Wednesday 25 May 2011

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၂)

ဝေသာလီခေတ် ဗမာ ရှမ်း နှင့် မွန်တလိုင်း

ရခိုင်ပြည်ကို ဝေသာလီခေတ်တွင် ၀င်ရောက် တိုက်ခိုက်သူများမှာ မြိုမင်းကြီး အမြတူ လက်ထက် ပုပ္ပါးပုဂံပြည်ရှင် ရွှေမောက်တော် အမည်ရှိ ပျူမင်း ဖြစ်သည်။ ပဲဖြူမင်း သား၏ တန်ပြန် တိုက်ခိုက်မှု ကြောင့် တပ်လန်၍ ပြန်ခဲ့ရလေသည်။ ဒုတိယအကြိမ် ပဲဖြူမင်း လက်ထက်တွင် ရှမ်းတို့၏ တိုက်ခိုက်ခြင်းကို ခံရပြန်လေသည်။ ရှမ်းတို့သည် ရခိုင်ပြည်မှ လူများစွာကို ဖမ်းဆီးခေါ်ဆောင်၍ စစ်ကိုင်း အရပ်တွင် ရွာတည်ထားခဲ့လေသည်။ ဒွါရာဝတီ သံတွဲမြို့ကိုလည်း မွန်တလိုင်းတို့ သိမ်းယူလေသည်။ ပုပ္ပါးပုဂံပြည်ရှင် စောခင်နှစ် မင်းသည် ရခိုင်ပြည်သို့ ချီလာ၍ ငတုံမင်းကို သတ်ပြီးလျှင် စမ္ပာဝက်မြို့ကို သိမ်းယူလေသည်။

အခန်း(၃)

ပုပ္ပါး ပုဂံပြည်

ပုပ္ပါး ပုဂံပြည်သည် ဝေသာလီခေတ် နှင့် အပြိုင် ထွန်းကားသော မြို့ပြနိုင်ငံ ဖြစ်သည်။ သမုဒရစ် ရွှေမောက်တော် စောရဟန်း စောခင်နှစ် စသောပျူမင်းများ ပုပ္ပါးပုဂံပြည်ကို အုပ်ချူပ် ခဲ့ကြသည်။ ပုဂံခေတ် မတိုင်မှီ သရေခေတ္တရာ ပျူခေတ်တွင် သုပညာနဂရဆိန္ဒမင်းသည် ဒွါရာဝတီ သံတွဲမြို့ကို တိုက်ခိုက် ဖျက်ဆီးဖူးလေသည်။ သရေခေတ္တရာ ခေတ်ထက် ပုဂံခေတ် တွင် ပျူလူမျိုးတို့သည် ရခိုင်ပြည်ကို ၀င်ရောက်တိုက်ခိုက်မှု အကြိမ် ပို၍များလာသည်ကို တွေ့ရလေသည်။ ပုဂံခေတ်တွင် ပျူ မှ ဗျူမာ မှ ဗမာ ဖြစ်လာစေသော ယဉ်ကျေးမှုကို ထူထောင် ခဲ့ကြသည်။ ဗမာလူမျိုးတို့၏ တိုးတက်မှုမှာ အနော်ရထာမင်း လက်ထက် (အေဒီ ၁၀၄၄-၁၀၇၇) တွင်ဖြစ်သည်။ အနော်ရထာမင်း အစပိုင်းထိ ဗမာတို့သည် အရည်းကြီးရဟန်း တို့ကို ကိုးကွယ်ခဲ့ကြသည်။ သုဝဏ္ဏဘုမ္မိ သထုံပြည်မှ အရှင်အာရဟံ လာရောက် ပြီးမှ သာလျှင် ဗမာလူမျိုးများ ဗုဒ္ဓဘာသာ ၀င်များ ဖြစ်လာကြသည်။ ထို့ကြောင့် ပုဂံတွင် စေတီ ပုထိုး ဇရပ် ကျောင်း ကန် ဘုရား စသော ပိသုကာ လက်ရာတို့ ပေါ်ထွန်းခဲ့လေသည်။ ရာဇကုမာရာဇ် ကျောက်စာသည် ပုဂံခေတ် ဗမာလူမျိုး တို့၏ စာပေ ယဉ်ကျေးမှု မှတ်တိုင် တခုပင်ဖြစ်ဟု ထောက်ပြကြလေသည်။ ရာဇကုမာရာဇ် ကျောက်စာ (မြစေတီကျောက်စာ) ကို ပါဠိ ပျူ မွန် မြမ္မာ လေးမျိုးသော ဘာသာဖြင့် ရေးထိုးခဲ့သည်။ ထူးခြားချက်မှာ ပါဠိ အသံထွက် ကို မြမ္မာ ဘာသာဖြင့် ရေးထိုးထားခြင်း ဖြစ်သည်။ ထို့ပြင် တူရွင်းတောင် ကဗျာ ဖြစ်သော ရေအေးကြည်သာ ကန်ပိုင်မာလျှက် တာဝတိံ က နန္ဒာလော တူစွဟုတ္တာ၊ စသော လေးလုံးစပ် ကဗျာတို့ ထွန်းကားရာခေတ် ဖြစ်လေသည်။

