ်ပေါ်စေလေသည်။ ဤအဖွဲ့လိုက် အကြမ်းဘက်ခြင်းသည် လူထုကို အကြီးအကျယ် ထိခိုက် နစ်နာ ဆုံးရှုံးစေလေသည်။
                          (ဂ) နိုင်ငံအလိုက်အကြမ်းဘက်မှု
       နိုင်ငံတခုကို အုပ်ချုပ်သူ အာဏါရှင်သည်၎င်း ပါတီ အဖွဲ့အစည်း သည်၎င်း တခုခုသော အကြောင်းကို ရမယ်ရှာ၍၄င်း အကြောင်းပြ၍၄င်း တခြားနိုင်ငံတခုခုကို ၀င်ရောက်ကျူးကျော် လေသည်။ ထို့ကြောင့်ပင် အတိုက်ခိုက်ခံရသော နိုင်ငံတွင် အကြမ်းဘက်မှု မျိုးစုံကို တွေ့ကြုံရ လေတော့သည်။
                       (ဃ) နိုင်ငံပေါင်းစုအကြမ်းဘက်မှု
         နိုင်ငံတခုသည် မိမိနှင့်ဝါဒတူ အကျိုးစီးပွားတူ ဘာသာအယူတူ စသောအကျိုး စိးပွား တခုခုအတွက် တခြားနိုင်ငံတခု သို့မဟုတ် နိုင်ငံစုံနှင့် အသင်းအဖွဲ့ ဖွဲ့ကါ အကြမ်းဘက်မှုကို လုပ်ဆောင်သဖြင့် နိုင်ငံပေါင်းစု အကြမ်းဘက်မှုကို ဖြစ်ပေါ်စေသည်။
                    (င) အကြမ်းဘက်မှုကိုဖြစ်စေသောနိုင်ငံထူထောင်ခြင်း
            (က) ဌာနေလူမျိုးနှင့်ကျူးကျော်သူလူမျိုးများပြသနာ
              မူလဒေသနေ လူမျိုးတမျိုးသည် မိမိနေရင်းဒေသ၌ မိမိယဉ်ကျေးမှုနှင့် ဆက်နွယ် ကါ နိုင်ငံထူထောင်နိုင်ပြီး အချုပ်အချာ အာဏါကို ရယူနိုင်သည်။ မူလဒေသ ဌာနေတိုင်းရင်း လူမျိုးတို့ နေထိုင်ရာသို့ ကျူးကျော်နေရာယူ ခြေချလာသော တခြားလူမျိုးတို့ကို နိုင်ငံ တခုခု က၄င်း နိုင်ငံပေါင်းစုက၄င်း 
        (၁) စစ်ရေးနှင့်နိုင်ငံထူထောင်ပေးခြင်း
        (၂) အာဏါရရှိရန်ဖန်တီးပေးခြင်း
        (၃) ဘာသာရေးကိုအကြောင်းပြ၍နိုင်ငံထူထောင်ပေးခြင်း
        (၄) ဥပဒေဖြင့်နိုင်ငံထူထောင်ပေးခြင်း
        (၅) လူဦးရေဖြင့်နိုင်ငံထူထောင်ပေးခြင်း
        (၆) နိုင်ငံ၏အရင်းအမြစ်များကိုခွဲဝေရာတွင်ညီမျှသည်ဟုမထင်ခြင်း
စသည့် အချက်အလက်များသည် ဌာနေလူမျိုးများနှင့် ကျူးကျော်နေထိုင်သူ တို့၏ ပဓိပက္ခကို အကြီးအကျယ် ဖြစ်ပွားစေသည့်အတွက် ရေရှည်တွင် အကြမ်းဘက်မှု မျိုးစုံကို ဖြစ်ပွားစေ လေသည်။ပြီး)))
                  (ခ) အကြမ်းဘက်၍နိုင်ငံထူထေင်ခြင်း
                 လူမျိုးတမျိုးတွင် နိုင်ငံထူထောင်ရန် အခြေခံရှိရမည့် အချက်များမှာ
(၁) ဓါးမဦးချ နယ်မြေရှိခြင်း (သို့)ထိုနယ်မြေဒေသမှ ယဉ်ကျေးမှုထွန်းကါးလာခြင်း
(၂) အုပ်ချုပ်ရေးစနစ်ရှိခြင်း(သို့) နိုင်ငံထူထောင်၍ နေထိုင်ခဲ့ခြင်း
(၃) ဘာသာအယူဝါဒရှိခဲ့ခြင်း
(၄) တရားစီရင်ရေးနှင့် မြို့ရွာအုပ်ချုပ်ရေးစနစ်ရှိခဲ့ခြင်း
(၅) စာပေ အနုပညာ နှင့်ပိသုကါပညာ တို့နှင့်ထိုလူ့အဖွဲ့အစည်းကို ဦးဆောင်ခဲ့ခြင်း
            အထက်ဖေါ်ပြပါ အချက်အလက်များနှင့် မပြည့်စုံသော လူမျိုးတမျိုးကို မည်သည့် အကြောင်းပြချက်နှင့်မဆို နိုင်ငံတခုက၄င်း နိုင်ငံပေါင်းစုက၄င်း အဖွဲ့အစည်းတခုခုက၄င်း ဘာသာတခုခုက၄င်း ၊ ထိုနယ်မြေပေါ်တွင်၎င်း တစိတ်တဒေသတွင်၎င်း နိုင်ငံထူထောင်ပေး ခြင်းသည် တရားမ၀င်နိုင်ငံ ထူထောင်ခြင်း သို့မဟုတ် အကြမ်းဘက်၍ နိုင်ငံထူထောင်ခြင်းပင် ဖြစ်သည်။
