Sunday 29 May 2011

စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေး - ဗမာလူမျိုးစု ဘာတွေလုပ်သင့်

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေနဲ့ ထပ်တူထပ်မျှ အရေးကြီးတဲ့ ပြဿနာ တရပ်ဟာ တိုင်းရင်းသားလူမျိုးစုများ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာရဲ့  အခြေခံဟာ ဖဒရယ် လို့ခေါ်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေး၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့် self-determination ရရှိရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စ ဘာကြောင့် မပြေမလည် ဖြစ်နေရတာလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ Josef Silverstein နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးတင်ပြထားပါတယ်။

မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလား

(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို မောင်းနှင်မယ့် အစိုးရသစ်ကတော့ အာဏာကို လွှဲပြောင်းယူလိုက်ပြီ။ ဒီဖွဲ့စည်းပုံဟာ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူပြီး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ငြင်းဆန် ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံကို ခေတ်သစ်မြန်မာ နိုင်ငံအဖြစ် သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မတိုင်ခင်က မွန်၊ ရခိုင်၊ မြန်မာ (ဗမာ) စတဲ့ အမျိုးသားတွေရဲ့ သီးခြားနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းတွေနဲ့ ကွဲပြားချင်လို့ ဖြစ်တယ်။ ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ တည်ရှိခဲ့တဲ့ ပေါ်ပေါက်ခဲ့ဖူးတဲ့ (၁၉၄၇)၊ (၁၉၇၄)၊ (၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့ အမျိုးသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လိမ္မာပါးနပ်စွာနဲ့ ရိုက်ချိုးခဲ့သလို တဖက်မှာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံခဲ့တယ်။

တိုင်းရင်းသားသတင်းများသုံးသပ်ချက်အကျဉ်းချုပ်

(က)ဗမာပြည်မှာအစိုးရသစ်အမည်ခံအာဏာရှင်ဟောင်းများ၏လက်လဲပခုံးပြောင်းစစ်ဗိုလ်လူထွက်နဲ.လူမထွက်လွှမ်းမိုးထားသည့်ပါလီမာန်ပေါ်လာသော်လည်းတိုင်းရင်းသားလူမျိုးများသုတ်သင်ရှင်းလင်းရေးပေါ်လစီကလုံးဝပြောင်းလဲမှုမရှိဟုလေ့လာရသည်၊

ကျနော် ခွဲထွက်ရေးသမား




မျက်မှောက် မြန်မာ့နိုင်ငံရေး ပြဿနာတွင် ခွဲထွက်ရေးပြဿနာသည် အဓိကအချက်အနေဖြင့် ပါဝင် နေသည်။ တချို့က ခွဲထွက်ခြင်း၏ အကျိုးအပြစ်များကို စနစ်တကျ ခွဲခြမ်းစိပ်ဖြာပြီးမှ ခွဲ မထွက်သင့်ဟု ယူဆသူများလည်း ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲမထွက်သင့်ဟု အမြင်ရှိကြသည်။

Thursday 26 May 2011

တရုတ်နိုင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်လာမယ့် မြန်မာနိုင်ငံ


သမ္မတ အသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတ ဖြစ်ပြီး ပထမဦးဆုံး နိုင်ငံတော် အလည်အပတ် ခရီးအနေဖြင့် တရုတ် နိုင်ငံသို့ မကြာခင် သွားရောက် လည်ပတ်လိမ့်မည်ဟု သိရှိရ၍ အတိတ် ပစ္စုပ္ပန် ရရှိထားသော သတင်းများအပေါ် အခြေခံ၍ အနာဂတ် ဖြစ်လာနိုင်သော အခြေအနေများကို မိမိ၏ ထောက်လှမ်းရေး အတွေ့အကြုံများအရ ထောက်လှမ်းရေး မှန်းခြေ အစီရင်ခံစာ တစောင် ရေးသားတင်ပြအပ်ပါသည်။

Wednesday 25 May 2011

ဗမာ (မြန်မာ)တွေ ရဲ့ကိုယ်တွင်းမှ မကောင်းဆိုးဝါးများ

 မူရင်း link.....
Tuesday, 10 November 2009 16:15 ဒေါက်တာ ဇာနည်
အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘ၀မှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၄)

ရခိုင်စာပေအရသာ

အပိုဒ်(က)

ရကန်သုံးပုဒ်

၁။ သိန်ကန်မိန်တွင် ဆယ့်နှစ်ခွင်ကို လွမ်းပင်စည်မြင့် ကြာရှည်တာအကူး တပေါင်း မင်းလွင်

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၃)

အခန်း(၄)