ပျူယဉ်ကျေးမှု

ပုဂံခေတ် မတိုင်မှီ ပျူ ယဉ်ကျေးမှု ထွန်းကားခဲ့လေသည်။ ဟန်လင်း ဗိသနိုး သရေခေတ္တရာ ဟူ၍ ပျူ လူမျိုးတို့ မြို့ပြ နိုင်ငံ ထူထောင်၍ နေထိုင်ခဲ့ကြသည်။ ပျူ စာပေ အရေးအသားသည် မြောက်ပိုင်း ဗြာဟ္မီ အက္ခရာ မှဆင်းသက်လာသည်။ နတ်နှင့် ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ ဗမာပြည် အလယ်ပိုင်းဒေသတွင် ပျူယဉ်ကျေးမှုသည် အဆင့်အတန်း အတော်အတန် ရှိခဲ့ပေသည်။ ပျူလူမျိုး နည်းတူ ကမ်းယံ နှင့် သက်လူမျိုးတို့မှာလည်း ကို့ယဉ်ကျေးမှုနှင့်ကို ရှိနေ နှင့်ပြီးဖြစ်သည်။ ပျူ သက် ကမ်းယံ စသောဤလူမျိုး သုံးမျိုးမှာ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်း လက်ထက်တွင် ဗမာဟူသော လူမျိုးသစ် အမည်ဖြင့် သွတ်သွင်း ခံရကာ မူလ မျိုးနွယ် ပျေက်ဆုံးသွားလေသည်။ ဤသို့ဖြင့် ဗမာမဖြစ်မှီ ပျူလူမျိုး ဘ၀မှ စ၍ ဓါးမိုးကါ နယ်မြေချဲ့ထွင်ယင်းဖြင့် စစ်ဝါဒကို ထူထောင်လာခဲ့ ကြလေသည်။

မွန်ယဉ်ကျေးမှု

မနူဟာမင်းကြီး လက်ထက် သုဝဏ္ဏဘုမ္မိ သထုံပြည်သည် စည်ပင်ဝပြောမှု အရှိဆုံး နိုင်ငံ တခု ဖြစ်ခဲ့သည်။ အာသောက မင်း၏ ကိုးတိုင်း ကိုးဌာနကို သာသနာ ပြုမှုကြောင့် ဗုဒ္ဓ ဘာသာသည် သထုံသို့ ရောက်ရှိလာရာ ရိုးရာ နတ်ကိုးကွယ်မှု နှင့်အတူ ဗုဒ္ဓဘာသာကိုပါ ကိုးကွယ်လာကြသည်။ ဗုဒ္ဓ၀ါဒနှင့်အတူ ပိဌကဌ်ပေမူ ၃၀ ပါရှိလာ၍ စာပေနှင့် ယဉ်ကျေးမှုပါ တိုးတက်လာခဲ့သည်။ မွန်စာပေ၏ အခြေခံ ရေသောက်မြစ်မှာ မြောက်ပိုင်း ဗြာဟ္မီ အက္ခရာပင် ဖြစ်သည်။