          ဤသို့နိုင်ငံထူထောင်ခြင်းသည် တချိန်ချိန်တွင် အကြမ်းဘက်မှုကို မုချဖြစ်ပေါ်လိမ္မည် ဖြစ်သည်။ ထို့ပြင်နိုင်ငံတခုက နိုင်ငံတခု၏ ဒေသအစိတ်အပိုင်း တခုကို ၀င်ရောက်သိမ်းပိုက်၍ သော်၎င်း တနည်းနည်းနှင့်သော်၎င်း ထိုဒေသနေလူများကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း တခြားနိုင်ငံတို့ကို အသိအမှတ်ပြုစေခြင်း ထိုအသိအမှတ်ပြုသည်ကို ကုလသမဂ္ဂသည် ထောက်ခံ၍ နိုင်ငံအဖြစ် အသိအမှတ်ပြုကါ အကါအကွယ်ပေးခြင်းသည် အကြမ်းဘက်၍ နိုင်ငံ ထူထောင်ပေးခြင်းပင် ဖြစ်သည်။
                        ကုလသမဂ္ဂနှင့်အကြမ်းဘက်မှု
         ဒုတိယ ကမ္ဘာစစ်အပြီး ကုလသမဂ္ဂဟူ၍ နိုင်ငံပေါင်းစုံ အဖွဲ့အစည်း တရပ်ပေါ်ပေါက် လာသည်။ ထို့ပြင် ကိုလိုနီနိုင်ငံ အများစုမှာ လွပ်လပ်သော နိုင်ငံဖြစ်လာကြသည်။ ကုလသမဂ္ဂ ကိုဖွဲ့စည်းရခြင်း၏ အနှစ်သာရမှာ ယဉ်ကျေးမှု မြင့်မားသော ဓနဥစ္စာကြွယ်ဝသော ခေတ်မှီ တိုးတက်သော အမျိုးအနွယ် ဆက်စပ်မှုရှိသော နိုင်ငံအလိုက် စစ်မက်ဖြစ်ပွားခြင်း ဗိုလ်ကျချယ် လှယ်ခြင်း ကိုလိုနီထူထောင်၍ သြဇာခံပြုလုပ်ခြင်း စသည်တို့ကို ရှောင်ရှား၍ ခေတ်မမှီသော နိုင်ငံနှင့် လူမျိုးတို့အပေါ် အနုနည်းနှင့် ချယ်လှယ်ချင်သော ကြောင့်ဖြစ်သည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကိုလိုနီစနစ် ချုပ်ငြိမ်းသွားသည်ဟု ဆိုကြသော်လည်း ကမ္ဘာအနှံ့အပြားတွင် ကိုလိုနီစနစ်သစ်နှင့် ကိုလိုနီ လက်သစ်ဝါဒ ရှိနေဆဲ ဖြစ်သည်။
         ထို့ပြင်အဖွဲ့လိုက် အကြမ်းဘက်မှု ပါတီလိုက် အကြမ်းဘက်မှု နိုင်ငံအလိုက် အကြမ်း ဘက်မှု လူမျိုးရေး အကြမ်းဘက်မှု တို့ကိုလည်း တရားမျှတစွာ ဆောင်ရွက်မပေးနိုင်ခဲ့ပေ။ ကမ္ဘာတွင် ဒီမိုကရေစီ မရှိဆုံးအဖွဲ့ကိုပြပါဆိုလျှင် ကုလသမဂ္ဂကို ပြရမည်ဖြစ်သည်။ ကုလ သမဂ္ဂသည် ဓနဥစ္စာအောက်တွင် နစ်မွန်းကါ ကြားဝင်ဖြန်ဖြေ ပေးရသော အဖွဲ့အဖြစ်သာ နိုင်ငံကြီးများ၏ အသုံးချခံ ဖြစ်နေရသည်။ ထို့ကြောင့် ကုလသမဂ္ဂ၏ အာဏါသည် ကမ္ဘာ့နိုင်ငံ အားလုံးသို့ ညီမျှစွာ မရောက်ရှိသမျှ ကါလပတ်လုံး ကမ္ဘာတွင် နိုင်ငံထူထောင်ခွင့် ရှိသော လူမျိုးတို့၏ အာဏါစက်တည်ရာဌာန တခုမဖြစ်မချင်း အကြမ်းဘက်မှုကို တရားမျှတစွာ ဆောင်ရွက်နိုင်သော ဆုံးဖြတ်နိုင်သော အဖွဲ့အစည်းတရပ် ဖြစ်လာမည် မဟုတ်ပေ။
               ဗမာတို့၏ဗုဒ္ဓဘာသာကိုးကွယ်မှုစနစ်
                 အလောင်းစည်သူနှင့်ဗုဒ္ဓဘာသာ
                  ပုဂံပြည် အလောင်းစည်သူမင်း လက်ထက် ရခိုင်မင်းသား လင်္ကျာမင်းနန်ကို နန်းတင်ရန် ဗမာနှင့် မွန်ပူးပေါင်း၍ စစ်ချီ လာလေသည်။ လင်္ကျာမင်းနန်ကို နန်းတင်ပြီးနောက် ရုပ်ရှင်တော် မဟာ မြတ်မုနိကို ဗမာတို့ ယူဆောင်၍ မရသဖြင့် ဖိုကျင်တထောင် ထိုး၍ အရည် ဖျော်လေသည်။ ကြောကုန်းမှ ရွှေနှင့် ရတနာ တို့မှာ အရည်ပျော်၍ ယူဆောင်ကြ လေသည်။ မဟာမြတ်မုနိ ဘုရားတကိုယ်လုံး အရည်မပျော်သဖြင့် ဗမာတို့သည် ဘယ်ဖက် လက်တော်ကို ဖြတ်၍ ယူကြလေသည်။ မွန်တို့မှာလည်း ခြေထောက် ပေါင်ကို ဖြတ်ယူကြလေသည်။ ရခိုင် သားအဆက်ဆက် ပြောလာသော စကား တခွန်းမှာ အရှေ့ပြည်(ဗမာပြည်)မှာ ဘုရားရှိ၏ တရားမရှိ ဟူ၍ ဖြစ်ပါသည်။