ရခိုင်ယဉ်ကျေးမှု

ပထမ ဓည၀တီမြို့တည် မာရယုမင်းမှ အစပြု၍ ရခိုင်ယဉ်ကျေးမှု ထွန်းကား လာသည် ဟုဆိုကြသည်။ နတ်ကိုးကွယ်မှုကို အခြေခံသော ဟိန္ဒု ယဉ်ကျေးမှုသည် ရခိုင် ပြည်၌ ထွန်းကားခဲ့သည်။ ဟိန္ဒုယဉ်ကျေးမှုနှင့် အတူ မြောက်ပိုင်း ဗြာဟ္မီအက္ခရာ စာပေ အရေး အသား လည်း ထွန်းကားလာသည်။ ထို့ပြင် ဗြာဟ္မီအက္ခရာမှ မရမာစာ (မရမာဘာသာ) သို့မဟုတ် ရခိုင်စာ အရေးအသားကို ထီထွင် နိုင်ခဲ့ကြသည်။

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၂)

ဝေသာလီခေတ် ဗမာ ရှမ်း နှင့် မွန်တလိုင်း

ရခိုင်ပြည်ကို ဝေသာလီခေတ်တွင် ၀င်ရောက် တိုက်ခိုက်သူများမှာ မြိုမင်းကြီး အမြတူ လက်ထက် ပုပ္ပါးပုဂံပြည်ရှင် ရွှေမောက်တော် အမည်ရှိ ပျူမင်း ဖြစ်သည်။

Tuesday 24 May 2011

ဗမာ့(မြန်မာ့) စစ်ဝါဒအောက်မှလူမျိုးများနှင့် ဗုဒ္ဓသာသနာ (၁)

လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက အပြစ်တင် ဝေဖန်ရေးသားခြင်း မလုပ်အပ်ပေ။ ထိုထက် အတူတကွ နေထိုင်ကြသောအခါ တဦးကိုတဦး အပြစ်အနာရှာ၍ အားနဲချက်ကို ဝေဖန်ခြင်းမှာ သာ၍မလုပ်အပ်ပေ။ ဒေါသသင့်သော ဤစာကို အဘယ်ကြေင့် ရေးရသနည်း ဟူမူ ဗမာတို့က တိုင်းရင်းသား ညီအကိုတွေပါဟု သတ်မှတ်ခံရသော လူမျိုးတို့မှာ ဗမာနှင့် ပူးပေါင်းခြင်း အားဖြင့် အမြတ်မရ သည်သာမက အရင်းပါ ပြုတ်ရမည့် အခြေသို့ ဆိုက်သည့် လူမျိုးက ဆိုက်နေကြ လေပြီ။ လက်နက်ကိုင် လမ်းစဉ် ဖြင့်လည်း နယ်မြေကို ထိမ်းမထားနိုင် နိုင်ငံရေး အရလည်း စစ်မှန်သော စေ့စပ် ဆွေးနွေးရေးကို မလုပ်နိုင် ပတ်ဝန်းကျင် နိုင်ငံများက လည်း အာဏာရ လူတန်းစားနှင့် အလိုတူ အလိုပါ ကိုယ်ကျိုးရှာ စီးပွားရေး စစ်ရေး နိုင်ငံရေး ပေါ်လစီ များကို ချမှတ် ကျင့်သုံး လာကြသော အခါ အရေခွံထူ နိုင်ငံရေး သမား များမှအပ အမျိုးသား သစ္စာဖေါက် အောက်ကျု့ခံ နိုင်ငံရေး အုပ်စုမှာ ဗမာအာဏာရှင် တို့နှင့်ပေါင်းပြီး ကိုယ့်လူမျိုးကို ကိုယ် နှိပ်စက်ကလူ ပြုကြပြန်လေသည်။ ထိုထက်မက ကိုယ့် အမျိုးသား၏ ဘာသာရေး လူမှုရေး နိုင်ငံရေး ယဉ်ကျေးမှု အနုပညာ တို့ကို နည်းပေးလမ်းပြ ပြုကာ အကြံပေး ဖျက်ဆီး၍ အာဏာရှင် တို့အလိုကျ နည်းပေးလမ်းပြ ပြုလုပ်ကြ လေသည်။ ထို့ကြောင့် အမှန်တရားတို့ ကွယ်ပျောက်၍ ဗမာ အာဏာရှင်တို့၏ လိမ်ညာမှု အောက်တွင် နစ်မွန်း ရောထွေး ယှက်တင် ဖြစ်မည်ကို စိုး၍၄င်း ဗမာတို့၏ လိမ်ညာလွန်းသော ၀ါဒသည် တနေ့အမှန် ဖြစ်သွား မည်ကို စိုးရိမ်၍၄င်း ရှမ်းသည်ရှမ်း ရခိုင်သည်ရခိုင် ဗမာသည် ဗမာသာ ဖြစ်သင့်ပြီး သူ့ ယဉ်ကျေးမှုနှင့်သူ ရန်မဖြစ် ခိုက်မဖြစ် တဦးကိုတဦး စိတ်မနာ ကြရလေရန် အတတ်နိုင်ဆုံး အဖြစ်မှန်များကို ပြည်သူအများ သိစေလို၍ ရေးသားရခြင်းဖြစ်သည်။