ပုဂံခေတ်ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာ

တကေါင်းနှင့် သရေခေတ္တရာ ပျက်စီးပြီးနောက် ဗမာအမည်ခံ ပျူလူမျိုးတို့မှာ ပုဂံခေတ် အနော်ရထာမင်း လက်ထက်တွင် သာသနာထွန်းကား၍ လူမျိုးပါ စုစုစည်းစည်း ရှိလာခဲ့ကြသည်။ ပုဂံခေတ်တွင် သာဂီဝင်မင်းမျိုးတို့ မဟုတ်မူ၍ ပျူ သက် ကမ်းယံ တို့ရောကာ ပထမ ဗမာနိုင်ငံကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်း၏ စည်းရုံးရေးမှာ ဗုဒ္ဓဘာသာကို ရှေ့တန်းတင်၍ နောက်မှ စစ်ဝါဒကို ဖန်တီးလေသည်။ ထို့ကြောင့်ပင်လျှင် အိမ်နီး နားခြင်း နိုင်ငံတို့ကို တိုက်ခိုက်ခြင်း ဖြစ်လေသည်။ ဗုဒ္ဓဘာသာဝင် မင်းတပါးသည် နိုင်ငံတခုကို မတရား ကျူးကျော် ရန်စ တိုက်ခိုက်ခြင်း မပြုလုပ်ရန် ဗုဒ္ဓ၏ အနိမ့်ဆုံး ပဉ္စသီ ငါးပါးဖြင့် တားမြစ် ထိမ်းချုပ် ထားလေသည်။ အနော်ရထာမင်းသည် ဗုဒ္ဓဘာသာကို အရေချုံ၍ သုဝဏ္ဏဘုမ္မိ သထုံ ပြည်ကို တိုက်ခိုက် သိမ်းယူပြီးလျှင် မနူဟာမင်းနှင့် တကွ သားမယားပါမကျန် ယူဆောင်လျှက် မနူဟာမင်းကို ဘုရားကျွှန် ပြုကါ သထုံမြို့ကိုလည်း မြေလှန် ဖျက်ဆီးပစ်ခဲ့ လေသည်။ အနော်ရထာမင်း လက်ထက် ပုဂံခေတ် လူစွမ်းကေါင်း နှစ်ဦးဖြစ်သော ဗျတ်ဝိနှင့် ဗျတ္တ ညီအကို သည် တရုပ်ပြည်မှ ဘုရားစွယ်တော်ကို ခိုးယူခဲ့သဖြင့် တရုပ်တို့၏ လက်စားခြေ တိုက်ခိုက်ခြင်း ကိုခံရ၍ နောက်ဆုံး၌ ပုဂံပြည် ပျက်စီးရလေသည်။ ထိုမတိုင်မှီ အနော်ရထာ မင်းသည် စစ်သည် တသိန်းကျော်နှင့် ရခိုင်ပြည်ကို ချီလာ၍ မဟာမြတ်မုနိဘုရားကို တောင်းဖူး လေသည်။ ရခိုင်၏ စစ်အင်အားကြောင့် စစ်မပြိုင်ဝံ့ဘဲ သင်းကြစ်တော်ပွား တဆူကိုယူ၍ ရခိုင် သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ပြန်သွားလေသည်။ ဗမာရာဇ၀င်၌မူ သင်းကြစ်တော်ကို သီဟိုမှ ရခဲ့သည်ဟု ဆိုသည်။ ဗမာလူမျိုးတို့၏ ကိုပိုင်စာသည် ပျုစာသာဖြစ်၍ ယနေ့ အသုံးပြု ရေးသားနေ ကြသော မရမာ (မြန်မာ) စာကို မွန်တို့ထံမှ တဆင့် ဆင်းသက်လာ ကြောင်းကို ဗမာ ပညာရှင်များ အထောက်အထား အမျိုးမျိုး ပြကြဆဲ ဖြစ်သည်။