                        ညောင်ကန်ဆရာတော်၏ရခိုင်ပြည်ကိုသိမ်းယူခြင်းအကြောင်း
        ညောင်ကန်ဆရာတော်ကို ညောင်ကန်ရွာတွင် သက္ကရာဇ် ၁၁၁၅ ခု တွင်မွေးဖွား ခဲ့သည်။ အသက် ၁၅ နှစ်တွင် သာမဏေ ဖြစ်လာသည်။ ၁၁၈၃ ခု သက်တော် ၆၈ နှစ် သိက္ခါ ၄၈ ၀ါတွင် ပျံလွန်တော်မူသည်။
          ထိုညောင်ကန်ဆရာတော် ရေးသားသော ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုထဲ၌ ရခိုင်ပြည်ကို သိမ်းယူခြင်း အကြောင်းကို ဤသို့ရေးထားပါသည်။
            ဘုန်းတော်အလွန်တရာ ကြီးမြတ်လှသော ဆင်ဖြူများရှင် ဘ၀ရှင်တရားမင်းမြတ် သားတော်အကြီး မဟာဥပရာဇ်သည် အလွန်တရာ ခဲယဉ်းစွာသော ရခိုင်ပြည်ကြီးကို သိမ်းယူ တော် မူပြီး၍ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ စီးပွားချမ်းသာ အကျိုးငှါ ပင့်ဆောင် တော် မူခဲ့သော မဟာမုနိ ဘုရားရှင်၏ အရှေ့မျက်နှာ အရပ်၌ မဟာဥပရာဇ်၏ မယ်တော်အရှင် မိဖုရားမြတ်သည် ဆောက်လုပ်အပ်သော မင်္ဂလာဘုံကျော် ကျောင်းတော်နေ ညောင်ကန် ဆရာတော်သည် မြန်မာ ပြန်ဆိုအပ်သော ဧကဒသကနိပါတ် ဇာတ်ဝတ္ထုသည် ဤမျှသော သဒ္ဒါ၏ အစဉ်အနက်၏ အစဉ်အားဖြင့် အပြီးသို့ရောက်၏။
           ဤသည်မှာဗုဒ္ဓဘာသာ နိုင်ငံတခုကို ဗုဒ္ဓဘာသာနိုင်ငံတခုက တိုက်ခိုက်၍ မဟာမြတ် မုနိဘုရား နှင့်တကွ စေတီယင်္ဂဏ ပစ္စည်းတို့ကို မတော်မတရား ယူဆောင်၍ သူတပါး ဘုရားကို ကိုယ့်ဘုရားအဖြစ်ပြုကါ ရှေ့ခိုး၍ ပီတိသောမနသ လောဘဇော မည်သို့ ရှိကြောင်း ကို သာသနာပိုင် အကျော်အမော် ဆရာတော်ပါး၏ မူရင်းစိတ် အမှန်အတိုင်း ရေးသားထားခြင်း ပင်ဖြစ်ပါသည်။
         စစ်တိုက်၍ နိုင်ငံတခုကို မတရား ကျူးကျော် သိမ်းယူခြင်းကို ရဟန်းတော်တပါး အနေနှင့် သံဝေဂ မယူဘဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရခြင်းမှာ ဗုဒ္ဓဘာသာ အစစ်အမှန် စိတ်ဓါတ် ရှိမရှိ ကိုဆုံးဖြတ်၍ ရနိုင်လေသည်။
           ညောင်ကန်ဆရာတော်နှင့်အဌကဌာ
          ၁၁၄၆ ခုနှစ်မတိုင်မှီက ဗမာပြည်တွင် အဌကဌာ မရှိပေ။ ရခိုင်ပြည်ကို သိမ်းယူပြီး နောက်မှ ဗုဒ္ဓတရားတော် အဌကဌာများကို ဗမာတို့ ရရှိသွားခြင်း ဖြစ်သည်။ ထိုအဌကဌာ နီကါ များသည် အသျှင်မဟာ ဗုဒ္ဓဃောသ မထေရ်၏ ပါဠိအသံ အတိုင်း မရမာဘာသာ ရခိုင်စာ ဖြင့် ရေးခဲ့ သော ကျမ်းစာများ ဖြစ်သည်။
         ထိုအဌကဌာများကို ပါဠိ(အနက်) ကို မတတ်သူတို့ အတွက် ညောင်ကန် ဆရာတော် သည်  စကါးပြေဖြင့် ရေးသားခဲ့သည်။ ထို့ကြောင့်ပင် ဗုဒ္ဓစာပေများကို ဗမာတို့ တတ်သိ နား လည် လာခြင်း ဖြစ်သည်။
                              နုတ်ခမ်းမွေးနှင့်ဘုရား
