တိုက်ပွဲကာလ တောသူတောင်သားများအား မြန်မာစစ်တပ် ပစ်ခတ်
ကချင် ဒေသခံ နှစ်သောင်းခန့် တရုပ်နယ်စပ်ဖက် စစ်ရှောင်
ကချင်ဒေသ ထိုးစစ်တွေရပ်ဖို့ အမေရိကန် ပြောကြား
ကချင်ဒေသ တိုက်ပွဲများ ရပ်ရန် အမေရိကန် တိုက်တွန်း
ကချင်ဒေသ တိုက်ပွဲများ ရပ်ဆိုင်းရန် တရုတ်နှင့် အမေရိကန် ပြော
Kachin is NOT Burmese (Myanmese). Kaya is NOT Burmese (Myanmese). Kayin is NOT Burmese (Myanmese). Chin is NOT Burmese (Myanmese). Mon is NOT Burmese (Myanmese). Myanmar is Burmese (Myanmese). Rakhine is NOT Burmese (Myanmese). Shan is NOT Burmese (Myanmese).
Friday, 17 June 2011
Thursday, 16 June 2011
စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် ဖြစ်ပေါ်လာရေး
ဗုဒ္ဓဟူး, 15 ဇွန် 2011
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ မြန်မာနိုင်ငံမှာ ethnic nationalism လို့ခေါ်တဲ့ တိုင်းရင်းသားအသီးသီးတို့ရဲ့  အမျိုးသားစိတ်ဓါတ်မှသည် တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ဘာတွေလုပ်သင့်သလဲ။ ဘယ်လောက်အလားအလာ ရှိပါသလဲဆိုတဲ့ အကြောင်းအရာများကို မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရှင်တန်ဒီစီ Georgetown University ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, 15 June 2011
မြန်မာအစိုးရမှ KIA အား တိုက်ခိုက်ခြင်းပေါ် ပြည်ပရောက်ကချင်များ ဆန့်ကျင်
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ကာကွယ်ရန်ထားရှိသော တပ်မတော်ကြီးသည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား လက်ရမ်းတိုက်ခိုက်နေမှုပေါ် ပြည်ပရောက် ကချင်အမျိုးသားများမှ လုံးဝ ကန့်ကွက်ဆန့်ကျင်ကြောင်း အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
Tuesday, 14 June 2011
ကြည်ညိုမဆုံး ရွှေတိဂုံနှင့် ပရပထုံ
မူရင်း link
ကြည်ညိုမဆုံး ရွှေတိဂုံနှင့် ပရပထုံ
June 30th, 2010
မင်းရဌ။ ။ရှေးဟောင်းကမ္ပည်းကျောက်စာများသည် ရာဇဝင်နှင့် ဘာသာစာပေ သမိုင်းစဉ်တို့၏ သက်သေသာဓကများ ဖြစ်သဖြင့် ကျောက်စာကို သင်ကြားခြင်းသည် ရှေးဟောင်း စာပေ ယဉ်ကျေးမှု သုသေသနပြုခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်ကြီးများတွင် လွန်ခဲ့သော နှစ်ပေါင်း (၁၅ဝ) ကျော်ခန့်မှ စပြီး ရှေးဟောင်းသုတေသနပညာဖြင့် ရှေးဟောင်း လူမျိုးစုတို့၏ စာပေယဉ်ကျေးမှု အကြောင်းများကို စူးစမ်းလေ့လာခဲ့ကြသည်။ ၄င်းပညာကို (Archaeology) ဟု ခေါ်သည်။

မမြင်ရတဲ့ ရှမ်းပြည်
ရှမ်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဗမာစစ်အစိုးရက နည်းမျိုးစုံသုံးပြီး ဖျောက်ဖျက်နေပုံကိုရှမ်းအမျိုးသမီး ကွန်ယက်က ၂၀၀၉ နိုဝင်ဘာမှာ စာမျက်နှာ (၃၀) ကျော် စာတမ်းတစ်စောင်ထုတ်ဝေလိုက်ပါတယ်။ Forbidden Glimpses of Shan State လို့မည်ပေးထားတဲ့အတွက် “မမြင်ရတဲ့ရှမ်းပြည်” လို့ပဲခေါ်ရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆို တော့ ရှမ်းယဉ်ကျေးမှုအမွေအနှစ်ကို ရှမ်းပြည်မှာမမြင်နိုင်တော့လို့ပါပဲ။ ဗမာလူမျိုးကြီးဝါဒကြီးစိုးပုံနဲ့ ရှမ်းယဉ်ကျေးမှု ဖိနှိပ်ခံရပုံကို ရှမ်းအမျိုးသမီးကွန်ယက်က မှတ်တမ်းတင်ထားပါတယ်။

လိုင်းခါ့ (လဲချား) ဟော်နန်း Photo: SWAN
Tuesday, 7 June 2011
ရခိုင်နိုင်ငံတော်မှ ဘုရား ရခိုင်နိုင်ငံတော်တွင် ရှိသင့်
မကြာသေးခင်က တူးဖော်ရရှိခဲ့သော ရခိုင် ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော်များအား မြန်မာအစိုးရသစ်က နေပြည်တော်သို့ သယ်ယူမည့် အစီအစဉ်ကို တားဆီးလိုက်နိုင်သည့်အတွက် ရခိုင်လူထုက ဝမ်းမြောက်ပီတိ ဖြစ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ရွှေဆင်းတုတော် တဆူနှင့်အတူ ဆင်းတုတော်ပေါင်း ၃၇ ဆူအား မေလ ၃၀ ရက်နေ့က တူးဖော်တွေ့ရှိခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ပြည်မှ အမရပူရသို့ သယ်ဆောင်သွားခဲ့ပြီး ယခုအခါ မန္တလေး ချမ်းမြသာစည်ရပ်တွင် စံနေတော်မူသော မဟာမုနိရုပ်ရှင်တော်
Saturday, 4 June 2011
ပြည်ထောင်စု အတုအယောင်နှင့် ပြည်တွင်းစစ်သစ်
May 9th, 2011
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာလမှ စတင်၍ မိမိတို့၏ အမျိုးသားအခွင့်အရေးအတွက် တိုင်းရင်းသားများမှာ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တိုက်ပွဲ၊ ပြည်တွင်းတိုက်ပွဲ နည်းလမ်းမျိုးစုံနှင့် တိုက်ပွဲဝင်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာလမှ စတင်၍ မိမိတို့၏ အမျိုးသားအခွင့်အရေးအတွက် တိုင်းရင်းသားများမှာ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တိုက်ပွဲ၊ ပြည်တွင်းတိုက်ပွဲ နည်းလမ်းမျိုးစုံနှင့် တိုက်ပွဲဝင်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏လမ်းစဉ်သည် မဟာဗမာလူမျိုးကြီးဝါဒ ဖော်ဆောင်ခြင်းသာဖြစ်
ယခုအပတ် မြန်မာအစိုးရ၏ မေရိကန်နှင့် တရုတ် အထက်တန်းအရာရှိများအား လက်ခံတွေ့ဆုံခြင်းသည် တိုင်းရင်းသား နိုင်ငံရေးရပိုင်ခွင့်အပြည့်ရှိသည့် ဒီမိုကရေအပြောင်းအလဲအတွက် မဟုတ်ဘဲ မူရင်း "မဟာဗမာလူမျိုးကြီး ၀ါဒ" အား ဖော်ဆောင်ခြင်းသာဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးသုံးသပ်သူများ ပြောသည်။
Subscribe to:
Posts (Atom)