အရိန္ဒမာလှံ

ပုဂံခေတ်တွင် အရိန္ဒမာလှံကို ကိုင်သောမင်းမှာ အနော်ရထာမင်းဖြစ်သည်။ ပဲခူးကို ဂျွှမ်းစစ်သည်(ယိုးဒယား)တို့ ၀င်ရောက် တိုက်ခိုက်သဖြင့် ဥသာပဲခူးမင်းသည် အနော်ရထာမင်း ထံ စစ်ကူတောင်း၍ တိုက်လေရာ ဂျွှမ်းတို့ကို အောင်နိုင်လေသည်။ ပဲခူးမင်းသည် သမီးတော် မဏိရတနာခင်ဦးကို အနော်ရထာမင်းထံ ဆက်သလေသည်။ ပဲခူးမှပုဂံသို့ အသွားလမ်းတွင် မင်းဘဏ္ဍာ ခင်ဦးနှင့် ကျန်စစ်သားသည် ချစ်ကြိုက်မှောက်မှားသဖြင့် အနော်ရထာမင်းသည် ကျန်စစ်သားကို ကြိုးနှင့် ချီနှောင်ကာ အရိန္ဒမာလှံဖြင့် ထိုးသတ်လေသည်။ ချည်ထားသော ကြိုးကိုထိ၍ ကြိုးပြတ်ခါ ကျန်စစ်သား ထွက်ပြေးလေသည်။ ထိုအချိန်မှစ၍ အရိန္ဒမာလှံကို ဗမာမင်း အဆက်ဆက်တို့ အသုံးပြုသည်ကို မတွေ့ရတော့ပေ။

အရိန္ဒမာလှံစင်္ကြာ

ပထမ ဓည၀တီမြို့တည် မာရယုမင်း(ဘီစီ ၃၃၂၅-၃၂၆၃)သည် သိကြားမင်း ပေးဆက်သော အရိန္ဒမာ လှံစင်္ကြာကို ရလေသည်။ အရိန္ဒမာလှံစင်္ကြာ၏ အရိုးကါးရွှေ အရှည် သုံးတောင် အသွားစိန် အရှည်သုံးမိုက် မိုးကြိုး လက်ကေါက် ငါးခြေ ၀တ်လျှက်ပါ၏။ အခွေး လည်းမိုးကြိုး အောက်မေ့ပွင့်ကါး အနီ အောက်ခံကတော့ကါး ပတ္တမြား ဖြစ်လေသည်။ စုစု ပေါင်း အရှည် သုံးတောင် သုံးမိုက် ရှိ၏။ ထိုလှံ၏ အစွမ်းမှာ အလိုရှိ၍ စေလျှင် နန်းရင် ပြင်တွင် ကျ၏။ ရှင်ဘုရင် ကိုတိုင် ကောက်ယူမှရ၏။ အမျက်ရှိ၍ လွှတ်လျှင် ရှင်ဘုရင် ဦးခေါင်းကို စူးလေသည်။ မာရယုမင်းမှစ၍ ရခိုင်ပြည်ကို အစိုးရသော မင်းကေါင်းမင်းမြတ် တို့မှာ အရိန္ဒမာ လှံစင်္ကြာ ကိုရကြသည်ချည်း ဖြစ်လေသည်။