         ရှေးကမန္တလေး တောင်ပေါ်တွင် မုတ်ဆိပ်မွေးကျင်စွယ်နှင့် ရပ်တော်မူဘုရား တပါးကို ဗမာဘုန်းကြီးတို့ တည်ထားကိုးကွယ်လေသည်။ တပည့်တကါတို့က ထိုဘုန်းကြီးထံ မုတ်ဆိပ် မွေးကျင်စွယ်နှင့် ဘုရားမှာ သင့်ပါ့မလား ဟုလျှောက်ကြလေသည်။ ထိုအခါ မန္တလေး ဘုန်းကြီး ကနုတ်ခမ်းမွေးလဲ ကျယ်တာဘဲ မုတ်ဆိပ်မွေးလဲ ကျယ်တာဘဲ မျှက်ခုံးမွေးလဲ ကျယ်တာဘဲ ဆံပင်မွေးညင်းကအစ သိပ်ကြည်ညိုစရာ ကေါင်းတာပေါ့ ဟုဖြေသည်။ အဓိပ္ပါယ်မှာ ဆံပင်မွေး ညှင်းကအစ ၃၂ သောဌာသ အားလုံးကြည်ညိုစရာဘဲ ဟုဆိုလိုရင်း ဖြစ်ပါသည်။ မုတ်ဆိတ် မွေးကြင်စွယ်နှင့် ဘုရားတည်သော အကြောင်းကို မန္တလေးနယ် တခုလုံးမက တချို့တချို့ နယ် တိုင်အောင်  ပြန့်နှံ့သွားလေသည်။
       မုတ်ဆိတ်မွေးကျင်စွယ်နှင့် ဘုရားတည်သည့် အကြောင်းကို တပည့်တကါတို့က လယ်တီဆရာတော် ဦးညာဏထံ ဘုရားနှင့် နှုတ်ခမ်းမွေး သင့်မသင့် မေးလျှောက်ကြ လေ သည်။ ထိုအမေးကို ဆရာတော်သည် မဖြေဘဲ ဆိတ်ဆိတ်နေလေသည်။
       တဖန်ကဒူးလူမျိုး မန်လည်ဆရာတော်အား မေးလျှောက်ကြပြန်ရာ စာအုပ်နဲ့ခဲတံယူ ငါဒွေးချိုးစီမယ် မင်းတို့လိုက်ရေးပြီး တိုင်းပြည်ကိုဖြန့်ကြ ဟုဆိုကါ လုပ်ငန်းရယ်ပေါ် နုတ်ခမ်း မွေးကို သူကြည်ညို ပြန်သတဲ့ ဖင်မွေးကို ဘယ်လိုဆိုမယ်ပ အပါဒန် ထိုသည့်ကျမ်းကို ကြည့်ကြစို့လေး ဟုစပ်ဆိုထုတ်ပြန် လေသည်။ ထိုအခါမှ ဘုန်းကြီးနှင့် မန္တလေးသားတို့မှာ ရှက်လွန်းသဖြင့် ရပ်တော်မူ ဘုရားကို ငုံ၍ စေတီတည်ကြလေသည်။ ထိုနောက်မှသာ မုတ်ဆိတ်မွေး ကျင်စွယ်နှင့် ဘုရားကို မမြင်ကြရတော့ပေ။
                            ဗန္ဓုလကိုနှုတ်ခမ်းမွေးတပ်သူ
          ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံတော်အာဏါကို ပထမအကြိမ် ရယူလေ သည်။ ထိုအချိန်က ရန်ကုန်မြို့တော်ဝန်မှာ ဗိုလ်မှုးကြီးထွန်းစိန် ဖြစ်သည်။ ၁၉၅၈ ခုနှစ် မတိုင်မှီက ရန်ကုန်မြို့တွင် ဗန္ဓုလပန်းခြံသာ ရှိပြီး ဗန္ဓုလကြေးရုပ် မရှိပေ။ ဗိုလ်မှုးကြီး ထွန်းစိန်သည်  ဗန္ဓုလပန်းခြံတွင် ဗန္ဓုလကြေးရုပ် ထားရှိလိုသည်။ ခက်နေသည်မှာ သူလိုချင် သော ဗန္ဓုလ ရုပ်ပုံကို ရှာ၍မရ ဖြစ်နေခြင်းပင်ဖြစ်သည်။ ဗန္ဓုလနှင့်ပတ်သက်သော အကြောင်းအရာ မျိုးစုံကို တတ်နိုင်သမျှ စုဆောင်းလေ့လာ သော်လည်း ဗိုလ်မှုးကြီးထွန်းစိန်မှာ သဘောမတွေ့နိုင် ဖြစ်နေသည်။ ၁၉၅၈ ခုနှစ် မတိုင်မှီက ရေးဆွဲသော ပန်းချီပုံများ၌ ဗန္ဓုလတွင် နှုတ်ခမ်းမွေး မရှိပေ။ ဗိုလ်မှုးကြီးထွန်းစိန်သည် ဗန္ဓုလတွင်နှုတ်ခမ်းမွေး ရှိမှသာလျှင် တကဲ့ဗမာကြီး ပီသသည်ဟု အထင်ရှိနေရာ ဗန္ဓုလကို နှုတ်ခမ်မွေး မည်သို့တပ်ရမည်ကို အကြံထုတ်နေလေသည်။
