Wednesday 15 June 2011

မြန်မာအစိုးရမှ KIA အား တိုက်ခိုက်ခြင်းပေါ် ပြည်ပရောက်ကချင်များ ဆန့်ကျင်


ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ကာကွယ်ရန်ထားရှိသော တပ်မတော်ကြီးသည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား လက်ရမ်းတိုက်ခိုက်နေမှုပေါ် ပြည်ပရောက် ကချင်အမျိုးသားများမှ လုံးဝ ကန့်ကွက်ဆန့်ကျင်ကြောင်း အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

“မြန်မာစစ်တပ်မှ လက်နက်အင်အား အားကိုးပြီး ကချင်ပြည်သူတစ်ရပ်လုံးအား ညှင်းပန်းနှိပ်စက်သည့် ယင်းစစ်ပွဲအား လုံးဝဆန့်ကျင်ပါသည်” ဟုဖော်ပြထားသည်။

စာထဲမှာ အချက် (၆)ချက်ပါရှိပြီး ပြည်ပရောက် အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ဂျပန်၊ နော်ဝေး၊ သြစတေးလျ၊ ဟော်လန်၊ အစရှိသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံများမှ ဆန္ဒခံယူ ရေးသားထားခြင်း ဖြစ်သည်။

ဇွန်လ (၉)ရက်နေ့မှ စတင်လာသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)နှင့် မြန်မာစစ်တပ် စစ်ပွဲအား KIAမှ ပြန်လည်ခုခံ တိုက်ခက်သည့်အပေါ် ကျေနပ်အားရမိကြောင်းနှင့် KIAမှ လိုအပ်ချက်တစ်ခုစီတိုင်း၏ လိုအပ်ချက်တိုင်းအပေါ် စဉ်ဆက်မပျက် ကူညီသွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ကချင်တစ်မျိုးသားလုံး၏ ‘ရန်သူ’ဟု သက်မှတ်ထားသည့် မြန်မာစစ်တပ်ကို တော်လှန်ဖို့ရန် တခြား ကချင်လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပြည်တွင်းနေထိုင်သည့် ကချင်များလည်း KIAနှင့်အတူ လက်တွဲသွားရန် တောင်းဆိုချက်များလည်း ဖော်ပြထားသည်။

တစ်ဆက်တည်းမှာပင် “တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ကာ ရှေ့တန်းတက်နေသည့် မျိုးချစ်ခေါင်းဆောင်အားလုံးအပေါ် ထာဝရဘုရားသခင်ကောင်းကြီးပေးပါစေရန်” မေတ္တာပို့ ဆုတောင်းပေးနေကြောင်း ပါရှိသည်။

No comments:

Post a Comment