ပုဂံခေတ်ပညာရှိ

တနေ့တ၌ ပုဂံပြည်သို့ တရုပ်ဘုရင် ဥတဉ်ဘွားသည် သံစေလှာ၏။ ပုဂံသည် ဗုဒ္ဓဘာသာပြည် ဖြစ်သည် နှင့်အညီ ပညာရှိ သုခမိန်များ ရှိကြလိမ္မည်။ ငါ၏ ပညာရှိ အမေးကို ဖြေနိုင်က လက်ဆောင် ပဏ္ဍာဆက်၍ ပြန်လာစေ အမေးပုစ္ဆာကို မဖြေနိုင်က သိမ်းယူစေ ဟု စာသ၀ဏ် စေလှာ၏။ ပုဂံသားတို့မှာ တရုပ်စစ်တပ်ကို ကြောက်ရသည်က တကြောင်း ပညာရှိ သုခမိန် မရှိသည်က တကြောင်းတို့ကြောင့် ပူပင်သောက ရောက်ကြရသည်။ တရုပ်ပညာရှိနှင့် စကားအမေး အဖြေ ပြုနိုင်သောသူကို မောင်းခတ်၍ ရှာလေရာ ထန်းတက်သမား တယောက် ကိုရ လေသည်။ ထိုထန်းတက်သမား ထန်းရည်မူးကို သံတမန်အ၀တ် တုရင်ကို ၀တ်စေလျှက် တရုပ် ပညာရှိနှင့် တွေ့လေသည်။ တရုပ်ပညာရှိက ပထမ လက်ငါးချောင်း ထောင်ပြ၏။ ပုဂံသားက လက်ဆယ်ချောင်းထောင်ပြ၏။ ဒုတိယ တရုပ်ပညာရှိက လက်ဝါးထောင်ပြ၏။ ပုဂံသားက လက်ဝါးရော ခြေဖ၀ါးပါ ထောင်ပြ၏။ တတိယ တရုပ် ပညာရှိက ရင်ဘတ်ကို လက်ဝါးနှင့် ပုတ်ပြ၏။ ပုဂံသားက ရင်ဘတ်ရော ကြောကုန်းပါ ပုတ်ပြ၏။ သုံးခုသော အကြောင်းအရာကို အမေးအဖြေ ပြုပြီးနောက် တရုပ်ပညာရှိက ပုဂံသားအား တော်ပါပေသည် ပုဂံသည် ငယ်ပင်ငယ်ငြားသော်လည်း သာသနာစဉ်ပင်၍ ပညာရှိသုခမိန် သူကောင်းသူမွန် တို့ရှိပါပေသည် ငါတို့ စစ်ပြုရန် မသင့်ဟုဆို၍ လက်ဆောင်ပဏ္ဍာဆက်ကါ ပြန်သွားလေသည်။ တရုပ်ပြည်သို့ ရောက်၍ အစီရင်ခံသည်မှာ ကျွန်ုပ်လက်ငါးချောင်း ထောင်ပြသည့် အလိုမှာ ပုဂံသားတို့ ငါးပါးသီလ ရှိပါ၏လော ဟုမေးပါသည်။ ပုဂံသား ပညာရှိက လက်ဆယ်ချောင်း ထောင်ပြသည့် အလိုမှာ ငါးပါးမက ဆယ်ပါး သီလပင်ရှိပါသည် ဟု ဖြေပါသည်။ ဒုတိယ လက်ဝါး ထောင်ပြသည့် အလိုမှာ သင်တို့ကို အုပ်ချုပ်သော မင်းသည် သင်တို့ အပေါ် လက်ဝါး ကဲ့သို့ မှောက်ချည် လှန်ချည်လုပ်၍ သင်တို့ကို အုပ်ချုပ်သလော ဟုမေးပါသည်။ ပုဂံသား ပညာရှိက လက်ဝါးရော ခြေဖ၀ါးပါ ထောင်ပြသည့် အလိုမှာ ငါတို့ ရှင်ဘုရင်သည် တိုင်းသူ ပြည်သား တို့ အပေါ်၌ လက်ဝါးကဲ့သို့ မှောက်ချည် လှန်ချည် မကျင့် ခြေဖ၀ါးကဲ့သို့ မမှောက် မလှန် တသမတ်တည်း ကျင့်ကြံအုပ်ချုပ်၏ ဟုဖြေပါသည်။ တတိယ ရင်ဘတ်ကို လက်ဝါးနှင့် ပုတ်ပြသည့် အလိုမှာ သင်တို့ ရှင်ဘုသည် ရင်သားဖြစ်သော ကိုယ့်အမျိုးအနွယ် ကိုသာလျှင် ချစ်ခင်စုံမက် ဘက်လိုက်၍ အုပ်ချုပ်သလော ဟုမေးပါသည် ပုဂံသား ပညာရှိက ရင်ဘတ်ရော ကြောကုန်းပါ ပုတ်ပြသည့် အလိုမှာ ငါတို့ရှင်ဘုရင်သည် တိုင်းသူ ပြည်သား လူအများတို့ အပေါ်၌ ကြောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်သည် ဟုဖြေပါသည်။ ပုဂံကို စစ်ပြုရန် မသင့် သေးပါဟု ဘုရင်ဥတဉ်ဘွားထံ အစီရင်ခံလေသည်။
ပုဂံသားတို့မှာ လက်ဆောင် ပဏ္ဍာလည်းရ တရုပ်စစ်တပ်ကြီးလည်း ပြန်သွား သဖြင့် ၀မ်းမြောက် ၀မ်းသာ ရှိကြလေသည်။ ဘုရင်သည် ထန်းရည်သ္မား အားခေါ်၍ ဆုလပ်ပေးပြီး လျှင် အမေးအဖြေ အသို့နည်း ဟုမေးလေသည်။ ထိုထန်းရည်သမားက တနေ့ မြူငါးအိုး သောက်နိုင် သလားလို့ တရုပ်ကြီးက လက်ငါးချောင်း ထောင်ပြတယ်၊ ကျုပ်က တနေ့ ငါးအိုးမက မြူဆယ်အိုး သောက်နိုင်တယ်လို့ လက်ဆယ်ချောင်း ထောင်ပြတယ် တခါ လက်ဝါး ထောင်ပြဒါက ထန်းပင်ပေါ်ကို လက်ချည်း တက်တာလားလို့ တရုပ်ကြီးကမေးတယ် ကျုပ်က ထန်းပင်ပေါ် ကို လက်ဝါးရော ခြေဖ၀ါးပါ အသုံးပြုပြီး တက်မှရတယ် လို့လက်ဝါးရော ခြေဖ၀ါး ပါထောင်ပြတယ်၊တတိယ တရုပ်ကြီးက ရင်ဘတ်ကိုပုတ်ပြဒါက ထန်းရည်လဲသောက် ထန်းပင် ပေါ်လဲတက်ဆိုရင် ရင်ဘတ်မပူဘူးလားလို့ ရင်ဘတ်ကို ပုတ်ပြတယ်၊ ကျုပ်ကလဲ ရင်ဘတ်ရော ကြောကုန်းပါ ပူတယ်လို့ကြောပါရင်ပါ ပုတ်ပြတယ် သူလဲကျနော့လို ထန်းရည်သမား ဖြစ်ပါ လိမ္မည် ဟုဆိုလေသည်။ နောက်ဆုံး၌ ပုဂံသား အားလုံး သက်ပြင်း ချကြလေတော့သည်။