       ထိုနှစ်ရန်ကုန်တိုင်းတွင် ပြည်ထောင်စုနေ့ ကျင်းပရာ ဗိုလ်မှုးကြီးထွန်းစိန်က ဗန္ဓုလ အကြောင်းကို ချီးမွမ်းခန်း ဖွင့်၍ ဟောပြောလေသည်။ ထို့ပြင် သူက စစ်တောင်းမြစ် ကမ်းနားရှိ ဒုံစရိတ် ရွာသား အသက် ၁၅၀ နှစ်ရှိ ကရင်လူမျိုး အဘိုးတောင်ကြီး ဆိုသူမှာ ဗန္ဓုလနှင့် စစ်အတူ တိုက်ခဲ့ဖူးကြောင်း ပြောဆို၍ လူထုနှင့် မိတ်ဆက်ပေးလေသည်။ မိတ်ဆက်ပေးပြီး နောက် ဗိုလ်မှုးကြီးထွန်းစိန်က အဘ ဗန္ဓုလနှင့် စစ်အတူ တိုက်ဖူးတယ် ဆိုရင် ဗန္ဓုလမှာ နှုတ် ခမ်းမွေး ရှိမရှိ သိမှာပေါ့နှော် ဟုမေးမြန်းရာ အဖိုးတောင်ကြီးက ဗန္ဓုလမှာ နှုတ်ခမ်းမွေး မရှိဘူး လို့ ဘယ်သူပြောသလဲ ဟုအတိုင်အဖေါက်ညီစွာ အချက်ကျကျ ပြန်ဖြေလေသည်။
         ထိုနောက်မှ ဗိုလ်မှုးကြီးထွန်းစိန်သည် ၀မ်းသာအားရဖြစ်ကါ ဗန္ဓုလကို အားရပါးရ နှုတ်ခမ်းမွေး တပ်လိုက်လေသည်။ ထို့ကြောင့် ၁၉၅၈ ခုနောက်ပိုင်း မှစ၍ ယနေ့အထိ ဗန္ဓုလတွင် နှုတ်ခမ်းမွေး တကါးကါးနှင့် ဖြစ်နေလေတော့သည်။
               ဗမာနှင့်ကြေးသွန်းပညာ
            ဗမာယဉ်ကျေးမှု စတင်သော ပုဂံခေတ်တွင် ကြေးသွန်းပညာ မထွန်းကါးခဲ့ပေ။ ကျောက်ဆစ်လက်ရာများသာ ထွန်းကါးခဲ့သည်။ ကုန်းဘောင်ခေတ် ပုဂံမင်း လက်ထက်တွင် ဇလွန်မြို့မှ မြို့သူကြီး ဦးရွှေပွင့်သည် အလေးချိန် ၁၅၀၀ ပိသာရှိ ရတနာတို့ကို ယူဆောင်၍ သက္ကရာဇ် ၁၂၁၄ ခုနှစ် တပို့တွဲလ္ဆန်း ၂ ရက်နေ့ အမရပူရသို့ ဘုရားသွန်းလုပ်ရန် ရောက်ရှိ လာလေသည်။
          မြို့သူကြီးဦးရွှေပွင့်သည် ရခိုင်မာရ်အောင်မြင် ဘုရားထက် ညာဏ်တော် တမိုက် အမြင့် သွန်းလုပ်ရန် ဆရာမောင်မောင်လပ် ထံအပ်နှံလေသည်။ ထိုဘုရားမှာ ပုဂံမင်းလက် ထက်တွင် မပြီးဘဲ မင်းတုန်းမင်း လက်ထက်တွင်ပြီး၍ မင်းတပ်(ကနောင်) မင်းသားပြုပြင်ကါ ကိုးကွယ် လေသည်။ ကနောင်မင်းသား၏ ကြိုးပမ်းမှုကြောင့် စက်မှုပညာနှင့် ကြေးသွန်းပညာ ငွေဒင်္ဂါး သွန်း ပညာပါ တိုးတက် လာသည်။
                            အရှင်မဟာဗုဒ္ဓဃောသ(သို့မဟုတ်) သက်ကြီးစကါးမှတ်တမ်း
            ဓည၀တီရခိုင်ပြည်တွင် ၀တီလေးရပ်ရှိသည့် အနက် ရမ္မာဝတီအပိုင် ရနီကြီး ပေါက်တူးတောင် ကျေးရွာနေ အဘ ဦးစိန်ချမ်းအောင်၏သား မောင်ကျော်လှသည် ဃောသ အမည်ဖြင့် သာမဏေဘ၀မှ ရဟန်းဖြစ်လာသည်။ စာပေအရာတွင် နှံ့စပ်သိမြင် ထိုးထွင်းဥာဏ် ရှိသော ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ထိုအချိန်၌ သီဟိုကျွှန်းတွင် စတုတ္ထသံင်္ဂါယနာတင်၍ မဂဓ ဘာသာမှ သီဟိုဘာသာသို့ ပေထက်အက္ခရာ တင်ကြလေသည်။ ထိုအကြောင်းကို ရခိုင်ပြည် ရှိ ရဟန္တာအရှင် သူမြတ်တို့ ကြားသိလေလျှင် ဃောသ မထေရ်ကိုခေါ်၍ ရခိုင်မူနှင့် သီဟိုမူ တူမတူ ကွဲပြားခြားနားမှု ရှိမရှိ ညှိနှိုင်းရန်အတွက် သီဟိုကျွှန်းသို့ စေလွှတ်လေသည်။
          ဃောသမထေရ်သည် သီဟိုသို့ရောက်လျှင် မိမိလာရသည့် အကြောင်းစုံကို ရဟန္တာ အရှင်မြတ်တို့ထံ လျှောက်ထားပြောကြားလေသည်။ သီဟိုရှိ ရဟန္တာအရှင် မြတ်တို့က ဃောသမထေရ်သည် ဗုဒ္ဓ၏ အမွေအနှစ်ကို ထိမ်းသိမ်းနိုင်မည့် ပုဂ္ဂိုလ် ဟုတ်မဟုတ် သိလို၍ သဂ္ဂဓ၀ဂ္ဂသံယုဂ် ဂါထါနှစ်ပုဒ်ကို တညတည်းနှင့် ကျမ်းတစောင် ပြုပြရန် ခိုင်းစေလေသည်။
         ဃောသမထေရ်၏စိတ်တွင် ရဟန္တာအရှင်မြတ်တို့ ပေထက်တင်ထားသော ဘုရားဟော တရားတော်များကို မာည့်ရှုရဘဲနှင့် ကျမ်းတစောင် ပြုခိုင်းခြင်းသည် သာသနာမညစ်နွမ်း စေလို၍ ဖြစ်မည်ဟု နှလုံးသွင်းကါ နေ၀င်ချိန် ညဦးတွင် အစပြုကါ နံသာဆီမီးဖြင့် သဂ္ဂဓ၀ဂ္ဂ သံယုဂ် ဂါထါနှစ်ပုဒ်ကို အကျယ်ဖွင့်ဆိုသော ၀ိသုဒ္ဓိမဂ်အဌကဌာကို ပါဠိဘာသာဖြင့် ရေးသား လေသည်။ ညဦးယံတွင် အချောပြီး၍ အိပ်ရာနံဘေးတွင် ထားကါ အိပ်လေသည်။ တရေးနိုး လာသောအခါ ထိုကျမ်းစာမှာ မရှိတော့ပေ။ ဒုတိယတဖန် အစားထိုး၍ ရေးပြန်ရာ သန်းခေါင် ယံတွင် အချောပြီးပြန် လေသည်။ ကျမ်းစာပြီး၍ တဖန်အိပ်ပြန်လေသည်။ တရေးနိုးလျှင် ဒုတိယကျမ်းစာမှာလည်း ပျောက်ဆုံးနေပြန်လေသည်။ တတိယအကြိမ်ရေးပြန်ရာ အာရုဏ် မတက်မှီ အပြီးသို့ ရောက်ပြန်လေသည်။ ထိုပေစာကို ငါမှအပ တဦးတယောက်မှ ယူ၍ မရစေသား ဟု အဓိဌာန်၍ အိပ်ရာ နိုးလာသောအခါ မိမိရင်ဘတ်တွင် တင်၍အိပ်သော ပေစာ အပြင် ယ္ခင်ရေးထားသော ပေစာနှစ်ထုတ်ကို ဦးခေါင်းရင်းတွင် ပြန်၍ တွေ့ရလေသည်။ ထိုအကြောင်းကို ရဟန္တာ အရှင်မြတ်တို့ထံ လျှောက်၍ အဌကဌာ ပေမူ သုံးစုံကို တပါတည်း အပ်လေသည်။ ရဟန္တာအရှင်မြတ် တို့သည် မဓဂဘာသာဖြင့် ရေးထားသော ထိုအဌကဌာ သုံစောင်ကို စစ်ဆေးကြည့်ရှုရာ ၏ သည် မလွဲ အဌကဌာ သုံးစောင်မှာ တခုတည်းသာ ဖြစ်ကြောင်း တွေ့ရလေသည်။ ရဟန္တာအရှင်မြတ်တို့က ဃေသမထေရ်အား ဗုဒ္ဓကဣင်္ုရ ဖြစ်၍သာ တညတည်းနှင့် ၏ သည် မလွဲ အဌကဌာ တစောင်ကို သုံးစောင် ဖြစ်အောင် ရေးသားနိုင်သော ပုဂ္ဂိုလ်ထူး အဖြစ် ချီးမွန်းကြလေသည်။ ထိုအချိန်မှစ၍ ဃောသမထေရ်မှ ဗုဒ္ဓဃောသ ဖြစ်လာလေသည်။
             ထိုရှင် မဟာဗုဒ္ဓဃောသ မထေရ်သည် မဂဓဘာသာ ပါဠိစာပေမှ ဗုဒ္ဓတရားတော် များကို မရမာဘာသာ ရခိုင်စာပေသို့ ကူးပြောင်းပေးခဲ့သော ပုဂ္ဂိုလ်ထူးဖြစ်သည်။ နမောတသ ဘဂ၀တော အာရဟတော သမ္မာသမ္ဗုဒ္ဓသတိ တည်းဟူသော မဂဓဘာသာစကါးကို ရခိုင်အသံ ထွက်ဖြင့် အများသူငါ နားလည်အောင် မရမာဘာသာဖြင့် ရေးသားခဲ့သော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ရှင်မဟာ ဗုဒ္ဓဃောသ၏ အတ္ထုတ်ပတ္တိတို့မှာ မြောက်ဦးမြို့တော်ရှိ ကျောင်းတိုက်ကြီး ၃၅၀ နှင့် ပေစာများ ကြေးပုရပိုဒ်များကို ဗမာတို့မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် အစအန ရှာမရဘဲ သက်ကြီးစကါး သက်ငယ်ကြား ဟူ၍သာ မှတ်တမ်းတင် ထားနိုင်ခဲ့ကြသည်။
                  ဗမာစာပေ
          ပုဂံခေတ် ကျန်စစ်သားမင်း လက်ထက်မှစ၍ ပျူစာပေ အရေးအသား တိမ်ကော ပျောက်ကွယ်၍ မရမာစာဟုခေါ်သော မြန်မာစာကို ဗမာတို့ ရေးသားလာခဲ့ကြသည်။ သို့သော် ပုဂံခေတ်စာပေမှာ မော်ကွန်း ကဗျာ လင်္ကါ ဋီကါ အဆင့် တွင်သာရှိသည်။ စစ်ကျမ်း ဗေဒင်ကျမ်း ဆေးကျမ်း ကြံကျမ်း ပကါကျမ်း စသော နီတိကျမ်းများကို ရေးသား နိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။