ပညာရှိ

ပညာ။ ။ပညာဆိုသည်မှာ ၀ိဇ္ဇာ သိပ္ပံ အတတ်ကို ဆိုသည်။
ပညာတတ်(စာတတ်)။ ။အတတ်ပညာကို မိမိ ကိုယ်ကျိုး အတွက် အသုံးပြုသူကို ခေါ်သည်။
ပညာရှင်။ ။မိမိတတ်သော ပညာကို လူတစု တဂိုဏ်း တဖွဲ့ တဘာသာ လူမျိုးတမျိုး အတွက် အသုံးချ သူကို ပညာရှင်ဟု ခေါ်သည်။
ပညာရှိ။ ။အတတ်မျိုးစုံ တတ်၍ ဘာသာ လူမျိုးမရွေး လူအားလုံးအတွက် အတတ်ပညာကို ညီမျှစွာ ငြိမ်းချမ်းစွာ အသုံးချသူကို ပညာရှိ ဟုခေါ်သည်။ ပညာသည် ရေနှင့်တူ၏။ ပညာတတ်သည် ရေခွက်နှင့်တူ၏။ ပညာရှင်သည် ရေအိုးနှင့်တူ၏။ ပညာရှိ သုခမိန်သည် စိမ့်စမ်း ရေတွင်းနှင့် တူ၏။
ဝိသေသ ။ ။ပညာတတ်(စာတတ်) သည် မိမိဘ၀ကို ပြုပြင်တတ် ဖျက်ဆီးတတ်၏။ ပညာရှင်သည် လူများစွာကို ကယ်တင်တတ် ဖျက်ဆီးတတ်၏။ ပညာရှိ သုခမိန်သည် လူအား လုံးကို အေးချမ်း စေတတ်၏။