            အင်းဝခေတ်တွင် ၀န်ကြီးပဒေသရာဇာသည် သူဇာပျို့ မဏိကတ် ပျို့ တို့ကို စီကုံး ရေးသား၍ ဗမာတို့၏ စာပေအဆင့်အတန်းကို မြှင့်တင်ပေးခဲ့သည်။ သို့သော်ရခိုင်စာပေနှင့် နှိုင်းယှည်လျှင်မူ စာကြီးပေကြီးကို ရေးသားနှိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။
          ၁၁၄၆ ခုရခိုင်ပြည်ကို သိမ်းယူပြီးနောက်မှ ဗမာတို့၏ စာပေသည် တဟုန်ထိုး တိုးတက် လာသည်။ ကုန်းဘောင်ခေတ်တွင် ဗမာတို့သည် ရခိုင်ပြည်မှ ယူဆောင်လာခဲ့သော သင်္သကရိုက်ဘာသာ ပါဠိဘာသာ မရမာဘာသာ တို့ဖြင့်ရေးသားထားသော ပုရပိုဒ်ကျမ်းစာ အမျိုးမျိုး တို့ကို လုံးစေ့ ပါတ်စေ့ ဖတ်၍ နားမလည်ကြပေ။
         ထို့ကြောင့် ညောင်ကန်ဆရာတော်နှင့် မောင်းထောင်း သာသနာပိုင် ဆရာတော်နှစ်ပါး တို့သည် အိန္ဒိယနိုင်ငံသို့သွား၍ သင်္သကရိုက်နှင့် ပါဠိစာပေကို သင်ကြားခဲ့ကြရသည်။ ထိုဆရာတော်နှစ်ပါး၏ ကြေးဇူးကြောင့် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ဆန်းကျမ်း ဓါတ်ကျမ်း ဆေးကျမ်း အပြင် ပိဌကဋ် နှင့် ကျမ်းအမျိုးမျိုး တို့ကို ဗမာတို့ရေးသား လာနိုင်ခဲ့ကြ သည်။ ထို့ပြင် ထိုဆရာတော်နှစ်ပါး၏ ကြေးဇူးကြောင့် ဘောင်အနွယ် ပုဏ္ဏားတို့၏ ဘောင်ဇီကါ ကို သံဌိဌ(လက်ဆန်း) ဟုပြန်ဆိုကါ ဗမာမူ ပြုလုပ်၍ ဗေဒင်ပညာကို တခေတ်ဆန်း စေခဲ့ကြ လေသည်။  
                      ဒွါဒသိန်နှင့်ဦးဘိုးလှိုင်
         ယောမင်းကြီးဦးဘိုးလှိုင်သည် ရခိုင်ပြည်မှယူဆောင်လာသော ဆေးကျမ်းများ အနက်မှ ဒွါဒသိမ်ကျမ်းကို နားမလည်သဖြင့် အများသူငါ သုံးရန်မသင့်ဟု ဆုံးဖြတ်ကါ မသုံးကြရန် တားမြစ်ခဲ့သည်။ ဒွါဒသိမ်ကျမ်းမှာ ၁၂ ရာသီကို နက္ခတ်သဘော ဓါတ်သဘောခွဲ၍ ရောဂါ လက္ခဏါနှင့် ဓါတ်စာပေး၍ ကုသရသော ကျမ်းဖြစ်ပါသည်။ ဦးဘိုးလှိုင် ပစ်ပယ်ခဲ့သော ထိုဒွါဒသိမ် ကျမ်းမှာ ယ္ခုအခါ ဝေဒ ပညာရှင်များ လက်ကိုင်ထါးရသော ကျမ်းတဆူပင် ဖြစ်ပါ သည်။ နရသုခိ နရမာလာ နရတန်ဆောင် ဒွါဒသိမ် စသောဆေးကျမ်း ကြီးများသည် ရခိုင်ပြည်မှ ဗမာတို့ယူဆောင်သွားသော ကျမ်းများပင် ဖြစ်သည်။
             ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင်မှ ဥတုဘောဇန အဘိဓမ္မာ တောင်သာ ခြောက်လုံးကေါက် ခံဗူး ဘေသဇ္ဇ သြဠာရိကသုခုမ အစရှိသော ဆေးကျမ်းများ ထွက်ပေါ် လာခဲ့သည်။
                      ခေတ်သစ်မြန်မာစာ
             ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် ဗမာစာပေ ဟုတ်တိပတ်တိ မထွန်းကါး ခဲ့ပေ။ ယနေ့ရေးသားနေကြသော စာပေကို အင်္ဂလိပ်လူမျိုး ဟာနီဘယ်နှင့် ရခိုင်လူမျိုး ဦးမေအောင် (မဲအောင် ဒေါ်မမြစိန်၏အဖ) တို့က မြန်မာစာဟု သမုတ်ကါ မြန်မာစာပေကို စုစည်း ပေးခဲ့ကြသည်။ 
           ထိုနောက်မှ သိပ္ပံမောင်ဝ ဇော်ဂျီ မင်းသုဝဏ် အစရှိသော ဗမာစာရေးဆရာတို့က ခေတ်စမ်းစာပေ ဟုသမုတ် ခဲ့ကြပြန်သည်။ ဤမြန်မာစာကို ပင်လျှင် ဆရာဇော်ဂျီသည် မဟာ ဆန်ချင်သူ ပြဇာတ်၌ စကါးပြေဟု သုံးစွဲခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ မြန်မာစာကို မြန်မာစကါးပြေဟု သုံးနှုံးကါ ဗမာတို့ မူပိုင်ပြုလုပ်ခဲ့ကြသည်။ မရှိရာမှ ရှိရာသို့ ပုံတူကူးယူ ထီထွင်ပြုလုပ် သုံးစွဲရာတွင် အာဏါသည် အဓိကပင်ဖြစ်သည်။
                လက်ပြောင်းလက်လွဲလုပ်ခြင်းနှင့် တိုင်းရင်းသားပြသနာ
          ၁၈၈၅ ခုနှစ်တွင် ဗမာပြည်တခုလုံး အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွား လေသည်။ ချင်း ကချင် ကယား မွန် ဗမာ ရခိုင် ရှမ်း တို့မှာ နီးစပ်ရာ လူသူ လက်နက် စုဆောင်း၍ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားတို့အား ဗမာနှင့် အတူ လွပ်လပ်ရေးကို ယူပါ။ ၁၀ နှစ်ကြာလျှင် ဗမာနှင့် နေလိုကနေ မနေလိုက ခွဲထွက်ပိုင်ခွင့် ရှိသည် ဟူသော ဂတိခံဝန်ချက်ကြောင့် ပင်လုံမြို့တွင် တိုင်းရင်းသား ခေါင်းဆောင်များ စုဝေး၍ တညီတညွတ်တည်း လက်မှတ်ရေးထိုး၍ လွပ်လပ် ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဦးနု ၀န်ကြီးချုပ်ဖြစ် လာလေသည်။ ၁၀ နှစ်ကျော်၍ နှစ်သာ ကြာလာသည် ခွဲထွက်ရေးကို အပထား၍ ဖက်ဒရယ် ဟုခေါ်သော ကိုယ်ပိုင် ပြဌာန်းခွင့် အုပ်ချုပ်ရေး စနစ်ကိုမျှ မရသည့်အဆုံး အချက် ၁၀ ချက်ပါ ရှမ်းမူကို တိုင်းရင်းသားတို့က ၀န်ကြီးချုပ်ဦးနုအား တင်ပြလာကြသည်။ ဦးနုသည်တိုင်းရင်းသား အရေးကို ကြံရာမရ ဖြစ်သွားလေသည်။
        ရှမ်းဆိုတာ ခေါင်းပေါ်မှာ ငှက်ပျံတာတောင် မကြိုက်ဘူး ရခိုင်ဆိုတာ မြွေပွေးထက် ကြောက်စရာ ကေါင်းတယ် ရခိုင်နဲ့မြွေပွေးကိုတွေ့ရင် ရခိုင်ကို အရင်သတ်ရမယ် စသည့် တိုင်း ရင်းသား တို့အပေါ် ဗမာတို့မည်သို့ သဘောထားရမည့် ၀ါဒကို ရှေးဗမာတို့က နောက်ပေါက် ဗမာ တို့အား သွန်သင်သြ၀ါဒ ပေးထားခဲ့ကြသည်။ တိုင်းရင်းသားတို့ကို ခွဲထွက်ခွင့် ပြုလိုက်ပါ က ဗမာတို့၏ အခြေအနေသည် ပထ၀ီအရရော သယံဇာတအရရော နိုင်ငံရေး လူမှုရေး ဘာသာရေး ယဉ်ကျေးမှု စာပေ တို့တွင်ပါ အပေါ်စီးမှ နေနိုင်တော့မည် မဟုတ်ပေ။
      ထို့ကြောင့် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းလက်သို့ ၀န်ကြီးချုပ်ဦးနုသည် အာဏါကို မလိမ့်တပါတ် လုပ်ကါ လွဲပေးခဲ့လေသည်။ ထိုအကြောင်းကို သိလျှက်နှင့် တိုင်းရင်းသား ခေါင်းဆောင် တို့မှာ ဗမာတို့၏ နိုင်ငံရေးလိမ်လည်မှု အောက်တွင် ခေါင်းဆောင်များ အသတ် ခံရခြင်းဖြင့် နိုင်ငံရေး ၀ဲဂယက်ထဲတွင် နစ်မြုတ်ရပြန်လေသည်။
          အာဏါရ ဗမာလူတန်းစား အဆက်ဆက်သည် ဗမာလူထုနှင့် တိုင်းရင်းသားတို့ကို အမျိုးမျိုး ၀ါဒဖြန့် သပ်ချိုသွေးခွဲသော မူဝါဒများကို ကျင့်သုံးခြင်း၊ တယောက်မှ တယောက် လက်သို့ ဂတိမတည် လက်ပြောင်း လက်လွဲလုပ်ခြင်း စသည့်ပေါ်လစီ အမျိုးမျိုးကို ကျင့်သုံးကါ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားတို့ ချုပ်ဆိုထါးခဲ့ကြသော ပင်လုံစာချုပ်ကို စက္ကူစုတ် သဖွယ်ဖန်တီး ထားနိုင်ခဲ့ကြလေသည်။
 ဆက်ရန်----------------------
No comments:
Post a Comment