ဗမာပညာရှိနှင့်နယ်ချဲ့မှု

တကေါင်းခေတ်မှ သက္ကရာဇ် ၂၀၀၀ အထိ ဗမာပြည်၌ ပညာရှိ ရှိမရှိ ဆိုသည်ကို လေ့လာ ကြည့်သင့်လေသည်။ ငါပညာရှိ ဆိုရုံနှင့် မပြီး ဗုဒ္ဓဘာသာ နိုင်ငံသည် ဗုဒ္ဓ တရား၏ ကျင့်ဝတ်မှ ဆုံးဖြတ်သော ထိုက်တန်သည့် ပညာရှိ ဖြစ်ရန် လိုအပ်လေသည်။ ပညာရှိ ရှိသော တိုင်းပြည်သည် အထူး တည်ငြိမ် အေးချမ်း၏။ ဗမာလူမျိုး တို့သည် ဗုဒ္ဓဘာသာ ၀င်များ ဖြစ်ကြသည့် အတိုင်း ငါးပါးသီလကို စောင့်ထိမ်းပါက သူတပါးနိုင်ငံ သူတပါးလူမျိုးတို့ကို ရန်စ ကျူးကျော် တိုက်ခိုက် သိမ်းပိုက် ကျွှန်ပြုရန် မသင့်ပေ။
ဗုဒ္ဓဘုရားရှင် လက်ထက် ၀ိဌဌူပမင်းသတ်၍ သာဂီဝင်မင်းမျိုးတို့ မျိုးပြုန်းရ သည်ကို စာနာ ထောက်ထား၍ နောက်နောင် ဤသို့ အဖြစ်အပျက်များ မပေါ်ပေါက်စေရန် အတုယူသင့်သည်။ အပြစ်လုပ်သော်လည်း ဒါနရှိက လွတ်သည်။ ကုသိုလ်တပဲ ငရဲ တပိသာ။ ဟူ၍ ဗမာပညာရှိ သုခမိန်တို့သည် ဗမာအာဏါရှင်တို့ကို အတုယူကြရန် ညွှန်ပြသော သာသ နာပြု မင်းတပါးရှိ၏။ ထိုမင်းကား မောရိယ အင်ပါယာအရှင် အာသောကမင်း တည်း။ အာသောကမင်းသည် ဗုဒ္ဓဘာသာဝင် မဖြစ်မှီ ဘုရားပွင့်ရာ ဗောဓိညာင်ပင်ကို စစ်တပ်နှင့် သွား၍ ခုတ်ဖြတ် မီးရှို့ ယစ်ပူဇော် ပစ်လေသည်။ ပြန်၍ ပေါက်သည်ကို မိဖုရား မငယ်သည် အာသောမင်း ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးနောက် ထိုဗောဓိညောင်ပင်ကို ဘုရင်သွား၍ ပူဇော် သည်ကို မနာလို၍ တဖန် ခုတ်လှဲ ဖျက်ဆီးပြန်၏။ ထို့ပြင် အာသောကမင်း လက်ထက် ရဟန္တာ အပါး သုံးဆယ်ကို အမတ်တို့ သတ်ရာတွင် မသိသလို မမြင်သလို နေခဲ့၏။ အာသောကမင်း သည် ဤကဲ့သို့ အပြစ်ကြီးများကြောင့် ငရဲကျမည်ကို စိုးရိမ်ကြောက်လန့်၍ ဗုဒ္ဓဘာသာဝင် ဖြစ်လာသော သူ ဖြစ်၏။ အမျိုးအနွယ် တခုလုံး ဗုဒ္ဓဘာသာကို ယုံကြဉ်ခြင်း မရှိသည်ကို အာသောကမင်း နတ်ရွှာ လွန်ပြီးနောက် ဗုဒ္ဓဘာသာ ကွယ်ပျောက်ခြင်းကို ထောက်ရှု၍ သိနိုင်ကြပါသည်။
ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်၍ ငါးပါးသီလကို အမြဲ လက်ကိုင်ထားသော လူ လူမျိုး နိုင်ငံ တို့မှာ တခြားနိုင်ငံ တခုခုကို ကျူးကျော် ရန်စခြင်းမရှိ၊ သိမ်းပိုက်ခြင်းမရှိ၊ ခုခံ တိုက်ခိုက် ခြင်းသာရှိ၏။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ၏တရားတော်အရ အနိမ့်ဆုံး ငါးပါး သီလနှင့် တားမြစ်ထား၍ ဖြစ်လေသည်။
ကံရာဇာငယ်အစ သီပေါမင်း အဆုံး အာဏါရ ဗမာမင်း အဆက်ဆက်သည်၎င်း အင်္ဂလိပ်ထံမှ လွပ်လပ်ရေးရ အပြီး ၀န်ကြီးချုပ်ဦးနု ဗိုလ်ချုပ်နေ၀င်း ဗိုလ်ချုပ်ကြီးစောမောင် ဗိုလ်ချုပ်ခင်ညွန့် ဗိုလ်ချုပ်ကြီးသန်းရွှေ တို့၏ ခေတ်အဆက်ဆက်တွင်လည်း ဗုဒ္ဓဘာသာကို ကိုယ်ကျိုးအတွက် အသုံးချကြလေသည်။ ထို့ကြောင့် ဗမာတို့ရပ်တည်ရာ ပင်မ ဒေသ တကေါင်း ပုဂံ မှ ယနေ့နယ်နိမိတ်ထိ နယ်မြေချဲ့ထွင် ရပ်တည် လာနိုင်ကြခြင်း ဖြစ်သည်။ အချုပ်ဆိုရသော် ဗမာဟူသော လူမျိုးသည် မိုးခေါင်ရေရှား ရပ်ဝှမ်း ဒေသဖြစ်သော စတုရန်းမိုင် ၂၀၀ ရာကျော်မှ စတုရန်းမိုင် ၂၆၀၀၀၀ ကျော်ထိ နယ်ချဲ့ယူခဲ့ကြသော လူမျိုးဖြစ်ကြောင်း သမိုင်းတွင် တွေ့ကြရမည် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် မဟုတ်သော နိုင်ငံတခုသည် တပါးနိုင်ငံ တခုခုကို ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခြင်းမှာ ထိုလူမျိုး၏ နိုင်ငံရေး ဘာသာရေး လူမှုရေး စီးပွားရေး စသည် တို့နှင့်သာ သက်ဆိုင်လေသည်။ ဗုဒ္ဓဘာသာနိုင်ငံ တခုက အိမ်နီးနားချင်း ဗုဒ္ဓဘာသာ နိုင်ငံ တခုခုကို ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်၍ စေတီယင်္ဂဏ ပစ္စည်းများကို မတရား လုယူ ဖျက်ဆီး ယူဆောင်သည်မှာ ဗုဒ္ဓဘာသာဝင် ဟုတ်မဟုတ် ဗုဒ္ဓဘာသာကို ဘန်းပြ၍ ကိုကျိုး အတွက် အသုံးချ မချ ဆိုသည်ကို ဗမာ့သမိုင်း၌ အထင်အရှား တွေ့မြင်ရမည် ဖြစ်သည်။
ပုဂံခေတ်မှစ၍ ဗမာတို့သည် တရုပ်ပြည် ယိုးဒယားပြည် ရှမ်းပြည် မွန်ပြည် ရခိုင်ပြည် အိန္ဒိယပြည် တို့ကို အဖန်ဖန် ရန်စ ကျူးကျော်ကြောင်း တွေ့ရသည်။ အဘယ် ကြောင့်နည်း ပညာရှိ မရှိ၍ ဖြစ်ပါသည်။ ပညာရှိ မရှိသော တိုင်းပြည်သည် မျက်စိ တဖက်သာ ရှိသောသူနှင့် တူသည် ဟူသော ဥပမာအတိုင်း ရဟန်း ပုဏ္ဏား မူး မတ် တို့မှာ မင်းလိုလိုက် မင်းကြိုက်သာ ဖြစ်၍ ပညာရှိတို့ မထွန်းကားခြင်း ဖြစ်လေသည်။ ပညာရှိကို မမြှောက်စားသော ပညာရှိကို လက်မခံသော ဗမာအာဏာရှင် တို့၏ စစ်ဝါဒကြောင့် မှားသည်မှန်သည်ကို ခွဲခြား မသိနိုင်ဘဲ လူမျိုး၏ အတ္တမာနကြောင့် လောဘဇောတက်၍ နယ်ချဲ့ခြင်း ဖြစ်လေသည်။

2 comments:

  1. ရခိုင်မင်းတွေ အရိန္ဒမာ လှံအကြောင်းဘယ်ကျမ်းနှင့်သက်သေပြမတုန်း
    ကြေးသွန်းခြင်းအတတ် ဘုရားပွင့်ကာစ မထင်ရှား မလိမ္မာခင် မဟာမြတ်မုနိ အားထုသည်ဆိုသော သက်သေမရှိအထောက်အထား အာသောကမင်းလက်ထက်အစောဆုံး ရုပ်ပွါးတော် ဟု ကျောက်ဆင်းတုမျှရှိလျက် ရခိုင်သွန်းသောကြေးဆင်းတုအား နိုင်ငံတကာပညာရှင်များဘာကြောင့်လျစ်လျူရှုရသလည်းဆိုတာနှင့် ပိဋကတ်သုံးပုံ နှင့်အတ္ထုတ်ပတ္တိ အားလုံးမှာမြတ်စွာဘုရားရခိုင်ကြွတာ ဘာလို့ရှာမရလည်း ခင်ဗျားလေ့လာထားတဲ့သမိုင်းကသေချာလို့လား

    ReplyDelete